ကာကွယ်ဆေးထိုးနှံပြီးသည့် ကိုယ်ဝန်ဆောင်မိခင်ထံမှ ကိုဗစ်နှိမ်နင်းသည့် ပဋိပစ္စည်းများ ကလေးဆီ လက်ဆင့်ကမ်းရောက်ရှိကြောင်းတွေ့ရှိ

Covid-19  ကာကွယ်ဆေးထိုးနှံ ပြီးစီးထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဗိုက်ထဲမှာရှိတဲ့၎င်းင်းတို့ရဲ့က လေးတွေဆီ ဗိုင်းရပ်စ်နှိမ်နင်းပေးနိုင်တဲ့ပဋိပစ္စည်းတွေ လက်ဆင့်ကမ်းပေးနိုင် တာကို လေ့လာတွေ့ရှိရတယ်လို့ သု တေသနလေ့လာမှုတစ်ခုက ဆိုပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ မိခင်တွေဆီ ကနေမှ မွေးဖွားလာတဲ့ ကလေး ၃၆ ဦးနဲ့ လေ့လာမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ New York University မှ သိပ္ပံပညာ ရှင်တွေကဆိုပါတယ်။ ကလေးတွေဆီမှာ ရှိထားတဲ့ Covid-19 ခုခံအားက ကူး စက်မှုကနေလား၊ မိခင်တွေထိုးထားတဲ့ ကာကွယ်ဆေးတွေဆီကနေလားဆိုတာ ကိုခွဲခြားသိရှိစေဖို့ ပထမဦးဆုံးလေ့လာမှု လည်းဖြစ်ပါတယ်။ ကလေးတွေရဲ့ချက် ကြိုးသွေးကနေ သွေးနမူနာရယူကာ ပဋိ ပစ္စည်းပမာဏကို တိုင်းတာစစ်ဆေး ခဲ့ကြတာဖြစ်ပြီး ဒီကလေးတွေထဲက ၃၁ ဦးမှာ မိခင်တွေဆီကနေတစ်ဆင့် Covid-19 ကာကွယ်နှိမ်နင်းနိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေ ရရှိထားပြီးနှင့်တာကို တွေ့ရှိခဲ့ကြတာလို့ လေ့လာမှုဦးဆောင်သူ အက်ရှလေရိုမန်ကဆိုပါတယ်။ အခုလေ့ လာမှုအရ ကာကွယ်ဆေးထိုးတာကြောင့် မွေးလာတဲ့ ကလေးတွေမှာအကျိုးရှိတဲ့အ တွက် ကိုယ်ဝန်ဆောင်တွေ ကာကွယ် ဆေးထိုးဖို့အကြံပြုလိုပြီး ကလေးတွေ ဆီမှာ မိခင်ဆီကနေလက်ဆင့်ကမ်းရရှိတဲ့ ခုခံအားက မွေးလာပြီးဘယ်လောက် ကြာတဲ့အထိ ခံသလဲဆိုတာကိုပါသိရှိနိုင် စေဖို့ လူဦးရေပိုများများနဲ့ ထပ်ပြီး လေ့ လာသွားမယ်လို့ အက်ရှလေက ဆိုပါ တယ်။

(DS, 23.9.2021) TL

Post Author: Good Health Journal