ကွန်ပျူတာရှေ့ တစ်နေကုန် အလုပ်လုပ်သူတို့ ဘာတွေ လိုက်နာဖို့လိုလဲ

ကွန်ပျူတာတစ်လုံးရှေ့မှာ တစ်နေ ကုန်ထိုင်ပြီး နေ့စဉ်နဲ့အမျှ အလုပ်လုပ်နေ ရသူတွေဟာ ခါးနာတာ၊ လည်ပင်းနာတာ၊ မျက်စိပြဿနာ စတာတွေ ခံစားရနိုင်ပါ တယ်။ အထူးသဖြင့် ရုံးဝန်ထမ်းတွေ၊ ကွန်ပျူတာနဲ့ စာရေး၊ စာရိုက် ပြုနေရ သူတွေအနေနဲ့ ဒီလိုပြဿနာတွေ မဖြစ် အောင် အောက်ပါအတိုင်း လိုက်နာနေ ထိုင်ပါလို့ အကြံပြုပါရစေ . . .

အနေအထားမှန်ကန်ပါစေ
ကွန်ပျူတာနဲ့ မျက်စိရဲ့အကွာအ ဝေးက အရမ်းပဲ အရေးကြီးပါတယ်။ ကွန် ပျူတာက မျက်စိရဲ့အောက်ဘက် နည်း နည်းနိမ့်နေတာကြောင့် နောက်ကျောနဲ့ လည်ပင်းနာကျင်တာ၊ အပေါ်ဘက်မြင့် နေတာကြောင့် မျက်စိခြောက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ စက်ခရင် ထားတဲ့နေရာနဲ့ အနေအထား မှန်ကန်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။

ရေသောက်ပါ
ရေသောက်တာက ကျန်းမာရေးအ တွက် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အပိုဆောင်းအနေနဲ့ ကိုယ်အ လေးချိန်ကျစေတယ်၊ အသားအရေလှပ စေတယ်၊ စွမ်းအင်ပြည့်ဝစေတယ်။ သင့် စားပွဲက ရေဘူးပြည့်အောင် အမြဲတမ်း ဖြည့်ထားပါ။ ဒါမှ ရေသောက်ဖြစ်သလို ဆီးလည်း သွားဖြစ်တာကြောင့် ကွန်ပျူ တာရှေ့ကခွာပြီး လမ်းလျှောက်ဖြစ်မှာပါ။

သတိပေးနှိုးစက်ထားပါ
တစ်နာရီပြည့်တိုင်း သတိပေးတဲ့ နှိုး စက်လေးကို သံပတ်ပေးထားလိုက်ပါ။ အလုပ်ထဲ စိတ်ရောက်နေရင် တစ်နာရီ ပြည့်သွားပေမယ့် အာရုံက အလုပ်ထဲမှာပဲ ရှိနေတတ်ပါတယ်။ နာရီသံပတ်ပေးထား မယ်ဆိုရင် တစ်နာရီပြည့်တိုင်း ကွန်ပျူ တာကနေ မျက်စိခဏခွာဖို့ သတိရနေမှာ ဖြစ်ပါတယ်။

ဓာတ်လှေကားနဲ့ မတက်ပါနဲ့
အလုပ်ကို လာတဲ့အခါ ဓာတ်လှေ ကား အသုံးပြုမယ့်အစား လှေကားကနေ သာ အတက်အဆင်းပြုလုပ်ပါ။ ရုံးက အ ထပ်အမြင့်မှာ ဖြစ်နေမယ်ဆိုရင်တော့ ရုံး ရှိတဲ့အထပ် မရောက်ခင် ၂-၃ ထပ် လောက်ကတည်းက ဆင်းပြီး ကျန်တာကို လှေကားကနေ လမ်းလျှောက်တက်ပါ။

ထိုင်ခုံနေရာမှာ လေ့ကျင့်ခန်းလုပ်ပါ
အလုပ်စားပွဲမှာ အလုပ်လုပ်ရင်း လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။ ရုံးမ ဆင်းခင် သုံးနာရီလောက်မှာ ထိုင်ခုံမှာပဲ ထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ် တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်း မွန်စေပါတယ်။ ထိုင်ခုံနေရာမှာ ပြုလုပ် နိုင်တဲ့ လေ့ကျင့်ခန်းတွေကို လေ့လာထား ဖို့ လိုပါတယ်။

စာလုံးပမာဏ ကြီးလိုက်ပါ
သင့်မျက်စိကို လှည့်စားတဲ့အနေနဲ့ ကွန်ပျူတာမှာ သင်ကြည့်နေကျစာလုံး ပ မာဏကို အလွန်ကြီးတဲ့အနေအထား ပြောင်းလိုက်ပါ။ စာလုံးပမာဏ သေးနေ တဲ့အခါမျိုးမှာ မျက်လုံးက အားစိုက်ပြီး ကြည့်နေရတာကြောင့် မောပန်းတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်စေပါတယ်။

၂၀-၂၀-၂၀ စည်းမျဉ်း
ကွန်ပျူတာကိုပဲ တစ်နေကုန် ကြည့် ပြီး အလုပ်လုပ်နေရတဲ့အခါ မျက်စိ ညောင်းတာ မဖြစ်အောင် ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာဖို့ လိုပါတယ်။ မိနစ် ၂၀ ကွန်ပျူတာ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ ငေးကြည့်လိုက် ပါ။ အလုပ်ကို နှောင့်နှေးမှာ စိတ်မပူပါနဲ့။ ဒီစည်းမျဉ်းကို လိုက်နာလိုက်တာကြောင့် အလုပ်မှာ ပိုမိုတွင်ကျယ်ပြီး ထိရောက်မှု ရှိနေတဲ့အပြင် မျက်စိအမြင်အာရုံနဲ့ ပတ် သက်တဲ့ပြဿနာတွေကိုလည်း နည်းသွား စေပါတယ်။

မျက်စိကို အနားပေးပါ
ကွန်ပျူတာကို နေ့စဉ်ကြည့်ပြီး အလုပ်လုပ်ရသူတွေဟာ မျက်စိကို တစ် နေကုန် အနားမပေးဘူးဆိုရင် မျက်စိ ညောင်းတာသာမက ကွန်ပျူတာကြောင့် ဖြစ်တဲ့ အမြင်ပြဿနာတွေကိုပါ ခံစားရ နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ ဝေး ရာကို ခဏလောက်တော့ လမ်းလျှောက် ထွက်လိုက်ဖို့ လိုပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *