ကင်ဆာဖြစ်နိုင်ခြေမြင့်စေသော အစားအစာများ

၀၁၅ ခုနစ်မှာWorld Health Organization  က ၀က်ပေါင်ခြောက် (Ham) ၊ ၀က်သားခြောက် (Bacon) ၊ ၀က်အူချောင်း (Sausage)၊ အစာသွတ် ၀က်အူချောင်း (Salami) စတဲ့ ပြုပြင် ထားတဲ့ အသားတွေက ကင်ဆာဖြစ်စေ မှုနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြခဲ့ပါ တယ်။ တာရှည်ခံအောင် အသုံးပြုတဲ့ ဒြပ်ပေါင်းဆိုဒီယမ်က အသားတွေမှာ ပါတဲ့ အေမင်းဓာတ်နဲ့ ပေါင်းသွားပြီး Carcinogenic compounds လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း တွေ ဖြစ်ပေါ်စေပါတယ်။ အသားစား မယ်ဆိုရင် ကျပ်တင်ကင်တာ၊ ပြုတ် ကြော်လုပ်တာ၊ ပေါင်းပြီးစားတာတွေက အန္တရာယ်ပိုကင်းစေပါတယ်။
အနီရောင်အသားတွေဖြစ်တဲ့ အမဲ သား၊ ၀က်သား၊ သိုးသားတွေ စားသုံးတာ ဟာ အူမကြီးကင်ဆာ၊ ပန်ကရိယကင် ဆာဖြစ်စေမှုနဲ့ ဆက်စပ်နေပါသေး တယ်။ တစ်ပတ်ကို အနီရောင်အသား ၁၁ အောင်စ ထက် ပိုမစားဖို့ WHO က သတိပေးထားပါတယ်။ သတ်မှတ် ပမဏ လောက် စားပေးရုံနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင် ဘီနဲ့ သံ ဓာတ်တွေ ရရှိစေပါတယ်။ တူးအောင် ကင်စားတဲ့ အသားတွေမှာ HCAs နဲ့ PAHs ဓာတ်တွေ ပါဝင်နေတာ တွေ့ရပြီး သူတို့ကလည်း ကင်ဆာဖြစ်စေမှုနဲ့ ဆက် စပ်နေပါတယ်။
သေရည်အရက်၊ အသင့်ထုပ်ပိုး ထားတဲ့စားစရာ Processed food တွေ၊ ဆီသွပ်ဗူးနဲ့ထည့်ထားတဲ့ စားစရာတွေ ကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ Processed food တွေကို အလွန်အကျွံ မစားပါနဲ့၊ ဆီသွပ်ဗူးတွေ စားမယ့်အစား လတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။
နောက်တစ်ခုက ရေနွေးနဲ့ ဖျော်တဲ့ လက်ဖက်ရည်၊ ကော်ဖီ စတာတွေကို ပူ နေတုန်းမှာ မသောက်ချဖို့ သတိထားပါ။ အစာရေပြွန်က ဆဲလ်တွေကို အပူက သေစေနိုင်ပြီး ကင်ဆာဖြစ်စေတတ်လို့ ပါ။ WHO က သတ်မှတ်ထားတာက တော့ ၆၅ ဒီဂရီ ဆယ်လ်စီးရပ်(၁၄၉ ဒီ ဂရီဖာရင်ဟိုက်)ထက် ပိုပူတဲ့ အရည် တွေမသောက်ချဖို့သတိထားပါ။

◘ ထူးဒါလီကိုကို (Mpharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *