ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် အိုမီခရွန်နှင့်ပတ်သက်၍ ယနေ့အထိ သိထားသောအချက်များ

ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာ WHO က ကိုရိုနာမျိုးစိတ် B.1.1.529 ကို သတိထားရမယ့်မျိုးစိတ်လို့ ထုတ်ပြန် လိုက်ပြီး အိုမီခရွန်လို့ နာမည်ပေးလိုက်ပါ တယ်။ ဒီဗိုင်းရပ်စ်က တောင်အာဖရိက နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ဘော့စ်ဝါးနား၊ အီတလီ၊ ဟောင်ကောင်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဂျာမ နီ၊ ကနေဒါနဲ့ အစ္စရေးအပါအဝင် တိုက် ကြီးခြောက်တိုက်အတွင်းက လက်ရှိ နိုင်ငံပေါင်း ၂၆ ခုကျော်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အိုမီခရွန်ဆိုတာက အယ်လ်ဖာ၊ ဘီတာ၊ ဂါမာနဲ့ ဒယ်လ်တာအပြီးမှာ WHO က အလေးအနက် သတိထားနေ ရတဲ့ ကိုဗစ်-၁၉ ဖြစ်စေတဲ့ ကိုရိုနာဗိုင်း ရပ်စ် နောက်ဆုံးမျိုးစိတ်သစ်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ပရိုတင်းလက်တက် (Spike protein)က ဘယ်မျိုးစိတ်မှာမှ မပါဝင်ဖူးသေးတဲ့ ၃၂ ချောင်းတောင် ပါ ရှိတဲ့အတွက် တခြားမျိုးစိတ်တွေထက် ပို မိုကူးစက်မြန်တယ်လို့သိရပါတယ်။ Spike protein ဆိုတာက ဆဲလ်တစ်ခု အတွင်းဝင်ဖို့အတွက် အဓိကတံခါးပေါက် ဖြစ်ပြီး ဒီဝင်ပေါက်ကတစ်ဆင့် ဗိုင်းရပ်စ် တွေက ဆဲလ်ထဲ ဝင်ရောက်ကာ ဗိုင်းရပ်စ် တွေထုတ်လုပ်တဲ့စက်ရုံကြီးတစ်ခုလို သိမ်းပိုက်လိုက်ပါတယ်။

အိုမီခရွန်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေက –
အခုလက်ရှိအခြေအနေအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်တဲ့ရောဂါ လက္ခဏာတွေက ကျယ်ပြန့်ပြီး မှန်းဆရ ခက်ခဲပါတယ်။ အဖျားရှိတာကစပြီး မော ပန်းတာ၊ တစ်ချိန်လုံး ချောင်းဆိုးတာက နေ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့် တာ၊ မှတ်Óဏ်ပျက်စီးတာလိုမျိုး အပါ အဝင် ပြင်းထန်တဲ့အခြေအနေအထိ မျိုး စုံအောင် ပြတတ်ပါတယ်။

ယခုလက်ရှိ မျိုးစိတ်သစ်ကို စတင် တွေ့ရှိတဲ့ South African Medical Association မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက် တာအင်ဂျလိခ်ကော့စီကတော့ ဒီမျိုးစိတ် သစ်ကြောင့် ပြင်းထန်တဲ့ ကိုဗစ်ရောဂါ မရှိသလို ဆေးရုံတက်ရတာ၊ အောက်ဆီ ဂျင်အဆင့်ကျတာတွေလည်း မတွေ့ဘူး လို့ဆိုပါတယ်။ အိုမီခရွန်ကူးစက်ခံရသူ တွေက မောပန်းတာ၊ ကိုယ်လက်ကိုက်ခဲ တာနဲ့ လည်ချောင်းယားတာလိုမျိုး အပယိ ကဝေဒနာလောက်သာ လက္ခဏာပြ တတ်တယ်လို့ သိရပါတယ်။ နှာပိတ်တာ၊ နှာရည်ယိုတာနဲ့ အဖျားကြီးတာမျိုးတွေ မတွေ့တတ်သလို အများစုက ၂-၃ ရက် အကြာမှာ ပြန်လည်ပျောက်ကင်းသွား တယ်လို့ သိရပါတယ်။

ဒီမျိုးစိတ်သစ်က ကလေးငယ်အပါအဝင် ငယ်ရွယ်သူတွေမှာ အဖြစ်များ
အိုမီခရွန်မျိုးစိတ်သစ်ကို ကလေး ငယ်တွေအပါအဝင် အသက် ၃၀ အောက် လူငယ်တွေမှာ စတင်တွေ့ရှိတယ်လို့ တောင်အာဖရိကမှ ဆရာဝန်က ဆိုပါ တယ်။ လူနာအများစုက အပယိကဝေဒနာ လောက်သာဖြစ်ပြီး ဆိုးဆိုးရွားရွား မဖျား နာကြပါဘူး။ တချို့တလေလောက်သာ အဖျားကြီးတတ်ပေမယ့် သူ့အလိုလို ပြန် လည်ပျောက်ကင်းသွားပါတယ်။ အိုမီခ ရွန်မျိုးစိတ်သစ်ရဲ့ ပြင်းထန်မှုကို သေချာ နားလည်သိရှိနိုင်ဖို့အတွက် ရက်သတ္တ ပတ် အတော်ကြာလေ့လာမှုပြုလုပ်ဖို့ လို အပ်နေသေးတယ်လို့ ဆိုပါတယ်။

ပရိုတင်းလက်တက်များစွာရှိတဲ့အ တွက် ကာကွယ်ဆေးရဲ့ ထိရောက်မှု လျော့ကျနိုင်သလား
အိုမီခရွန်မျိုးစိတ်ကို အဓိကဂရုစိုက် ရမယ့်အချက်က သူ့မှာ ပရိုတင်းလက် တက် ၃၀ ကျော်ပါဝင်တာကြောင့်ပဲဖြစ် ပါတယ်။ ဒီပရိုတင်းလက်တက်ကြောင့် ဗိုင်းရပ်စ်တွေက ဆဲလ်ထဲကို အလွယ်တ ကူဝင်ရောက်နိုင်ပြီး ရောဂါပိုမိုပျံ့နှံ့တာ ကြောင့်ပါ။

ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးအများ စုက ဒီပရိုတင်းလက်တက်ကို အဓိက ထားပြီး တိုက်ဖျက်ကြတာဖြစ်ပါတယ်။ ပရိုတင်းလက်တက်ပြောင်းလဲလာတာက ဒီမျိုးစိတ်ကို သတိပြုမိဖို့နဲ့ ပိုးရဲ့ပြင်းအား လျှော့ဖို့ ပိုပြီးခက်ခဲနိုင်တဲ့အကြောင်းရင်း တစ်ချက်ဖြစ်တဲ့အတွက် ကာကွယ်ဆေး တွေရဲ့ ထိရောက်မှုက ၄၀ ရာခိုင်နှုန်းအ ထိ လျော့ကျနိုင်တယ်လို့ ထင်မြင်ကြပါ တယ်။ ဗိုင်းရပ်စ်ပိုးတွေက အချိန်ကြာလာ တာနဲ့အမျှ မျိုးစိတ်တွေ ပြောင်းလဲနေ တတ်တဲ့အတွက် သိပ္ပံပညာရှင်တွေက ကိုဗစ်ကာကွယ်ဆေးကို တုပ်ကွေးကာ ကွယ်ဆေးလိုမျိုးပဲ update လုပ်သင့် တယ်လို့ ယုံကြည်ကြပါတယ်။

မိုဒီးနားကာကွယ်ဆေးကို ထုတ်လုပ် တဲ့ကုမ္ပဏီရဲ့ CEO က အိုမီခရွန်မျိုးစိတ် အတွက် ကာကွယ်ဆေးသစ်ကို ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ အဆင်သင့်ဖြစ်တော့ မယ်လို့ ကြေညာထားပါတယ်။ မိုဒီးနားနဲ့ ဖိုက်ဇာလိုမျိုး mRNA ကာကွယ်ဆေးအ မျိုးအစားတွေက ပရိုတင်းလက်တက်ကို တိုက်ရိုက်တိုက်ခိုက်တာမို့ ဒီလက်တက် ပြောင်းလဲမှုတွေအတွက် ကာကွယ်ဆေး ပါ လိုက်ပြောင်းဖို့ လိုအပ်တာကြောင့်ပါ။

ဒါပေမဲ့ ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ Covishield နဲ့ Covaxin ကာကွယ်ဆေး တွေက ခန္ဓာကိုယ်စနစ်အတွင်းမှာရှိတဲ့ Antigen ပေါ်မှာ မူတည်ပြီး Antibody ထုတ်လုပ်တာမို့ ဗိုင်းရပ်စ် မျိုးစိတ်ကွဲ တွေအပေါ်မှာ ထိရောက်မှုရှိတယ်လို့ သိ ရပါတယ်။ အိန္ဒိယနိုင်ငံထုတ် Covishield နဲ့ ရုရှားနိုင်ငံထုတ် Sputnik V က Adenovial Vector ရဲ့ နည်းပညာကို အသုံးပြုထားတဲ့အတွက် ဗိုင်းရပ်စ်မျိုးစိတ်ကွဲအားလုံးပေါ်မှာ ခုခံတုံ့ပြန်ဖို့အ တွက် လှုံ့ဆော်မှုပေးနိုင်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးတာအပြင် Mask တပ်တာ၊ မကြာခဏ လက်ဆေးတာ၊ လူစုလူဝေးများတဲ့နေရာရှောင်ကြဉ်တာ၊ လေကောင်းလေသန့်မရနိုင်တဲ့ အလုံပိတ်ခန်းမထဲမနေဖို့နဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာတွေက ကာကွယ်ဖို့အတွက် အဓိကသော့ချက် ဖြစ်တာကြောင့် ဒါတွေကို မဖြစ်မနေ လိုက်နာရပါဦးမယ်။

အိုမီခရွန်နဲ့ပတ်သက်လာရင် သိပ္ပံပညာရှင်တွေ သိချင်တဲ့ မေးခွန်းသုံးခုရှိ ပါတယ်။ ဒါတွေကတော့ –
♦ ဒီမျိုးစိတ်အသစ်က ရောဂါပိုပြီးပြင်း ထန်နိုင်ပါသလား။
♦ မျိုးစိတ်သစ်ကြောင့် ဗိုင်းရပ်စ်က ပိုမိုပျံ့နှံ့နိုင်ပါသလား။
♦ အခုထွက်ရှိပြီးသား ကာကွယ်ဆေးတွေက ဒီမျိုးစိတ်ကို ကာကွယ်နိုင်ပါသလား။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ဒီမေး ခွန်းနဲ့ပတ်သက်တဲ့အဖြေကို တိတိကျကျ မသိရှိကြသေးပါဘူး။ ဖြစ်နိုင်တာတွေကတော့ –
♦ ဒီမျိုးစိတ်ကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါက မပြင်းထန်ပါဘူး။ ရောဂါကူး စက်ခံရပြီး ရက်သတ္တ ၁-၂ ပတ်ကြာမှ ရောဂါလက္ခဏာပြတတ်ကြပါတယ်။
♦ တောင်အာဖရိကမှာ အိုမီခရွန်ကြောင့် ကိုဗစ်-၁၉ ဖြစ်တာက ဒယ်လ်တာကြောင့် ဖြစ်တာထက် ပိုပြီးကူးစက်နှုန်းမြန်ဆန်ပေမယ့် ဆေးရုံတက်ရတဲ့နှုန်းက သိသိ သာသာပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ရောဂါပိုးနာမည်သတ်မှတ်တဲ့အချိန်က သိပ်မကြာသေးတာ ဒါမှမဟုတ် အိုမီခရွန်ကိုယ်တိုင်က မပြင်းထန်တာကြောင့် ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
♦ ကာကွယ်ဆေးတွေက အထိုက်အ လျောက်တော့ ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဗိုင်းရပ်စ်တွေ မျိုးစိတ်ကွဲသွားသ လို ကာကွယ်နိုင်စွမ်းက အချိန်ကြာလာ တာနဲ့အမျှ လျော့ကျသွားတဲ့အတွက် ကာကွယ်ဆေးရဲ့ အစွမ်းသက်ရောက်မှုကတော့ အနည်းငယ်လျော့ကျနိုင်ပါ တယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးထား တာကြောင့် ကိုဗစ်ကြောင့် ဆေးရုံတက် ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေက သိသိသာ သာ လျော့ကျနိုင်ပါတယ်။

ဂျာမန်က ကျန်းမာရေးကျွမ်းကျင် သူတွေက အခုမျိုးစိတ်သစ် အိုမီခရွန်ဟာ ရောဂါလက္ခဏာမပြင်းထန်တဲ့အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရောက်ရှိ လာတယ်လို့ ဆိုပါတယ်။ ကိုဗစ်ရောဂါ လုံးဝကင်းစင်ဖို့ မဖြစ်နိုင်သေးပေမယ့် ပြင်းထန်မှုက တဖြည်းဖြည်းလျော့ကျ လာနိုင်တယ်လို့တော့ သုံးသပ်ထားကြပါ တယ်။ အိုမီခရွန်မျိုးစိတ်ကြောင့် ကိုဗစ် – ၁၉ ရောဂါမပြင်းထန်ဘူးလို့ ဆိုပေမယ့် ရောဂါကာကွယ်ဖို့အတွက် ကာကွယ် ဆေးကို နှစ်ကြိမ်အပြည့်ထိုးတာ၊ လိုအပ် ရင် Booster Dose ထိုးတာတွေ ပြု လုပ်ထားပါမှ ရောဂါကို ကာကွယ်ဖို့အ တွက် စိတ်ချရနိုင်မှာဖြစ်ပါတယ်။

ကာကွယ်ဆေးကြောင့် ရောဂါကို အကောင်းဆုံးကာကွယ်နိုင်ဖို့အတွက် Antbodies တွေ ထွက်လာဖို့ လှုံ့ဆော်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ Antibody များများရှိလေလေ၊ ကာကွယ်နိုင်စွမ်း ပိုမိုကောင်းမွန်လေလေပါ။

 

♦ ဒေါက်တာခင်မိုးမိုး 

Good Health Journal

Post Author: Good Health Journal