ကင်ဆာရောဂါ ကုသမှုခံယူနေသူတို့ စားသင့်သောအစာ

အာဟာရချို့တဲ့တာကို ကင်ဆာဝေ ဒနာရှင်တွေမှာ တွေ့ရများပါတယ်။ ဓာတ်ရောင်ခြည်နဲ့ ကုသတာ၊ ကီမိုဆေး တွေနဲ့ ကုသနေတာကြောင့် အဖြစ်များ ပါတယ်။ အာဟာရချို့တဲ့တာကြောင့် ကိုယ်အလေးချိန်လည်း ကျဆင်းလာပါ တယ်။ ကိုယ်အလေးချိန် ကျဆင်းတဲ့အခါ ကုသအောင်မြင်ဖို့လည်း အချိန်ကြာ တတ်ပါတယ်။
ကင်ဆာရောဂါကုသနေသူတွေအ နေနဲ့ အာဟာရချို့တဲ့မှု မရှိအောင် ကျန်း မာရေးနဲ့ညီညွတ်တဲ့အစာကို စားသုံးဖို့ လိုပါတယ်။ ကီမိုဆေးတွေကြောင့် ဆဲလ် နဲ့ တစ်သျှူးတွေပျက်စီးမှုကို ပြန်လည်ပြု ပြင်ဖို့အတွက် အာဟာရဓာတ်ပြည့်စုံ လုံ လောက်နေဖို့လိုပါတယ်။ ဒါ့အပြင် ခန္ဓာ ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်ဖို့ အတွက်လည်း ဗီတာမင်နဲ့ သတ္တုဓာတ် တွေ ပြည့်ဝစွာစားသုံးဖို့လည်း လိုပါ တယ်။ ခုခံစွမ်းအားကောင်းမွန်ပြီး ပြင်ပ က ရောဂါပိုးမွှားတွေ မ၀င်ရောက်နိုင် အောင်လည်း အာဟာရပြည့်ဝနေဖို့ လိုပါတယ်။ ကင်ဆာရောဂါရှိသူတွေအ နေနဲ့ ရောဂါကုသနေစဉ်မှာ အောက်ပါ အစာတွေကို ပြည့်ဝစွာ စားသုံးသင့်ပါ တယ်။

ပရိုတင်းကြွယ်ဝတဲ့ အစာတွေ စားပါ
ကီမိုဆေးတွေနဲ့ ကုသမှုခံယူနေချိန် မှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစာတွေ ပြည့်ဝစွာ စားသုံးဖို့လိုပါတယ်။ ပရိုတင်း ရရှိအောင် စားသုံးတဲ့အခါ အနီရောင်အ သားတွေနဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့အ သားတွေက ကင်ဆာအားပေးတာကြောင့် မစားသုံးသင့်ပါ။ ကြက်ဥ၊ ကြက်သား၊ ငါး စတာတွေအပြင် အစေ့အဆန်တွေနဲ့ ပဲပိ စပ်တွေ စားသုံးနိုင်ပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ စားပါ
ကင်ဆာရောဂါကုသမှု ခံယူနေသူ တွေမှ မဟုတ်ပါဘူး ကောက်နှံတစ်ခုလုံး ပါဝင်စာက ကျန်းမာရေးနဲ့ ညီညွတ်လို့ စားသုံးဖို့ သင့်တော်ပါတယ်။ ကီမိုဆေး တွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း မှာ ဘေးထွက်ဆိုးကျိုး ခံစားနေရသူ တွေအ တွက် ကောက်နှံတစ်ခုလုံးပါဝင်စာ စားသုံး ဖို့ သင့်တော်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အထူးသဖြင့် ၀မ်း ချုပ်တာ၊ ၀မ်းသွားတာ ဖြစ်ပေါ်တတ် သူတွေပါ။ ကောက်နှံနဲ့လုပ်ထားတဲ့ ခ ရက်ကာ၊ ထောပတ်နဲ့လုပ်ထားတဲ့ မုန့် ၀ိုင်းနဲ့ ကြွပ်မွအောင်လုပ်ထားတဲ့ သရေ စာမုန့်တွေ စားသုံးတာ စွမ်းအင်ဓာတ်ကို ရရှိစေလို့ ကိုယ်အလေးချိန်ကျဆင်းပြီး အားနည်းတာတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ သုံးပါ
ကီမိုဆေးနဲ့ ကုသမှုခံယူနေတဲ့ ကင် ဆာလူနာတွေအနေနဲ့ မလိုအပ်ဘဲ ကိုယ် အလေးချိန် လျှော့ချဖို့မသင့်ပါ။ အ၀လွန် နေတာမျိုးမဟုတ်ရင် ကိုယ်အလေးချိန် ချဖို့ မလိုပါဘူး။ မပြည့်ဝဆီတွေကို စားသုံး နိုင်ပါတယ်။ အဆီများတဲ့ငါးတွေဖြစ်တဲ့ တူနာငါး၊ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ စတာတွေအပြင် အစေ့အဆန်တွေ၊ ထောပတ်သီး၊ သံလွင်ဆီတွေကို စားသုံး နိုင်ပါတယ်။ အဆီနည်းတဲ့ နို့ထွက်ပစ္စည်း တွေ စားသုံးတာကြောင့်လည်း ကယ်လိုရီ၊ ပရိုတင်းနဲ့ ကယ်လ်စီယမ်ဓာတ်တွေ ရရှိ နိုင်ပါတယ်။

ရေဓာတ် လုံလောက်ပါစေ
ကီမိုဆေးကုသမှုခံယူနေသူတွေမှာ အဓိက လိုအပ်တာက ရေဓာတ်ပြည့်ဝနေ ဖို့ပါ။ တစ်နေ့ကို ရေ ၈ -၁၂ ဖန်ခွက် အနည်းဆုံးသောက်ပါ။ ကင်ဆာဆေး တွေကြောင့် ပါးစပ်အနာဖြစ်ပါက ရေခဲ တုံးအသေးလေးတွေကို လျှာပေါ်တင်ပြီး ၀ါးမစားဘဲ အရေစုပ်ပါ။ လက်ဖက်ရည်နဲ့ ဘာမှမပြုပြင်ထားတဲ့ သဘာဝ သစ်သီး ဖျော်ရည်တွေကိုလည်း သောက်သုံးနိုင်ပါ တယ်။

သွေးဥမွှားထုတ်လုပ်မှုကောင်းစေတဲ့ အစာတွေ စားပါ
ကီမိုဆေးတွေနဲ့ ကုသမှုခံယူတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ သွေးဥမွှားတွေ ကျ ဆင်းတတ်ပါတယ်။ ဒါကို ပုံမှန်ပြန်ဖြစ် အောင် သွေးဥမွှား ထုတ်လုပ်မှုများစေတဲ့ အစာတွေကို စားသုံးသင့်ပါတယ်။ ဗီတာ မင် စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ သခွားမွှေး သီး၊ သင်္ဘောသီး၊ ဘယ်ရီသီး၊ ကီဝီသီး၊ မာလကာသီး စတာတွေကို စားသုံးသင့်ပါ တယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနယ်နဲ့ ရွှေ ဖရုံသီး၊ သကြားမုန်လာ စတာတွေကလည်း သွေးဥမွှားပမာဏ တိုးပွားစေနိုင်လို့ ကင် ဆာကုသနေချိန်မှာ စားသုံးသင့်ပါတယ်။

◘ ဇာခြည်ဝင်း  (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *