ကိုဗစ်အန္တရာယ်မှ ကာကွယ်နိုင်ဖို့ သဘာ၀အတိုင်း ခုခံအားစနစ်ကို မြှင့်တင်ပါ

ကိုဗစ်တတိယလှိုင်းကို ကျော်ဖြတ် နိုင်ဖို့အတွက် ခုခံအားမြင့်တက်နေဖို့လည်း လိုအပ်ပါတယ်။ ခုခံအားမြင့်တက်ဖို့ အာဟာရပြည့်၀တဲ့အစားအစာတွေ၊ ဗီတာ မင်တွေ မှီဝဲရတဲ့အပြင် အောက်ပါတို့ကို လည်း ပြုလုပ်ရပါမယ်။
၁- အိပ်ရေးဝအောင် အိပ်ပါ
အိပ်ရေး၀တာက ခုခံအားစနစ်ကို များစွာအထောက်အကူပြုပါတယ်။ ကောင်းမွန်စွာအိပ်ပျော်တာက တီဆဲလ် တွေရဲ့လုပ်ငန်းဆောင်တာတွေကို တိုး တက်ကောင်းမွန်စေပါတယ်။ တီဆဲလ်ဆို တာက ခုခံအားစနစ်ကို ထိန်းချုပ်ပေးပြီး ကိုယ်တွင်းကို ကူးစက်နေတဲ့ပိုးတွေကို သုတ်သင်ပေးနိုင်ပါတယ်။
၂- အရက်မသောက်ပါနဲ့
အရက်ပြန်က ပိုးတွေကိုသေစေနိုင် တယ်ဆိုပေမယ့် အရက်ကတော့ ခုခံအား စနစ်ကို ကျဆင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ပိုးကို တိုက်ထုတ်နိုင်တဲ့စွမ်းအား ကိုလည်း လျော့ကျစေပါတယ်။
၃- ဆေးလိပ်ဖြတ်ပါ
ကိုဗစ်ရောဂါက အသက်ရှူလမ်း ကြောင်းကို အဓိကတိုက်ခိုက်တာဖြစ်ပြီး ဆေးလိပ်သောက်တာကြောင့် အဆုတ်ကို ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်က အဆုတ် ကို အန္တရာယ်ပေးနိုင်ပြီး ခုခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် အခုလို အချိန်မှာ ဆေးလိပ်မသောက်သင့်ပါဘူး။ ဆေးလိပ်ကို ဖြတ်ထားသင့်ပါတယ်။
၄- စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုများတာကြောင့် ခုခံအား စနစ်ကျဆင်းနိုင်ပါတယ်။ အားပြည့်တဲ့အ စားအစာတွေ ဘယ်လောက်စားစား၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဘယ် လောက်ပဲ မှီဝဲနေပါစေ အိပ်ရေး၀၀အိပ် ပြီး အရက်နဲ့ဆေးလိပ်ရှောင်ထားရင် တောင် စိတ်ဖိစီးမှုများတာကြောင့် ခန္ဓာကိုယ်က ပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ စွမ်းရည်ကျဆင်းနိုင်ပါတယ်။
စိတ်ဖိစီးမှုများတဲ့အခါမှာ ခန္ဓာကိုယ် က ကိုတီဇောဟော်မုန်းတွေအများကြီး ထွက်လာတာကြောင့် ခုခံအားစနစ်တွေ လျော့ကျနိုင်ပါတယ်။ အခုလိုအချိန်မှာ စီး ပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး ပြဿနာ တွေကို လူတိုင်းကြုံတွေ့နေကြရပါတယ်။ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာမ ဟုတ်ပါဘူး။ ဒီအတွက် စိတ်ဖိစီးမခံဘဲ စိတ်ဓာတ်မကျပါနဲ့။ စိတ်ဖြေလျှော့နိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပေးပါ။
၅- လှုပ်လှုပ်ရှားရှားနေပါ
လေ့လာမှုတွေအရ လေ့ကျင့်ခန်းပြု လုပ်သူတွေက လေ့ကျင့်ခန်းမလုပ်တဲ့သူ တွေထက် တီဆဲလ်ပမာဏပိုမိုထုတ်လုပ် နိုင်တယ်လို့ သိရပါတယ်။
ကိုဗစ်စည်းကမ်းကိုလိုက်နာပါ
ကိုဗစ်ကူးစက်မှုလျော့ကျအောင် တစ်ယောက်ချင်းဆီမှာ တာ၀န်ရှိကြပါ တယ်။ မိမိကစ ကာကွယ်မှ မိမိကိုရောဂါ မကူးနိုင်သလို မိမိကတစ်ဆင့် တခြားလူ တွေဆီကိုလည်း ကူးစက်ခြင်းမှကာကွယ် နိုင်ပါတယ်။ ကိုဗစ်ပိုးက နှာခေါင်းပေါက်နဲ့ ပါးစပ်ပေါက်ကနေတစ်ဆင့် ခန်္ဓာကိုယ် တွင်းကို ၀င်ရောက်နိုင်တာဖြစ်တာမို့ ဒီအ ပေါက်နှစ်ပေါက်ကို ပိုးမ၀င်နိုင်အောင် အဓိက ကာကွယ်ရမှာဖြစ်ပါတယ်။ ဒါတွေ ကတော့ အိမ်ပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ထားတာ၊ တစ်ယောက်နဲ့တစ် ယောက် ခြောက်ပေခွာ နေတာ၊ အလုံပိတ် ခန်း၊ အဲကွန်းခန်းနဲ့ လူ စုလူဝေးများတဲ့နေ ရာတွေကို ရှောင်ကြဉ် တာ၊ Mask မတပ်ခင် နဲ့ မဖြုတ်ခင်မှာ လက်ကို စက်္ကန့် ၂၀ လောက်ကြာအောင် ဆေးကြောတာ တွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
လူတွေ သတိမပြုမိတဲ့အချက်တစ် ချက်ကို ပြောပြချင်ပါတယ်။ အဲဒါကတော့ မိမိရဲ့လက်ကိုင်ဖုန်းကို တခြားလူကို စကားပေးပြောခြင်းဖြစ်ပါတယ်။ အကယ် ၍ မိမိမှာရောဂါပိုးရှိနေရင် ဒါမှမဟုတ် မိမိ ဖုန်းနဲ့စကားယူပြောသူမှာ ပိုးရှိနေရင် ဒီ ဖုန်းမျက်နှာပြင်ကတစ်ဆင့် ပိုးတွေအချင်း ချင်းကူးစက်နိုင်တာဖြစ်တာကြောင့် မိမိ လက်ကိုင်ဖုန်းကို ဘယ်လိုအကြောင်းရှိ နေပါစေ မိမိတစ်ဦးတည်းသာ အသုံးပြု ဖို့ အကြံပေးချင်ပါတယ်။
အားလုံးပဲ ကိုဗစ်တတိယလှိုင်းကို အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ကြပါစေ။
ဒေါက်တာ ခင်မိုးမိုး

Post Author: Good Health Journal