ကျန်းမာသက်ရှည်ရန် ပြုလုပ်သင့်သော လေ့ကျင့်ခန်း

ကျန်းမာရေးကောင်းမွန်တယ်ဆို တာက ကျွန်မတို့အတွက် ဖော်ပြလို့ မရ နိုင်လောက်တဲ့ လက်ဆောင်မွန်ပါ။ ကျွန် မတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားတာ၊ လုံလုံလောက်လောက်အနားယူ တာ၊ လေ့ကျင့်ခန်းပြုလုပ်တာလိုမျိုး ဘ၀ နေထိုင်မှုပုံစံတွေအပြင် အရိုးနဲ့ ကြွက် သားတွေ ကျန်းမာသန်စွမ်းပြီး ပျော့ ပျောင်းနေပါမှ ကျန်းမာရေးကောင်းမွန် တဲ့ လက်ဆောင်ကို ရရှိနိုင်မှာပါ။
လေ့ကျင့်ခန်းပြုလုပ်တာက ခန္ဓာ ကိုယ်အတွက် အလွန်အသုံးဝင်ပြီး တချို့ လေ့ကျင့်ခန်းတွေက အရွယ်တင်နုပျိုမှု ကိုပါ ရရှိစေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့် ခန်းပြုလုပ်တာကြောင့် ကျွန်မတို့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေက သန်မာ လာပြီး သွေးလှည့်ပတ်မှုတွေ ကောင်း မွန်လာကာ နှလုံးရောဂါ ဒါမှမဟုတ် ဆီး ချိုရောဂါဖြစ်နိုင်ခြေကလည်း သိသိသာ သာ ကျဆင်းသွားပါတယ်။ ခန္ဓာကိုယ် အနှံ့က ဆဲလ်တိုင်း၊ ကိုယ်တွင်းအင်္ဂါ တိုင်းကလည်း အောက်ဆီဂျင်ပမာဏ လုံလုံလောက်လောက်ရရှိတဲ့အတွက် သူ တို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း အ လွန်ထိရောက်မှုရှိပါတယ်။
ဘယ်လေ့ကျင့်ခန်းမဆို ခန္ဓာကိုယ် ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်နိုင်ပေမယ့် တချို့လေ့ကျင့်ခန်း တွေကို နေ့စဉ်ပြုလုပ်တာက သင့် အသက်ပိုရှည်နိုင်တဲ့အတွက် ပြုလုပ် ရမယ့်နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

သင်အသက်ရှည်လိုရင် ခန္ဓာကိုယ်ကို အောက်ကို ကွေးညွှတ်ပါ

ခန္ဓာကိုယ်ကို ကွေးညွှတ်တာကြောင့် ကြွက်သားတွေ သန်မာပြီး ပိုမိုပျော့ ပျောင်းလာနိုင်ပါတယ်။ ဒါ့အပြင် သင့် ခန္ဓာကိုယ်ရဲ့ အသက်ကိုပါ သင်သိရှိနိုင် ပါတယ်။
♦ ဒူးခေါင်းနဲ့ ခါးကို ဖြောင့်ဖြောင့် ဆန့် ထားပြီး ခန္ဓာကိုယ်ကို ရှေ့ဘက်သို့ ကွေး ညွတ်လိုက်ပါ။

♦ သင့်လက်ချောင်းတွေကို ကြမ်းပြင် နဲ့ ထိနိုင်သမျှထိအောင် ကြိုးစားပြီး သင် ခြေထောက်နဲ့ ထိတဲ့နေရာမှာ မိနစ် အနည်းငယ်ခန့်ထားပါ။
♦ ပြီးရင် မတ်မတ်ပြန်ရပ်ပါ။

♦ သင်ကွေးညွှတ်နိုင်တဲ့အနေအထား ကို ကြည့်ပြီး အောက်ပါအတိုင်း ခန္ဓာ ကိုယ် အသက်အရွယ်ကို ဆုံးဖြတ်နိုင်ပါ တယ်။

ခန္ဓာကိုယ်အသက်အရွယ် (၂၀-၂၅ နှစ်)
သင်ရဲ့ လက်ဖ၀ါးဟာ ကြမ်းပြင်နဲ့ အလွယ်တကူ ထိနေရင်၊ သင် အလျင်စ လို မတ်တတ်ပြန်မရပ်ရရင်။

ခန္ဓာကိုယ်အသက်အရွယ် (၂၅-၃၈ နှစ်)

သင့်လက်ချောင်းထိပ်က ကြမ်းပြင် ကို ထိတဲ့အခါမှာ သင့်ဒူးခေါင်းလေး အ နည်းငယ်ကွေးသွားနိုင်ပါတယ်။
ဒီအနေအထားမှာ မိနစ်အနည်းငယ် ခန့် နေနေရတာက သင့်အတွက် အတော် သက်သောင့်သက်သာရှိပါတယ်။

ခန္ဓာကိုယ်အသက်အရွယ် (၃၈-၅၀ နှစ်)

သင်ရဲ့ လက်ချောင်းတွေက သင့် ခြေဖမိုးကိုသာ ထိနိုင်ပါတော့တယ်။ သင်ရဲ့ ခြေထောက်ကြွက်သားတွေ နာ ကျင်နေနိုင်ပါတယ်။

ခန္ဓာကိုယ်အသက်အရွယ် (၅၀ နှစ်)

သင့်လက်ချောင်းတွေက ခြေဖမိုး ကို ထိဖို့ ခက်ခဲသွားပါပြီ။

♦ သင်ရဲ့ ခန္ဓာကိုယ်အသက်အရွယ် က သင် အမှန်ရှိနေတဲ့အသက်အရွယ် ထက် အများကြီး ပိုငယ်နေရင် သင့်အနေ နဲ့ အသက်ရှည်နေနိုင်ပါပြီ။

♦ သင်ရဲ့ ခန္ဓာကိုယ်အသက်အရွယ်က သင်အမှန်ရှိနေတဲ့အသက်အရွယ်ထက် ပိုမို ကြီးရင့်နေရင်လည်း စိတ်မညစ်ပါနဲ့။ ဒီလေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပြီး တ ဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ကွေးညွှတ်မှု ကောင်းမွန်လာအောင် ပြုလုပ်နိုင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published.