ကမ္ဘာ့နိုင်ငံအသီးသီးမှ လှပကြော့ရှင်းသူများ၏ လျှို့ဝှက်ချက်များ

နိုင်ငံအလိုက် လက်ခံကျင့်သုံးကြတဲ့ ကိုယ်အလေးချိန်ကျဆင်းစေတဲ့ လျှို့ဝှက် ချက်တွေရှိကြပါတယ်။ နည်းလမ်းတွေက မခက်ခဲပါဘူး။ သိရှိပြီး သင်နဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ်လိုက်နာလိုက်ရုံပါပဲ။

ထိုင်းနိုင်ငံ
အစပ်စာ စားသုံးတယ်

ထိုင်းအစားအစာတွေက တခြားအ စားအစာတွေထက် အစပ်လွန်ကဲပါ တယ်။ ငရုတ်သီးအစပ် စားသုံးတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ အစားအစာတွေကို အမြန်စားသုံးသူတွေ ဟာ ဗိုက်ပြည့်တယ်ဆိုတဲ့ အချက်ပြချက် ကို ခန္ဓာကိုယ်က မသိရှိခင်မှာပဲ အစာ စားတာ အရှိန်လွန်သွားတတ်ကြပါတယ်။ ဖြည်းဖြည်းချင်း စားသူတွေက ဗိုက်ပြည့် တာကို သိတာကြောင့် ပိုမစားမိတာမျိုး မဖြစ်နိုင်ပါဘူး။ စပ်တဲ့အစားအစာတွေ စားသုံးတာက အမြန်မစားမိစေဘဲ နား နားပြီး စားသုံးဖြစ်တာကြောင့် အစာအ များကြီးစားမိတာမျိုးကနေ ရှောင်နိုင်ပါ တယ်။

ပိုလန်နိုင်ငံ
အိမ်မှာပဲ ချက်ပြုတ်စားသောက် တယ်

ပိုလန်နိုင်ငံသားတွေက သူတို့တစ် နှစ်ဝင်ငွေရဲ့ ငါးရာခိုင်နှုန်းကိုသာ အပြင် ထွက်ပြီး စားသောက်တတ်ကြပါတယ်။ ကနေဒါနိုင်ငံသားတွေကတော့ တစ်နှစ် ၀င်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို အိမ်အပြင် ထွက်ပြီး အမြန်စား အစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ တွေကို စားသုံးတတ်ကြပါတယ်။ အိမ်မှာ ပဲ ချက်ပြုတ်စားသောက်တာက ကျန်းမာ ရေးနဲ့ ညီညွတ်စေတဲ့အပြင် ၀င်ငွေကို လည်း စုဆောင်းမိစေပါတယ်။

ဘရာဇီးနိုင်ငံ
ပဲထမင်းစားတယ်

ဘရာဇီးနိုင်ငံသားတွေ ပိန်သွယ်ရ တဲ့အကြောင်းကတော့ သူတို့တွေဟာ ပဲ ထမင်းစားလေ့ရှိကြပါတယ်။ ပဲထမင်း စားတာက အမျှင်ဓာတ်များစွာရရှိပြီး အဆီပါဝင်မှုနည်းတာကြောင့် ကိုယ်အ လေးချိန်ထိန်းသိမ်းပေးနိုင်တယ်လို့ အ၀ လွန်ခြင်းဆိုင်ရာ သုတေသနဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပဲထမင်းစား တာက သွေးတွင်းသကြားဓာတ်ကို တည် ငြိမ်အောင် ထိန်းထားတာကြောင့် ဆာ လောင်မှုကိုတားဆီးနိုင်လို့ မကြာခဏ အစာ တစွတ်စွတ်စားတဲ့အကျင့် ပျောက် စေပါတယ်။

နယ်သာလန်နိုင်ငံ
စက်ဘီးစီးခြင်း

နယ်သာလန်နိုင်ငံသားတွေရဲ့ တစ် ၀က်လောက်က အလုပ်သွားတဲ့အခါ စက်ဘီးစီးသွားလေ့ရှိပါတယ်။ ကနေဒါ နိုင်ငံသားတွေကတော့ ၁ ဒသမ၂ ရာခိုင် နှုန်းသာ စက်ဘီးစီးပြီး အလုပ်သွားလေ့ ရှိ ကြပြီး ဒတ်ခ်ျတွေရဲ့ ၄၀ ရာခိုင်နှုန်းက ဟိုနားဒီနားသွားလာရာမှာ စက်ဘီးစီး သွားလေ့ရှိကြပါတယ်။ ကနေဒါနိုင်ငံသား အများစုက ရာသီဥတုသာယာတဲ့နေ့တွေ မှာ စက်ဘီးစီးပြီး ကိုယ်အလေးချိန်ထိန်း သိမ်းတတ်ကြပါတယ်။ စက်ဘီး တစ်နာရီ ကြာ စီးတာက ကယ်လိုရီ ၅၀၀ လောင် ကျွမ်းစေပြီး တောင်တက်တာက တစ် နာရီကို ကယ်လိုရီ ၁၀၀၀ လောင်ကျွမ်းစေ ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ
ဆန်ပြုတ်သောက်ခြင်း

ဆွစ်ဇာလန်နိုင်ငံသားတွေက အုတ် ဂျုံ၊ အစေ့အဆန်နဲ့ သစ်သီးတွေ ထည့်ပြီး ဆန်ပြုတ်ပြုတ်စားတတ်ကြပါတယ်။ လွန် ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ဆွစ်ဇာ လန်နိုင်ငံ ဆေးရုံတွေက လူနာတွေကို အာဟာရအဖြစ် ကျွေးမွေးခဲ့ပြီး ယခုအ ချိန်မှာတော့ နိုင်ငံသားအများစုက မနက် စာအာဟာရအဖြစ်စားသုံးနေကြပါတယ်။ ဆန်ပြုတ်ထဲမှာပါဝင်တဲ့ ရေပျော်အမျှင် ဓာတ်တွေက မကောင်းတဲ့ ကိုလက်စထ ရောပမာဏကို လျော့နည်းစေပြီး ဆာ လောင်မှုကိုလည်းလျော့နည်းစေပါတယ်။

အင်္ဂလန်နိုင်ငံ
အစာကို နည်းနည်းချင်းစားခြင်း

အင်္ဂလန်နိုင်ငံသားတွေက အိမ်မှာပဲ စားစား၊ အိမ်အပြင်ထွက်ပြီးပဲ စားစား အစာကိုပမာဏနည်းနည်းသာ စားသုံးပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းလေ့ရှိကြ ပါတယ်။

ဂျာမနီနိုင်ငံ
မနက်စာ စားခြင်း

ဂျာမနီနိုင်ငံသားတွေရဲ့ ၇၅ ရာခိုင် နှုန်းက မနက်စာကို နေ့စဉ် မလွတ်တမ်း စားသောက်တတ်ကြပါတယ်။ သူတို့စား သုံးတဲ့ မနက်စာမှာ ကျန်းမာရေးနဲ့ ညီ ညွတ်စေတဲ့ ကောက်နှံကွေကာ၊ ပေါင်မုန့် နဲ့ လတ်လတ်ဆတ်ဆတ်ရရှိတဲ့ သစ်သီး တွေကို စားသုံးတတ်ကြပါတယ်။ တစ် ကမ္ဘာလုံးမှာရှိတဲ့ အာဟာရပညာရှင်တွေ က မနက်စာကို စားသုံးတာကြောင့် တစ် နေ့တာလုံး စွမ်းအင်ပြည့်ဝနေစေပြီး ဆာ လောင်မှုကို ချုပ်ထိန်းနိုင်လို့ တစ်နေကုန် ကယ်လိုရီအပိုတွေ မစားမိအောင် ကာ ကွယ်နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါ တယ်။

ပြင်သစ်နိုင်ငံ
အစာကို ဖြည်းဖြည်းမှန်မှန် စား ခြင်း

ပြင်သစ်နိုင်ငံသားတွေက အစာစား တဲ့အခါ မိသားစုနဲ့ အတူတကွ ထမင်း လက်ဆုံ စားတတ်ကြပါတယ်။ ပြင်သစ် နိုင်ငံသားတွေရဲ့ ၉၂ ရာခိုင်နှုန်းက ညစာ ကို မိသားစုနဲ့စကားစမြည်ပြောပြီး ထမင်း စားတာဖြစ်လို့ ဖြည်းဖြည်းမှန်မှန်သာ စားကြပါတယ်။ သူတို့တွေ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်မှာ ၃၃ မိနစ် ကနေ ၄၃ မိနစ် လောက်ကြာတဲ့အထိအချိန်ပေးပြီး ညစာ စားလေ့ရှိကြပါတယ်။ အစာစားတဲ့အခါ မိနစ် ၂၀ ကြာ အချိန်ပေးစားပါက ဦး နှောက်က ဗိုက်ပြည့်တာကို အမှန်တ ကယ် သိရှိချိန်မှာပဲ အစာစားတာကို ရပ် တန့်မိစေပါတယ်။

အိန္ဒိယနိုင်ငံ
ယောဂကျင့်ခြင်း

အိန္ဒိယနိုင်ငံသားတွေ ပိန်သွယ်ရတဲ့ အကြောင်းက ယောဂလေ့ကျင့်တာကို ပုံ မှန်ပြုလုပ်တဲ့အကျင့်ရှိကြပါတယ်။ ကနေ ဒါနိုင်ငံသားတွေက ယောဂကျင့်တာက စိတ်ဖိစီးမှုလျော့နည်းတာ၊ စွမ်းအင်ပြည့်ဝ စေတာ စတာတွေအတွက် ပြုလုပ်လေ့ရှိ ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ ထိ ရောက်မှုကိုတော့မသိရှိကြပါဘူး။ လတ် တလောလေ့လာမှုအသစ်အရ ယောဂ ကျင့်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ပိုမိုထိရောက်တာကို တွေ့ရပါတယ်။ ယောဂကျင့်တာက ကြွက်သားတွေကို သန်မာစေပြီး အဆီပိုတွေကိုလောင် ကျွမ်းသွားစေပါတယ်။

ရုရှားနိုင်ငံ
ဥယျာဉ်ခြံ စိုက်ပျိုးစားသောက် ခြင်း

ရုရှားနိုင်ငံသားတွေက ကျေးလက် ဒေသတွေမှာ ရိုးရာအိမ်တွေနဲ့ အနေများ ကြပြီး မြို့ပေါ်မှာနေထိုင်ကြတဲ့ ၅၁ ရာ ခိုင်နှုန်းခန့်ကလည်း အားလက်ရက်တွေ မှာ အပန်းဖြေခရီးထွက်တာ၊ ဥယျာဉ်ခြံ စိုက်ပျိုးတာတွေကို ပြုလုပ်တတ်ကြပါ တယ်။ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို စား သုံးတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဓာတ်ပြည့်ဝစွာရရှိစေပါတယ်။

ဟန်ဂေရီနိုင်ငံ
အသီးအရွက်သုပ်စားခြင်း

ဟန်ဂေရီနိုင်ငံသားတွေက သခွား သီး၊ ငရုတ်ပွသီး၊ ဂေါ်ဖီထုပ်နဲ့ ခရမ်းချဉ် သီးတွေကိုရောပြီး ရှလကာရည်ထည့် ကာ သုပ်စားတတ်ကြပါတယ်။ အသီး အရွက်သုပ်စားတာက ဟန်ဂေရီနိုင်ငံ သားတွေကို သွယ်လျလှပစေတဲ့ လျှို့ ၀ှက်ချက်တစ်ခုပါ။ ရှလကာရည်က သွေးဖိအားလျော့နည်းစေတာ၊ သွေး တွင်းသကြားဓာတ်လျော့နည်းစေတာနဲ့ အဆီဖြစ်ပေါ်မှုကို လျော့နည်းစေတာ စတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။

မက္ကဆီကိုနိုင်ငံ
နေ့လယ်စာများများစားခြင်း

နေ့လယ်ဘက်မှာ အစာစားတာက ညဘက်အစာစားတာထက် ချေဖျက်မှု ပိုမိုကောင်းမွန်ပါတယ်။ မက္ကဆီကိုနိုင်ငံ သားတွေက နေ့လယ်စာကို များများစား ပြီး ညစာကို သင့်တင့်ရုံသာ စားသောက် တတ်ကြပါတယ်။ မနက်အိပ်ရာထ ဆာ တဲ့အခါ မနက်စာကို ပြည့်ပြည့်၀၀စား သုံးတတ်ကြပါတယ်။ ဒီလိုစားသောက်မှု ပုံစံနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်း တတ်ကြပါတယ်။

မလေးရှားနိုင်ငံ
နနွင်းထည့်ပြီး ချက်ပြုတ်ခြင်း

မလေးရှားနိုင်ငံသားတွေက ဟင်း လျာတွေ ချက်ပြုတ်ရာမှာ နနွင်း ထည့် သွင်းချက် ပြုတ်တတ်ကြပါတယ်။ နနွင်း က အဆီတွေကို ချေဖျက်ပေးတာကြောင့် ကိုယ်အလေးချိန်လျော့နည်းစေဖို့ ကူညီ ရာရောက်တယ်လို့ လတ်တလောလေ့ လာမှုတစ်ခုမှ တွေ့ရပါတယ်။ လေ့လာသူ တွေက နနွင်းဟာ အဆီတစ်သျှူးတွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးပြီး ခန္ဓာကိုယ် တွင်းအဆီတွေကို လျော့နည်းစေတာဖြစ် တယ်လို့ တွေ့ရှိခဲ့ပါတယ်။

နော်ဝေးနိုင်ငံ
ဟိုဟိုဒီဒီ သွားလာလည်ပတ်ခြင်း

နော်ဝေးနိုင်ငံသားတွေက အားလပ် ရက်နဲ့ ရုံးပိတ်ရက်တွေမှာ မိဘဆွေမျိုး တွေရှိရာကို သွားရောက်လည်ပတ်တာ၊ မိသားစုနဲ့ အပန်းဖြေ ခရီးထွက်တာ၊ ထူး ခြားတဲ့နေရာတွေကို သွားရောက်လေ့ လာတာ စတဲ့ အလေ့အထတွေရှိတတ် ကြပါတယ်။ အမြဲတမ်းသွားလာလှုပ်ရှား နေတတ်တဲ့ သူတို့ရဲ့ အလေအထက ခန္ဓာကိုယ်ကျစ်လျစ်လှပစေတဲ့ လျှို့ဝှက် ချက်တစ်ခုပါ။

ဂျပန်နိုင်ငံ
နေခင်း တစ်ရေးအိပ်ခြင်း

တစ်နေ့ကို မိနစ် ၂၀-၃၀ ခန့် နေ့ ခင်းတစ်ရေးအိပ်စက်တာက ခန္ဓာကိုယ် အတွက် စွမ်းအင်တွေ ပြန်လည်ပြည့်ဝ စေတဲ့အပြင် ညဘက်မှာလည်း နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေတယ်လို့ ကော် နယ်တက္ကသိုလ်မှ သုတေသီ ဂျိမ်းစ်မက်စ် က ပြောပါတယ်။ ညဘက်မှာ နှစ်နှစ်ခြိုက် ခြိုက်အိပ်မပျော်တာကို နှစ်ရှည်လများ ခံစားနေရသူတွေဟာ ကိုယ်အလေးချိန် တက်လာစေပါတယ်။ အိပ်ရေးပျက်ပါ များလာခဲ့ရင် ပြည့်ဝစေတဲ့ လက်ပ်တင် ဟော်မုန်းပမာဏ လျော့နည်းလာပြီး ဆာလောင်စေတဲ့ ဂရီလင်ဟော်မုန်းများ လာစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ် မပျော်သူတွေဟာ ဂရီလင်ဟော်မုန်း ကြောင့် အစာစားချင်စိတ်ဖြစ်ပေါ်ပြီး သရေစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစားအစာတွေကို စားသောက်မိစေ ပါတယ်။ ဂျပန်နိုင်ငံသားတွေရဲ့ နေ့ခင်း တစ်ရေးအိပ်တဲ့ အကျင့်က ညဘက်မှာ ကောင်းစွာအိပ်ပျော်စေလို့ သရေစာ စားတဲ့အကျင့်ကို ထိန်းချုပ်နိုင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံသားတွေရဲ့ ကိုယ်အ လေးချိန်ထိန်းသိမ်းနိုင်တဲ့ အလေ့အထ တစ်ခုပါ။

တောင်အာဖရိကနိုင်ငံ
လက်ဖက်ရည်သောက်ခြင်း

တောင်အာဖရိကနိုင်ငံသားတွေက လက်ဖက်ရည်၊ ကော်ဖီသောက်တဲ့အခါ သကြား၊ မလိုင်၊ နို့၊ ခရင်မ် မထည့်ဘဲ သ ဘာဝအတိုင်း သောက်တတ်ကြပါတယ်။ တိုရမ်တိုမှ အာဟာရပညာရှင် စူးမက်ခ်ျ က ဒီလိုသောက်သုံးတာက တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျော့နည်းစေပြီး တစ် နှစ်ကို ကိုယ်အလေးချိန် ၁၀ ပေါင် လျော့ နည်းစေတယ်လို့ ပြောပါတယ်။

ဖင်လန်နိုင်ငံ
လမ်းလျှောက်ခြင်း

ဖင်လန်နိုင်ငံသားတွေက အိမ်အ ပြင်ထွက်ပြီး လမ်းလျှောက်တဲ့ လေ့ကျင့် ခန်းကို နှစ်ခြိုက်စွာ ပြုလုပ်လေ့ရှိကြပါ တယ်။ ပိုက်ဆံမကုန်ဘဲ လူတိုင်းပြုလုပ် နိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါလက် နှစ်ဖက်ကိုပါ မာန်ပါပါလွှဲပြီး လျှောက် တာကြောင့် ကယ်လိုရီ ၂၀ ရာခိုင်နှုန်းပိုမို လောင်ကျွမ်းစေပါတယ်။ လတ်တလော လေ့လာမှုအရ လမ်းလျှောက်တာကို ကျေကျေနပ်နပ် ပြုလုပ်တာကြောင့် ကယ်လိုရီ ၆၅ ရာခိုင်နှုန်းကျော် လောင် ကျွမ်းစေတယ်လို့တွေ့ရှိခဲ့ပါတယ်။ လမ်း လျှောက်တာကို နေ့စဉ်ပုံမှန်ပြုလုပ်သူ တွေအနေနဲ့ အဆီပိုတွေကို ဖယ်ရှားနိုင် ပြီး ကျစ်လျစ်သွယ်လျလာစေပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *