ကိုလာဂျင်လိုးရှင်းနဲ့ သောက်ဆေး ဘယ်ဟာပိုထိရောက်လဲ

ကိုလာဂျင် စျေးကွက်က တစ်နှစ်ထက်တစ်နှစ် ပိုတိုးပွား လာပြီး ကိုလာဂျင်လိုးရှင်းတွေ၊ သောက်ဆေးတွေက အရောင်းရ ဆုံး လူသုံးကုန်တစ်မျိုး ဖြစ်ပါတယ်။

ကိုလာဂျင်ဆိုတာဘာလဲ
လူ့အရေပြားမှာ အလွှာ သုံးလွှာရှိပါတယ်။ အပီဒါးမစ်(Epi­ -d­ermis)၊ ဒါးမစ် (Dermis) နဲ့ ဟိုင်ပိုဒါးမစ် (Hypodermis) ပါ။ ဒုတိယအလွှာဖြစ်တဲ့ ဒါးမစ်အလွှာကို ကိုလာဂျင်ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီဒါးမစ်အလွှာမှာ သွေးကြောတွေ၊ နာ့ဗ် ကြောတွေနဲ့ အမွေးအမှင်ဂလင်းတွေပါဝင်ပါတယ်။ လူ့ခန္ဓာ ကိုယ်တွင်းမှာ တွေ့ရတဲ့ ပရိုတင်းတွေရဲ့ ၃၀ % က ကိုလာဂျင်ပရို တင်းတွေဖြစ်ပါတယ်။ ကိုလာဂျင်က အရေပြားရဲ့ ကျုံ့နိုင်ဆန့် နိုင်အားကို တိုးစေတဲ့အတွက် အရေးကြောင်းတွေ ဖြစ်ပေါ်တာကို တားနိုင်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ် တွင်း ကိုလာဂျင်ထုတ်လုပ်မှုကျလာတာကြောင့် အရေပြားမှာ အိုမင်းရင့်ရော်လာပါတယ်။

ကိုလာဂျင်ခရင်မ်၊ လိုးရှင်းများ
ကိုလာဂျင်ကို ခရင်မ်တွေ၊ လိုရှင်းတွေထဲမှာထည့်သွင်းထုတ် လုပ်လာကြပါတယ်။ ဒါပေမဲ့ ကိုလာဂျင်မော်လီကျူးတွေက အရေပြားထဲကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် ကိုလာဂျင်ပရို တင်းရဲ့ အာနိသင်ကို အပြည့်အဝမရနိုင်ပါဘူး။ ဒါကြောင့် ကိုလာ ဂျင်လိုးရှင်းတွေက အာနိသင်အပြည့်အဝ မပေးနိုင်ပါဘူး။

ကိုလာဂျင်သောက်ဆေး
ကိုလာဂျင်ပရိုတင်းကို သောက်ဆေးအမှုန့်၊ ဆေးတောင့်ပုံစံ တွေနဲ့လည်း ထုတ်လုပ်ကြပါတယ်။ ဒီကိုလာဂျင်သောက်ဆေး တွေရဲ့ အာနိသင်ကိုအပြည့်အဝရဖို့ဆိုရင် အစာစားပြီး ၂ – ၃ နာရီကြာမှ ကိုလာဂျင်သောက်ဆေးကိုသောက်ပါ၊ ဒါမှကိုလာဂျင် ပရိုတင်းတွေက အစာအိမ်ကတစ်ဆင့်အူတွေထဲကိုသွားတဲ့ လမ်း တစ်လျှောက်မှာ အစာခြေရည် အက်စစ်တွေရဲ့ ချေဖျက်တာကို မခံရမှာပါ။
နောက်တစ်နည်းက အိပ်ရာဝင်ခါနီး ကိုလာဂျင်သောက်ဆေး ကို ရေနဲ့သောက်ပါ၊ ဒါဆို ခန္ဓာကိုယ်က ကိုလာဂျင်ဆေးကိုစုပ်ယူ ဖို့အချိန်ရသွားပြီး အိပ်နေစဉ်မှာ အသားအရေပြုပြင်ထိန်းသိမ်းတဲ့ တာဝန်ကို ထမ်းဆောင်ပေးပါလိမ့်မယ်။
ကိုလာဂျင်ဆေးသောက်တဲ့အခါမှာ အစာနဲ့တွဲသောက်တာ၊ ဖျော်ရည်တွေနဲ့တွဲသောက်တာရှောင်ပါ၊ ဗိုက်ထဲမှာ အစာရှိနေရင် အစာခြေစနစ်က ကိုလာဂျင်ဆေးကိုပါ အစာတွေနဲ့အတူ ရောပြီး ချေဖျက်ပစ်လိုက်မှာမို့လို့ ဆေးရဲ့ အာနိသင်လျော့ကျသွားနိုင်လို့ ပါ။ ဗိုက်ထဲအစာမရှိချိန်မှာ သောက်နိုင်ရင်အကောင်းဆုံးပါ။
ကိုလာဂျင်သောက်ဆေးတွေကို နှစ်လကနေ လေးလအထိ ပုံမှန်သောက်သုံးပေးမှ သူ့ရဲ့အာနိသင်ကို အပြည့်အဝခံစားရရှိ နိုင်မှာဖြစ်ပါတယ်။

Darliko

Post Author: Good Health Journal