ကိုရိုနာဗိုင်းရပ်စ် သံသယရှိရင် ဘာလုပ်သင့်လဲ

♦ ကိုရိုနာဗိုင်းရပ်စ် သံသယရှိရင် ဘာတွေဆောင် ရွက်သင့်ပါသလဲ။
သံသယရှိရင် နီးစပ်ရာကျန်းမာရေး ဌာနကို သတင်းပေးပို့ပါ။ လက်ရှိမှာဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ် COVID-19 နဲ့ ပတ်သက်လို့ သံသယရှိလူနာ မတွေ့ သေးပါဘူး။ ဒါပေမဲ့ မရှိသေးတာက မရှိ တာလို့ပြောတာ မဟုတ်ပါဘူး။ ပြည်သူ လူထုထဲမှာ အစုလိုက်အပြုံလိုက် တစ် ပြိုင်နက်ဖြစ်လာနိုင်တယ်ဆိုပြီး ရှိပါ တယ်။ ဘာကြောင့်လဲဆိုရင် တောင်ကိုး ရီးယားနဲ့ အီရန်နိုင်ငံတွေက နမူနာ ဖြစ် ပါတယ်။ ကိုးရီးယားမှာ အစုလိုက်အပြုံ လိုက် ဖြစ်တယ်။ လူနာနံပါတ် ၃၁ က ဆေးစစ်ဖို့ ငြင်းဆန်တယ်။ ဘုရား ကျောင်းသွားတယ်၊ နေရာစုံသွားတယ်။ အဲဒီမီးပွားလေးကနေ မီးတောက်ကြီးဖြစ် လာပြီး ကိုးရီးယားလို ဖွံ့ဖြိုးတဲ့နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန် တဲ့နိုင်ငံမှာပင် ခက်ခက်ခဲခဲနဲ့ လုပ်ဆောင် နေရပါတယ်။ ကိုးရီးယားနိုင်ငံမှာ စောင့် ဆိုင်းနေရတဲ့ လူနာတွေ အများကြီးရှိနေ တယ်ဆိုပြီး သိရပါတယ်။ ကိုယ့်နိုင်ငံမှာ က ဒီလိုများ ဖြစ်လာခဲ့လို့ရှိရင် နိုင်ငံမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ အဲ ဒါကြောင့် ရောဂါမဖြစ်လာအောင် အား သွန်ခွန်စိုက်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ဒါကြောင့် လေဆိပ်၊ ရေဆိပ်တွေ ရဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ စနစ် တကျ ကြပ်မတ်ဆောင်ရွက်နေပါတယ်။ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနက ပူးပေါင်း ဆောင်ရွက်နေသလို ပြည်သူလူထု အ ခြေပြုလုပ်ငန်းတွေကိုလည်း ဆောင်ရွက် နေပါတယ်။ နိုင်ငံခြားသားတွေ အလုပ် လုပ်နေတဲ့ စက်ရုံတွေမှာလည်း ဖျားနာ တာ၊ ချောင်းဆိုးတာ စတဲ့ သံသယရှိတာ ကြားရင် သက်ဆိုင်ရာကျန်းမာရေးဦးစီး ဌာနကို သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။ ဒါမှသာ သက်ဆိုင်ရာမြို့နယ် ကျန်းမာ ရေးဦးစီးဌာနမှူးက လုပ်ဆောင်ချက်တွေ ကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်တဲ့တိုင်း ပြည်ကပြန်လာပြီး သူ့အနေနဲ့ ချောင်းဆိုး တာ၊ ဖျားတာဖြစ်ရင် ပြည်သူလူထုအနေ နဲ့ပူးပေါင်းပါဝင်ပြီး သတင်းပေးပို့ဖို့ လို အပ်ပါတယ်။

♦ လက်ရှိမှာ မြန်မာနိုင်ငံအပါအဝင် ရောဂါ မဖြစ်သေးတဲ့နိုင်ငံ ဘယ်လောက်ရှိသလဲ။
လက်ရှိမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ ၁၉၄ နိုင်ငံမှာ ၈၆ နိုင်ငံမှာသာ ရောဂါဖြစ်နေတာကြောင့် မြန်မာနိုင်ငံ နည်းတူ ရောဂါမဖြစ်သေးတဲ့နိုင်ငံ ၁၀၈ နိုင်ငံရှိနေပါတယ်။ ဝူဟန်နဲ့အနီးဆုံး ဟူ နန် ပြည်နယ်မှာ ရောဂါဖြစ်ပွားမှုများပြီး ကျန်ပြည်နယ်တွေမှာ အဖြစ်နည်းနေပါ တယ်။ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေ တဲ့ တိုင်းပြည် ၁၄ နိုင်ငံရှိပြီး မြန်မာနိုင်ငံ အပါအဝင် ရှစ်နိုင်ငံမှာ ရောဂါအတည်ပြု လူနာ မတွေ့ရသေးပါဘူး။ ဒါတွေအပြင် မြန်မာနိုင်ငံနဲ့ ကူးလူးဆက်ဆံမှု အများ ဆုံးနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီ-ကြယ်ခေါင် တည်ရှိတဲ့ တယ်ဟုန်ပြည်နယ်ခွဲမှာ ရော ဂါအတည်ပြုလူနာ ငါးဦးရှိပြီး လေးဦးက ဆေးရုံဆင်းပြီ ဖြစ်ပါတယ်။ သေဆုံးသူအ နေနဲ့ လုံးဝမရှိသေးပါ။

♦ Quarantine ကို ဘယ်လိုအခြေအနေ မှာ လုပ်သင့်ပါသလဲ။
လူနာနဲ့အနီးကပ် နေထိုင်တဲ့ မိသား စုဝင်တွေက ကူးစက်နိုင်ခြေရှိတာကြောင့် Quarantine လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။ တချို့တွေက           အဓိပ္ပာယ်မျိုးစုံ မှတ်ယူပြီး Quarantine လုပ်ရမှာကို စိုး ရိမ်ကြတယ်။ ဒီလိုလုပ်ဆောင်တာက ကာယကံရှင်တွေအတွက် အကျိုးရှိသလို မိသားစုနဲ့ ပြည်သူလူထုတွေအတွက်ပါ အကျိုးရှိပါတယ်။ Isolation နဲ့ Quarantine က မတူပါဘူး။ သံသယရှိ တဲ့သူကို သီးခြားထားပြီး ကုတာကို Isolation လို့ ခေါ်ပြီး ရောဂါဖြစ်သူနဲ့ အနီး ကပ်နေထိုင်ခဲ့ဖူးသူတွေ၊ အခုအချိန်မှာ လည်း မရှိပါဘူး၊ ရောဂါလက္ခဏာလည်း မပေါ်ဘူးဆိုပေမယ့် ၁၄ ရက်အတွင်း ရော ဂါလက္ခဏာက ပေါ်ပေါက်လာနိုင်တာ ကြောင့် သီးခြားထားပြီး ရောဂါလက္ခဏာ စောင့်ကြည့်တာကို Quarantine  လုပ် တာလို့ ခေါ်ပါတယ်။ Quarantine လုပ်တာက ကျန်းမာရေးဝန်ကြီးဌာနတစ် ခုတည်းရဲ့ တာဝန်မဟုတ်ပါဘူး။ Quarantine လုပ်တာက အစိုးရနဲ့လည်း ဆိုင် သလို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့လည်း သက်ဆိုင်ပါတယ်။ အခု လောလောဆယ် မှာ Quarantine ကို ဝေဘာဂီဆေးရုံမှာ ဆောင်ရွက်နေပေမယ့် မကြာခင်မှာ တောင်ဥက္ကလာအမျိုးသမီးနဲ့ ကလေး ဆေးရုံ၊ လှည်းကူးမှာရှိတဲ့ ကွင်းဆင်းသင် တန်းကျောင်း၊ ဖောင်ကြီးတွေမှာ လုပ် ဆောင်နိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ထောက်ပံ့မှုတွေ ဆောင်ရွက်နေပါတယ်။

♦ ဘယ်လိုလူတွေ Mask ကို မဖြစ်မနေ တပ်ဖို့ လိုပါသလဲ။
Mask တပ်တာနဲ့ပတ်သက်ပြီး WHO က တိတိကျကျ ပြောထားပြီး ဖြစ် ပါတယ်။ Mask တပ်သင့်တဲ့ အခြေအနေ သုံးမျိုးရှိပါတယ်။ မိမိကိုယ်တိုင် နှာစေး၊ ချောင်းဆိုး ဖြစ်တဲ့အချိန်တပ်ရပါမယ်၊ နှာ စေး၊ ချောင်းဆိုး၊ ဖျားနာနေသူကို ပြုစု နေတဲ့အချိန်မှာ မိသားစုဝင်တွေတပ်ရ မယ်၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူတွေ ကို ပြုစုစောင့်ရှောက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ တပ်ရမှာဖြစ်ပါတယ်။ ကျန်း မာရေးဝန်ထမ်းတွေအနေနဲ့ လူနာရှင်အ ပေါ်မူတည်ပြီး Mask ကို ရွေးချယ် တပ် ရမှာ ဖြစ်ပါတယ်။ အဲဒီသုံးချက်မှတစ်ပါး ကျန်တဲ့သူတွေမှာ သာမန်အခြေအနေ မှာ တပ်စရာမလိုပါဘူး။ ဒါကြောင့် နှာ ချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ် ကို လုံအောင်ပိတ်ဖို့ လိုပါတယ်။ တစ်ရှူး သုံးပြီးရင် အမှိုက်ပုံးထဲကို စနစ်တကျစွန့် ပစ်ဖို့ လိုအပ်တယ်။ Mask တပ်ပြီးတော့ လည်ပင်းတွေမှာ တပ်ထားတာတွေ၊ လက်နဲ့ကိုင်မိတာတွေမျိုးတွေ လုပ်ဆောင် ပြီး နောက်တစ်ခါပြန်တပ်တဲ့အခါ အပြင် ဘက်တပ်ရမယ့်ဟာကို အထဲဘက်က တပ်တာမျိုးလုပ်မိရင် ပိုပြီး ရောဂါကူးစက် နိုင်ပါတယ်။

♦ Mask တပ်တာ မကောင်းဘူးလား။
တပ်တာ ကောင်းပါတယ်။ တပ်သင့်၊ တပ်ထိုက်တဲ့အချိန်မှာ တပ်ဖို့အရေးကြီး ပါတယ်။ ဘာလို့လဲဆိုရင် တစ်ကမ္ဘာလုံး ဆိုင်ရာ အချို့အတဲ့ဖြစ်နေချိန်မှာ မလို အပ်ဘဲတပ်နေတော့ တကယ်လိုအပ်တဲ့ အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနတွေ၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေ၊ လူနာကိုပြုစု စောင့်ရှောက်ရတဲ့အခါမှာ Mask လုံလုံ လောက်လောက်ရှိဖို့က အရေးကြီးပါ တယ်။ဒါကြောင့် မလိုအပ်ဘဲတပ်နေကြ ပြီးတွေ Mask တွေ ဝယ်မရဘူး။ ဒီလို ဝယ်မရတာ နိုင်ငံတော် အစိုးရတာဝန်ဖြစ် တယ်။ ဘာကြောင့် ကြိုတင်ပြီး ဝယ်မထား တာလဲ၊ ပြည်သူတွေကို ဝေမထားတာလဲ ဆိုတာတွေက မဖြစ်သင့်ပါဘူး။ Mask တွေက နိုင်ငံတိုင်းမှာလည်း လိုအပ်ချက် တွေ ရှိနေတာဖြစ်တယ်။ WHO က လည်း ပြောထားပါတယ်။ အခုဆိုရင်Mask တွေက ဈေးခြောက်ဆလောက် တက်တယ်။ ဒါတွေအတွက် WHO အ နေနဲ့ ထုတ်လုပ်တဲ့နိုင်ငံတွေ၊ ကုမ္ပဏီတွေ နဲ့ပူးပေါင်းဆောင်ရွက်ပြီးတဲ့အခါ လိုအပ် တဲ့တိုင်းပြည်တွေကို ပေးပို့နေပြီး လိုအပ် သလောက်ကို ထောက်ပံ့ပေးနိုင်အောင် လုပ်ဆောင်နေပါတယ်လို့ ပြောထားပါ တယ်။

♦ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ဆေး ဖော် ထုတ်နိုင်ပါပြီလား။
ရောဂါကုသခြင်းအတွက် သီးခြားကု သနိုင်မယ့် ကုထုံးမရှိသေးပါဘူး။ တိကျ တဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ လူနာရှင်အပေါ်မူတည်ပြီး ကာကွယ်ကုသ နိုင်မှာ ဖြစ်ပါတယ်။ တိကျတဲ့ကုထုံးမရှိ သေးပေမယ့် WHO က ပြောထားချက်အရ ကုသတဲ့ကုထုံးတွေကို စမ်းသပ်ဖော်ထုတ် နေပါတယ်။ မကြာခင်အချိန်အတွင်း ဖြစ် လာပါမယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး တော့လည်း ကာကွယ်ဆေးအမျိုးအစား ၂၀ ကျော်ကို လက်ရှိဆောင်ရွက်နေပြီး မကြာခင်ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အ ချို့တွေက ဘယ်နိုင်ငံက ကာကွယ်ဆေး ရနေပြီဆိုပြီး ပြောနေတာရှိပါတယ်။ ကာ ကွယ်ဆေးဆိုတာ အလွယ်တကူနဲ့ မရ နိုင်ပါ။ သူ့မှာအဆင့်ဆင့်ရှိပါတယ်။ အဲ ဒါတွေကို စိတ်ချရပြီဆိုမှ လူသားတွေအ တွက် အသုံးပြုမှာ ဖြစ်ပါတယ်။

♥ ဒေါက်တာခင်ခင်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး၊ (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

Post Author: Good Health Journal