ကိုဗစ်ကြောင့် ဦးနှောက်ဇဝေဇဝါဖြစ်နေပြီလား

ကိုဗစ်ကပ်ရောဂါအသွင်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်ကစပြီး ကျွန်မတို့ အများစုဟာ ဦးနှောက်ဇဝေဇဝါဖြစ်တဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ရပြီးဖြစ်ပါတယ်။ ဒါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရတာရဲ့ စောစောစီးစီးလက္ခဏာဖြစ်ပြီး ရောဂါပျောက်ပြီး ရက် လ အတော်ကြာတဲ့အထိ ကျန်ရှိနေတတ်ကြပါတယ်။

ဦးနှောက်ဇဝေဇဝါဖြစ်တာက ကျန်းမာရေးအခြေအနေတစ်မျိုးမဟုတ်ပါ ဘူး။ သူက မှတ်ဉာဏ်လျော့သွားတာ၊ အာရုံစူးစိုက်လို့ မရတာ၊ သတင်းအချက် အလက်တွေကို မစဉ်းစားနိုင်တာနဲ့ စိတ်ပြန့်လွင့်တာလိုမျိုး ရောဂါလက္ခဏာအုပ် စုဖြစ်ပါတယ်။ ကိုဗစ်အပြင် စိတ်ဖိစီး မှုများတာနဲ့ စိုးရိမ်စိတ်များတာကြောင့် ဦးနှောက်က ဇဝေဇဝါဖြစ်နိုင်ပြီး ဒီလို ကြောင့်ဖြစ်ရင်တော့ သိပ်မကြာခင်မှာပဲ ပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်။

သိုင်းရွိုက်ရောင်ရောဂါ၊ နာတာရှည် မောပန်းဝေဒနာ၊ စိတ်ကျရောဂါ၊ အော်တစ်ဇင်ရောဂါ၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တွေကြောင့် ဦးနှောက်ဇဝေဇဝါဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါပြီ။ အောက်ပါတို့ဟာ ဦးနှောက်ဇဝေဇဝါဖြစ်တာနဲ့ပတ်သက် လာရင် သိထားသင့်တဲ့အချက်တွေပါ။

အာရုံစူးစိုက်မှုခက်ခဲခြင်း
အာရုံစူးစိုက်လို့မရတာက ဦး နှောက်ဇဝေဇဝါဖြစ်တာရဲ့ လက္ခဏာတစ် ခုဖြစ်ပြီး ကိုဗစ်ရောဂါရှိခဲ့သူ ၃၀ ရာခိုင် နှုန်းမှာ တွေ့ရှိရတတ်ပါတယ်။ ဒီလိုလူတွေမှာ လွယ်ကူတဲ့လုပ်ငန်းတွေကို တောင် အာရုံမစိုက်နိုင်တာမျိုး ဖြစ်နေ တတ်ပါတယ်။ အမြဲတမ်းဦးနှောက်ရှုပ် ထွေးနေပြီး မမှားသင့်တဲ့အမှားတွေကို လည်း လုပ်မိတတ်ကြပါတယ်။

စဉ်းစားတွေးခေါ်မှုနှေးကွေးခြင်း
ကျန်းမာရေးအခြေအနေကြောင့် ဦး နှောက်တစ်သျှူးတွေ ပျက်စီးတာက ကိုဗစ်ရောဂါ ဒါမှမဟုတ် တခြားကျန်းမာရေး ပြဿနာကြောင့်ဖြစ်နိုင်ပြီး သူ့ကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ နှေးကွေး သွားပါတယ်။ ၁၀ မိနစ်နဲ့အပြီး လုပ်ဆောင်ရမယ့် အလုပ်တစ်ခုက မိနစ် ၃၀ ဒါမှမဟုတ် မိနစ် ၄၀ အထိ ကြာရှည် သွားတတ်ပါတယ်။

ပြောစရာစကားလုံး ရွေးရခက်ခြင်း
ဦးနှောက်က ဇဝေဇဝါဖြစ်နေတာ ကြောင့် စကားအပြောအဆိုနဲ့ စာအရေး အသားစွမ်းရည်တွေလည်း ထိခိုက်နိုင်ပါ တယ်။ ဦးနှောက်က ခြောက်နေတဲ့အ တွက် စာတစ်ကြောင်းရေးဖို့ သင့်တော် တဲ့ စကားလုံးကို ရွေးရခက်နေသလို စကားပြောရာမှာလည်း ပြောချင်တဲ့စကား လုံးကို ရှာမရ ဖြစ်နေတတ်ပါတယ်။ ဦး နှောက်ဇဝေဇဝါဖြစ်တာကြောင့် ရေတို မှတ်Óဏ်လည်း ဆုံးရှုံးနိုင်ပါတယ်။

တစ်ကြိမ်တည်း အလုပ်မျိုးစုံ (နှစ်မျိုး/ သုံးမျိုး) လုပ်ရန် ခက်ခဲခြင်း
အာရုံစူးစိုက်လို့မရတာနဲ့ တွေး ခေါ်မှုပိုင်းမှာ နှေးကွေးတာကြောင့် တစ် ကြိမ်တည်းမှာ အလုပ်နှစ်မျိုး/ သုံးမျိုး လုပ်နိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ လွယ်ကူတဲ့လုပ်ငန်းတစ်ခုလုပ်အပြီးမှာတောင် အတော်လေး စိတ်ပင်ပန်းနေနိုင်ပါတယ်။ သင်ရဲ့လုပ်ဆောင်ချက်နဲ့ စွမ်းရည် ကျဆင်းနေသလိုမျိုး ခံစားရနိုင်ပါ တယ်။

ဦးနှောက်က ဇဝေဇဝါဖြစ်နေတာကြောင့် သာမန်လွယ်ကူတဲ့လုပ်ငန်းကို တောင် ပြုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလို ဖြစ်နေတာက တချို့လူတွေမှာ ရေတို သာဖြစ်နိုင်ပေမယ့် တချို့မှာတော့ ရေရှည်ဖြစ်နေတတ်ပြီး ပုံမှန်ဘဝနေထိုင် မှုပုံစံ ပြန်လည်ရရှိဖို့ ဆေးဝါးမှီဝဲရတတ်ပါတယ်။ ဗီတာမင် ဒီ၊ အိုမီဂါ ၃၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်စီလိုမျိုး မာလ်တီဗီတာမင်စီတွေကို မှီဝဲပါ။

#ဒေါက်တာခင်မိုးမိုး
#GeneralHealth
#GoodHealthJournal_848

Post Author: Good Health Journal