ကင်ဆာကို ကာကွယ်နိုင်သော အစားအစာများ

သိပ္ပံပညာရှင်တွေက အစားအစာကြောင့် ကင်ဆာဖြစ်နိုင်ခြေပေါ်မှာ လေ့လာမှုပြု လုပ်နေစဉ်မှာပဲ ဟင်းရွက်ကို အခြေခံတဲ့ အစားအစာစားသုံးတာများပြီး အနီရောင်အ သားနဲ့ အရန်သင့်အစားအစာတွေကို လျှော့စားတာက ကင်ဆာရောဂါကို ကာကွယ် နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်ကိုပဲ အဓိကစားသုံးတာကြောင့် သား မြတ်ကင်ဆာဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ လေ့လာမှုတစ်ခု အရသိရပါတယ်။ တခြားလေ့လာမှုအရလည်း ဃမကခင်နမသကျ အမျိုးအစား ဟင်းသီး ဟင်းရွက်တွေကို စားသုံးတာက အူမကြီးနဲ့ စအိုကင်ဆာဖြစ်နိုင်ခြေ လျော့နည်းသွား တယ်လို့ သိရပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အစားအစာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းဂေါ်ဖီ
Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ဗီတာမင် စီနဲ့ ဖောလိတ်များစွာ ပါဝင်ပါတယ်။Cruciferous ဆိုတာက ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်ပြီး ခါးသက်သက်အရသာရှိကာ ကျန်းမာရေးအကျိုးကျေးဇူးအများကြီးရှိတဲ့ ဟင်း သီးဟင်းရွက်အုပ်စုဝင်တွေဖြစ်ပါတယ်။
ပန်းဂေါ်ဖီမှာ စိတ်ခံစားမှု၊ မှတ်ဉာဏ်နဲ့ ကြွက်သားတွေကို ဦးနှောက်နဲ့အာရုံကြော စနစ်တွေက ထိန်းချုပ်နိုင်ဖို့အတွက် အသုံးပြုရတဲ့ ကိုလင်းအာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။

အစိမ်းရောင်ပန်းဂေါ်ဖီ
သူကလည်း Cruciferous ဟင်းသီးဟင်းရွက်အုပ်စုဝင်ပဲဖြစ်ပါတယ်။ ဆီးကျိတ် နဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို အမျိုးသမီးတွေမှာလည်း အူ မကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ သိရပါတယ်။ ခွက်တစ်ခွက်စာ အစိမ်းရောင်ပန်းဂေါ်ဖီမှာ ၃၀ ကယ်လိုရီသာ ပါဝင်ပြီး ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ဗီတာမင် စီ လည်း ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအရ ဘရိုကိုလီမှာ ပါဝင်တဲ့ နီကိုတင်နမိုက်နဲ့ မိုနိုနျူကိုတိုက်အင်ဇိုင်းတွေကြောင့် အရွယ်တင်နုပျိုနိုင်တယ်လို့ သိရပါတယ်။

ဘလူးဘယ်ရီ
သူ့ကို အရောင်တောက်တောက်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်းအင်သိုဆိုင်ရာနင် ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို ပြုမူနိုင်တဲ့အပြင် ဆဲလ်ပျက်စီးမှုမရှိအောင်လည်း ကာကွယ်နိုင်ပါတယ်။ ဘလူးဘယ်ရီသီးကို ပုံမှန်စားသုံးသူတွေက နှလုံးရောဂါဖြစ် နိုင်ခြေ လျော့နည်းတယ်လို့ လေ့လာမှုအရ သိရပါတယ်။ သူ့မှာပါဝင်တဲ့ ဒြပ်ပေါင်း တွေက သွေးကြောတွေ ပျော့ပျောင်းပြီး ကျန်းမာစေနိုင်တာကြောင့်လို့ ဆိုပါတယ်။
ဘလူးဘယ်ရီကို စားသုံးတာက သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော အဆင့်တွေလည်း ကျဆင်းသွားနိုင်ပါတယ်။

ဘလက်ခ်ဘယ်ရီ
ဘလက်ခ်ဘယ်ရီမှာလည်း အင်သိုဆိုင်ရာနင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်ပြီး ကင်ဆာဆဲလ်ကြီးထွားနှုန်းကို နှေးကွေးစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဆယ်လီဆလစ် အက်စစ်တွေက ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချနိုင်ပြီး အစာမျိုပြွန်လိုမျိုး တချို့ကင် ဆာတွေဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
ဘလက်ခ်ဘယ်ရီမှာ ပါဝင်တဲ့ များစွာသောအမျှင်ဓာတ်တွေကြောင့် အဆာပြေ အစာအဖြစ် စားသုံးတာက ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

ခရမ်းသီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပြီး ရောဂါကို ကာကွယ်နိုင်တဲ့ ကလိုရိုဂျင်းနစ်အက်စစ်လိုမျိုး အပင်ဒြပ်ပေါင်းတွေလည်း များစွာရှိပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းပါးပါတယ်။ တစ်ခွက်စာကို ၃၃ ကယ်လိုရီခန့်သာ ပါဝင်ပါတယ်။

ဂေါ်ဖီလုံး
Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်ဖြစ်တဲ့အတွက် ခန္ဓာကိုယ် တွင်း ဆဲလ်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သူ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အရေပြားနဲ့ အရိုးကျန်းမာရေးအတွက် အလွန်အသုံးဝင်ပါတယ်။

မုန်ညင်းထုပ် (Bok Choy)
သူ့မှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း အများအပြားပါဝင်တဲ့အပြင် သွေး ခဲဖို့အတွက် လိုအပ်တဲ့ ဗီတာမင် ကေ လည်း များစွာ ပါဝင်ပါတယ်။ သူက ရောင်ရမ်း မှုကိုလည်း လျှော့ချနိုင်တဲ့အတွက် နာတာရှည်နာကျင်တာကအစပြုပြီး ကင်ဆာရောဂါ အထိ အလွန်အသုံးဝင်ပါတယ်။
မုန်ညင်းထုပ်မှာ ဗီတာမင် အေ နဲ့ ဗီတာမင် စီ တွေ များစွာ ပါဝင်ပါတယ်။

စတော်ဘယ်ရီ
စတော်ဘယ်ရီမှာ ပါဝင်တဲ့ ကွာစီတင်ကြောင့် ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချနိုင် ပြီး ကင်ဆာကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ၂၀၁၇ ခုနှစ်က ပြုလုပ်တဲ့ လေ့ လာမှုအရ စတော်ဘယ်ရီမှာ ပါဝင်တဲ့ ဖီနောလစ်ကွန်ပေါင်းဟာ သားမြတ်ကင်ဆာ ရဲ့ ပျံ့နှံ့မှုကို တားဆီးနိုင်တယ်လို့ သိရပါတယ်။
စတော်ဘယ်ရီမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ ကပ်ငြိနေနိုင်တာမို့ မစား ခင်မှာ စင်ကြယ်အောင် ရေနဲ့ သေသေချာချာဆေးကြောပေးရပါမယ်။

ဝါဆာဘိ
မုန်ညင်းအုပ်စုဝင်ဖြစ်ပြီး ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ကင်ဆာ ဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဗီတာမင် ဘီ ၆ နဲ့ ဗီတာမင် စီ လည်း ပမာဏများစွာ ပါဝင်တဲ့အတွက် ရောဂါဘယကင်းပြီး ကျန်းမာရေးကောင်းမွန် စေနိုင်ပါတယ်။
သူ့မှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်ပါတယ်။

အစိမ်းရောင်ဟင်းရွက်များ
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗီတာမင် အေ ဟာ ဆဲလ်တွေ ပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖောလိတ်လို့ခေါ်တဲ့ ဗီတာမင်ဘီလည်း အများအပြားပါဝင်တဲ့အတွက် သန္ဓေသားကြီးထွားဖို့အပြင် ခန္ဓာကိုယ်အတွင်း သွေးနီ ဥထုတ်လုပ်မှုအတွက်လည်း ကူညီပေးနိုင်ပါတယ်။

နိုကိုဥ
နိုကိုဥမှာ ဂလူကိုဆီနိုလိတ်ဒြပ်ပေါင်းတွေ များစွာ ပါဝင်ပါတယ်။ ဂလူကိုဆီနို လိတ်ဟာ ခန္ဓာကိုယ်တွင်း ပြိုကွဲသွားပြီး ပဋိဇီဝဆေးဝါးလိုမျိုး အကျိုးကျေး ဇူးရှိတဲ့အပြင် တချို့ကင်ဆာဆဲလ်တွေ ကြီးထွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
နိုကိုဥတစ်ခွက်စာမှာ လိမေ်္မ်ာသီးတစ်လုံးစာထက် ဗီတာမင် စီ ပိုမိုပါဝင်ပါတယ်။

ရက်ရှ်ဘယ်ရီ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး သွေးတွင်းသကြားဓာတ်တည်ငြိမ် အောင် ကူညီပေးနိုင်ပါတယ်။ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ရက်ရှ်ဘယ်ရီဟာ ဆီးချိုရောဂါကအစပြုပြီး အယ်လ်ဇိုင်းမားရောဂါအထိ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ် လို့ သိရပါတယ်။
သူ့မှာပါဝင်တဲ့ များစွာသော ဗီတာမင် ကေ က အရိုးသိပ်သည်းဆတည်ဆောက် ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။

မုန်ညင်းဖြူ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး အူမကြီးနဲ့ အသည်းကင်ဆာရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖောလိတ်လည်း များစွာ ပါဝင်တာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

လက်ဖက်စိမ်း
လက်ဖက်စိမ်း (Green Tea) မှာ နှလုံးကျန်းမာရေးကောင်းမွန်စေတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်တဲ့အပြင် တချို့ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ ချနိုင်တဲ့ ပေါ်လီဖီနောဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။
၂၀၁၂ ခုနှစ်က လေ့လာမှုအရ လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်တဲ့ အမျိုး သမီးတွေက မသောက်သူတွေထက် မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေ ၃၂ရာခိုင်နှုန်း လျော့နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ကိုက်လန်
Cruciferous  အမျိုးအစား ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ အစိမ်းရင့်ရောင်ဖြစ် တဲ့အတွက် အာဟာရပိုမိုပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်စာမှာ သင်နေ့စဉ်လိုအပ် တဲ့ ကယ်လ်စီယမ်ရဲ့ ၁၀ ရာခိုင်နှုန်း၊ ဗီတာမင် အေ ၁၁၃ ရာခိုင်နှုန်း၊ ဗီတာမင် ကေ ၁၄၁ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။
ချက်ပြီးသား ကိုက်လန်တစ်ခွက်မှာပါဝင်တဲ့ သံဓာတ်ဟာ အမဲသား တစ်အောင်စ မှာ ပါဝင်တဲ့ သံဓာတ်နဲ့ ပမာဏတူညီပါတယ်။

ဆလတ်ရွက်
ဆလတ်ရွက်မှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ အများအပြားပါဝင် ပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်မှ နိုက်ထရစ် အောက်ဆိုက် ထုတ်လုပ်ဖို့အတွက် ကူညီပေးပါတယ်။ နိုက်ထရစ်အောက်ဆိုက်က သွေးလှည့်ပတ်မှုကောင်းမွန်ဖို့ လိုအပ်တဲ့ ဒြပ်ပေါင်းပါ။
ခွက်တစ်ခွက်စာ ဆလတ်ရွက်မှာ သင်နေ့စဉ်လိုအပ်တဲ့ ဗီတာမင် အေ ပမာဏ ထက် သုံးဆပါဝင်တဲ့အပြင် ဗီတာမင် ကေ လည်း များစွာပါဝင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

နက

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *