Valentine ‘s Fashion Vibes

ဗယ်လင်တိုင်းနေ့ဆိုတာကတော့နှစ်စဉ်ဖေဖော်ဝါရီ ၁၄ ရက်မှာ Saint Valentine အတွက် ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ဒီနေ့မှာတစ်ကိုယ်တော် ဗယ်လင်တိုင်းအနေနဲ့ ဖြတ်သန်းမယ့် သူတွေရှိသလို ချစ်သူတွေနဲ့အတူတူ ခနူနဘမအေန လုပ် မယ့်သူတွေလည်းရှိပါတယ်။ ဗယ်လင်တိုင်းနေ့ဟာ Couple တွေကိုပဲ ကိုယ်စားပြုတာမဟုတ်ပါဘူး။ ချစ်သူနဲ့အတူရှိနေမှလည်း မဟုတ်ပါဘူး။ သင့်ကို ချစ်တဲ့ သင်ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း ဗယ်လင်တိုင်းနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ လေဒီတို့အတွက်Valentine’s Day vibes ရစေမယ့် ဖက်ရှင် ideas ခုနစ်မျိုးကို ရေးပေးလိုက်ပါတယ်။

အနီရောင်က ဗယ်လင်တိုင်းနေ့အ တွက် ပေါ်ပြူလာအဖြစ်ဆုံး အရောင်ဖြစ် ပါတယ်။ စီးကွင့်ထိုးထားတဲ့ ပြောင်ပြောင် လက်လက် အနီရောင် ဂါဝန်လေးကို အနက် ရောင်ကုတ်၊ အနီရောင် ပိုက်ဆံအိတ်၊ ငွေ ရောင် Pump ရှူးလေးနဲ့ တွဲဖက်ဝတ်ဆင် လိုက်ပါ။ ဗယ်လင်တိုင်း vibe အပြည့်အဝ ရမှာပါ။

သင်ဟာ ဂျင်းဖက်ရှင် crazy ဆိုရင် ရှိ တဲ့ ဂျင်းဘောင်းဘီရှည်ဖြစ်ဖြစ်၊ အတိုဖြစ် ဖြစ်ကို ဗယ်လင်တိုင်းနေ့ ကိုယ်စားပြုတဲ့ အ သည်းပုံပါတဲ့ ရှပ်အင်္ကျီလှလှလေးနဲ့ တွဲဖက် ဝတ်ဆင်ပါ။ အပေါ်က ဂျင်းကုတ်အင်္ကျီလေး ထပ်ဝတ်ဖို့ မမေ့ပါနဲ့။ Sneaker shoes လေး တွေကတော့ ဂျင်းဖက်ရှင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။


ဖက်ရှင်ပုံစံ ဆန်းဆန်းလေး ထွင်ပြီးဝတ်ချင်တယ်၊ မိန်းကလေးဆန်တဲ့ပုံစံမျိုး ကြိုက်တယ်ဆိုရင် အထပ်ထပ်ဝတ်တဲ့ ဖက်ရှင်ပုံစံမျိုးကိုစဉ်းစားပါ။ ဒီအတွက် ခေါင်းစွပ်ဆွယ်တာ အင်္ကျီလေးကို အရင်ခံဝတ်ပြီး အပေါ်ကနေ အလက်လက်ပါတဲ့ လည်ဟိုက် ဂါဝန်အတိုလေးကို ထပ်ဝတ်ပါ။ ခပ်ဆန်းဆန်း ပိုက်ဆံအိတ်လေးရယ်၊ boots ဖြစ်ဖြစ်၊ high-top kicks ဖြစ်ဖြစ်နဲ့ တွဲဖက် ဝတ်ဆင်လိုက် ပါ။

သင်ကအသည်းပုံပါတာ မဝတ်ချင်ဘူး၊ အနီရောင်လည်း မဝတ်ချင်ဘူး၊ ဗယ်လင်တိုင်း vibe လေးလည်း ရချင်တယ်ဆိုရင် Rose Gold အရောင်နဲ့ ပန်းနုရောင်ကလည်း ဗယ် လင်တိုင်းဖက်ရှင်ကို ပေါ်လွင်စေပါတယ်။ ဆွယ်တာလှလှလေးကို ပန်းနုရောင် ဂါဝန် အတိုလေးနဲ့ တွဲဖက်ဝတ်ပြီး Rose Gold အ ရောင် ပိုက်ဆံအိတ် ၊ accessories လေးတွေနဲ့ ဝတ်ဆင်ပါ။


Attraction ရှိရှိ၊ sexy ကျကျပုံစံ မျိုးမှ သဘောကျတယ်ဆိုရင် ဇာအင်္ကျီအ သား shoulder-off dress လေးကို ခပ်မိုက် မိုက် လယ်သာဂျက်ကတ်နဲ့တွဲဝတ်ပါ။ ဒေါက် မြင့်ဖိနပ် High heels လေးက သင့်အလှကို ပိုပြီးပေါ်လွင်စေမှာပါ။

သင်က အဝတ်အစားကို မိန်းကလေး သိပ်ဆန်တာမကြိုက်ဘူးဆိုရင် ဒီလို ပုံစံလေး ကို သင်ဝတ်ရတာ နှစ်သက်မှာပါ။ ဂျင်းဘောင်း ဘီအရှည်ကို ချစ်ဖို့ကောင်းတဲ့Body Fit ရှပ် လေးရယ်၊ အရောင်တောက်တောက် ကုတ် အင်္ကျီလေးဝတ်ပြီး Pump shoes လေးနဲ့ တွဲ ဖက်ဝတ်ဆင်ပါ။

ဗယ်လင်တိုင်း vibe ရစေမယ့် နောက် ထပ် theme တစ်ခုက နှင်းဆီပန်းပုံပါ။ နှင်းဆီ ပန်းပုံပါတဲ့ တီရှပ်ကို ပြောင်ပြောင်လက်လက် sequins ထိုးထားတဲ့ ကုတ်အင်္ကျီအနက် ရောင်ကိုထပ်ဝတ်ပါ။ ရှူးဖိနပ်နဲ့တွဲဖက်ဝတ် ဆင်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *