ကိုဗစ် ၁၉ နှင့်ပတ်သက်သည့် သတင်းများ

♦ ကိုဗစ်ကာကွယ်ဆေးကို အရေပြား ကပ်ခွာအဖြစ် အသုံးပြုမည်။
=====
အရေပြားကပ်ခွာအဖြစ် အသုံးပြုမည့် ကိုဗစ်ကာကွယ်ဆေးအသစ်ကို Oxford မှ သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်အတွက် ရေရှည်ကာကွယ်မှု ရရှိနိုင်မှာဖြစ်ပြီး နှစ်စဉ် Booster Dose ထိုးရမယ့်အနေအထား ပြီးဆုံး တော့မည်ဟု ယုံကြည်ကြပါတယ်။ အရေပြားကပ်ခွာကိုဗစ်ကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုးကို အဓိကတိုက်ထုတ်မယ့် T cell တွေကို လှုံ့ဆော်မှုပေးတာကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့မှ မရှိအောင် ကာကွယ်နိုင်ပါတယ်။ အခုအခါမှာ အဆင့် ၁ အနေ အထားကို ရောက်ရှိနေကာ ဆွစ်ဇာလန် နိုင်ငံမှ လူပေါင်း ၂၆ ယောက်ကို စမ်းသပ်ကာ ထိုးပြီးသွားပြီဖြစ်ပါတယ်။

အကယ်၍ အောင်မြင်ခဲ့ရင် ၂၀၂၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။ အရေပြားကပ်ခွာ ကိုဗစ်ကာ ကွယ်ဆေးက လက်မရဲ့ လက်သည်းခွံ အရွယ်သာရှိပြီး သူ့မှာပါဝင်တဲ့ အလွန် သေးငယ်တဲ့အပ်ပေါင်း ၅၀၀၀ မှတစ် ဆင့် အရေပြားကို ထိုးဖောက်ကာ ခန္ဓာ ကိုယ်ထဲ ဆေးဝင်ရောက်မှာဖြစ်ပါတယ်။

♦ ကိုဗစ်ရောဂါ ဖြစ်ဖူးသူများ နောက်တစ် ကြိမ်ထပ်မံကူးစက်ခံရရင် ဆေးရုံတက် ရောက်ရနိုင်ခြေက ပထမတစ်ကြိမ်ဖြစ်စဉ်ကထက် ၉၀ ရာခိုင်နှုန်း လျော့နည်း။
=====
ကိုဗစ် ၁၉ ကို ထပ်မံကူးစက်ခံရသူတွေက ပထမတစ်ကြိမ်ကူးစက်ခံရစဉ်ထက် ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေက အလွန်အမင်း လျော့နည်းနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။ သုတေသီတွေက ကိုဗစ် ကပ်ရောဂါဖြစ်ခါစ ၂၀၂၀ ပြည့်နှစ်မှ ယခု ၂၀၂၁ ခုနှစ် ဆောင်းတွင်းကာလထိ ကိုဗစ်လှိုင်းသုံးလှိုင်းကို လေ့လာ မှုပြုလုပ်ခဲ့ရာမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

♦ ဓာတ်မတည့်မှုရောဂါရှိသူများ ကိုဗစ် ၁၉ ကူးစက်နိုင်ခြေ ၄၀ ရာခိုင်နှုန်းအထိ လျော့နည်း
=====
နှင်းခူ၊ နှာစေး ဒါမှမဟုတ် Hay fever လိုမျိုး ဓာတ်မတည့်မှု ရောဂါရှိသူတွေက ကိုဗစ်ကူးစက်မှုလျော့နည်းနိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ လန်ဒန်တက္ကသိုလ်မှ သုတေသီ တွေက မေလ ၂၀၂၀ မှ ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်အတွင်း လူပေါင်း သောင်း ခြောက်ထောင်ကျော်ကို သုတေသနပြုလုပ်ခဲ့ရာ နှင်းခူရောဂါရှိသူနဲ့ Hay fever ရောဂါရှိသူတွေက ကိုဗစ်ကူစက်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းတယ်လို့ တွေ့ ရှိခဲ့ပါတယ်။ ရင်ကျပ်ပန်းနာရှိသူတွေက စတီးရွိုက်ရှူဆေးကို အသုံးပြုနေရင် တောင် ကိုဗစ် ကူးစက်နိုင်ခြေ ၄၀ ရာခိုင် နှုန်းလျော့နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။

♦ အိုမီခရွန်ကြောင့် နိုင်ငံတချို့တွင် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ စီစဉ်လျက်ရှိ။
======
ကလေးငယ်တွေက လူကြီးတွေထက် ကိုဗစ်ကို တွန်းလှန်ရာမှာ ပိုမိုကောင်းမွန်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ စီစဉ်ရာ မှာ ကလေးတွေကို ဦးစားမပေးတဲ့အဆင့်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအိုမီခရွန်မျိုးစိတ်က ကာကွယ်ဆေးမထိုးထားသူတွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များ တဲ့အတွက် ကလေးငယ်တွေကို ကာ ကွယ်ဆေးထိုးဖို့အစီအစဉ်ကို နိုင်ငံတ ချို့မှာ စတင်ပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အသက် ၅ နှစ်မှ ၁၈ နှစ်အရွယ်ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပြီး ဂရိ၊ အီတ လီ၊ စပိန်၊ ဆွီဒင်၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ အာဂျန်တီးနား၊ ကူးဘာ၊ ကိုလံဘီ ယာ၊ ရုရှား၊ နော်ဝေး၊ ဘာရိန်း၊ အစ္စရေး၊ ဆော်ဒီအာရေဗျနိုင်ငံတွေရဲ့ ကိုဗစ်ကာ ကွယ်ဆေးထိုးပေးမှုအစီအစဉ်တွေမှာ က လေးတွေပါဝင်တော့မှာဖြစ်ပါတယ်။ ဗြိ တိန်နိုင်ငံမှာ အသက် ၁၂ နှစ် အရွယ် က လေးတွေကို ကာကွယ်ဆေးတစ်ကြိမ်မှ နှစ်ကြိမ်ထိုးပေးတော့မယ်လို့သိရပါတယ်။

♦ Pfizerကာကွယ်ဆေးကို သုံးကြိမ်ထိုး ထားသူတွေက အိုမီခရွန်ကို ကာကွယ် နိုင်စွမ်း အလွန်မြင့်တက်
=====
Pfizer နဲ့ BioNTech ကာကွယ် ဆေးကို သုံးကြိမ်ထိုးပြီးပါက အိုမီခရွန်မျိုးစိတ်ကို ကာကွယ်နိုင်စွမ်း အလွန်မြင့်တက်နိုင်တယ်လို့ ထုတ်ဖော်လိုက်ပါ တယ်။ Booster Dose ထိုးလိုက်တာ ကြောင့် ပထမနှစ်ကြိမ် ထိုးထားတာနဲ့ နှိုင်းယှဉ်ရင် ကာကွယ်နိုင်စွမ်းက ၂၅ ဆ ပိုမိုမြင့်တက်နိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။

♦ Pfizer ကုမ္ပဏီရဲ့ CEO က စတုတ္ထ အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထင် ထားတာထက်စောပြီး လိုအပ်မယ်လို့ မျှော်မှန်းထား။
=====
အခု အသစ်ထွက်ပေါ်လာတဲ့ အိုမီ ခရွန်မျိုးစိတ်ကြောင့် စတုတ္ထအကြိမ် ကို ဗစ်ကာကွယ်ဆေးထိုးဖို့က မျှော်မှန်းထား တဲ့ ရက်ထက်စောပြီး ပိုမိုလိုအပ်လိမ့် မယ်လို့ Pfizer ကုမ္ပဏီရဲ့ CEO ဖြစ်သူ Albert က ထုတ်ဖော်လိုက်ပါတယ်။ အ ရင်က စတုတ္ထအကြိမ် ကာကွယ်ဆေးကို တတိယအကြိမ်ထိုးပြီး ၁၂ လအကြာမှ ထိုးရမယ်လို့ မျှော်မှန်းထားပေမယ့် အခု အခါမှာတော့ အိုမီခရွန်ဗိုင်းရပ်စ်ရဲ့မှန်း ဆရခက်ခဲတဲ့ အချက်အလက်တွေ ကြောင့် Wait and see အနေအထား ဖြစ်နေပြီး အလျင်အမြန်ထုတ်ဖို့ လိုအပ် လိမ့်မယ်လို့ CEO ဖြစ်သူက ဆိုပါတယ်။ ဒါ့ပြင် Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ကုသဆေးဝါးတွေကို FDA က အ ရေးပေါ်အသုံးပြုလိုက်ပြီဖြစ်ကာ ဒီဆေးတွေကြောင့် ကိုဗစ်ရောဂါ ကုသနိုင်ခြေက ၉၀ ရာခိုင်နှုန်းထိ ရှိတယ်လို့ ဆိုပါတယ်။

♦ ကိုဗစ်ကာကွယ်ဆေး မထိုးထားသူတွေက ကိုဗစ်ကူးစက်ခံရရင် ဆေးရုံတက်ရနိုင်ခြေ ၁၀ ဆပိုများပြားပါတယ်။

♦ ကာကွယ်ဆေးတတိယအကြိမ်ထိုးပြီးရင် အိုမီခရွန်ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာ မပေါ်ပေါက်အောင် ၇၅ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။

♦ အိုမီခရွန်ကြောင့် ကိုဗစ်ကူးစက်နှုန်းက Delta ကူးစက်နှုန်းထက် ၂ ဒသမ ၄ ဆ ပိုမြန်ဆန်ပါတယ်။

♦ အိုမီခရွန်မျိုးစိတ်က နိုင်ငံပေါင်း ၅၉ ခုကို ပျံ့နှံ့နေပြီဖြစ်ပြီး ဆေးရုံတက်သူပေါင်း လည်း မြင့်တက်လာတယ်လို့ WHO က ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

#ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal