Valentine’s Day မှာ ချစ်သူကို ဘာကြောင့် ချောကလက် ကျွေးသင့်တာလဲ

Valentine’s Day မှာ ချစ်သူကို ချောကလက်ကျွေးတာက အပိုအလုပ်မဟုတ်ပါဘူး။ အောက်ပါအချက်တွေကို ဖတ်ကြည့်ပြီးရင်တော့ သင့်ချစ်သူကို ချောကလက်ဝယ် ကျွေးဖို့ တွန့်ဆုတ်နေမိမှာ မဟုတ်တော့ပါဘူး။ ချက်ချင်း သာမြန်မြန်ဝယ်ပြီး ကျွေးမိတာ အမှန်ပါ။

ချောကလက်ရွေးချယ်တဲ့အခါ
ချောကလက် ၀ယ်တဲ့အခါ နို့တွေ၊ သကြားတွေ များ စွာပါတဲ့ ချောကလက်အစား အညိုရောင်ချောကလက်ကို ရွေးဝယ်ပါ။ ပါဝင်ပစ္စည်းတွေကို သေချာစွာဖတ်ကြည့်ပြီး ကိုကိုးပါဝင်မှုများတာကို ရွေးဝယ်ပါ။

သွေးဖိအားပုံမှန်ဖြစ်စေတယ်
လေ့လာမှုတွေအရ အညိုရောင်ချောကလက်မှာ မဂ္ဂနီဆီယမ်များစွာပါဝင်လို့ သွေးဖိအားနည်းစေပါတယ်။ ခန္ဓာကိုယ်မှာ နိုက်ထရစ်အက်စစ်များစေလို့ သွေးကြောတွေကို ကျယ်စေပြီး သွေးဖိအားကို လျော့နည်းစေပါတယ်။

သွေးတွင်းကိုလက်စထရောကို နည်းစေတယ်
အညိုရောင်ချောကလက်စားသုံးပါက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို နည်းစေပြီး ကောင်းတဲ့ ကိုလက်စထရောကို များစေတာကြောင့် နှလုံးနဲ့သွေးကြော ရောဂါတွေ၊ လေဖြတ်တာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေကို သွေးကြော နံရံတွေမှာကပ်ပြီး သွေးကြောတွေကို ကျဉ်းစေပါတယ်။

ဦးနှောက်လုပ်ငန်းတွေ ကောင်းစေတယ်
ချောကလက်စားသုံးပါက အာရုံစူးစိုက်မှုကောင်း မွန်ပြီး ဦးနှောက်မှတ်ဉာဏ် ကောင်းမွန်စေတဲ့အပြင် ဦး နှောက်အသက်ကြီးရင့်လာတာ မဖြစ်အောင်လည်း ကာ ကွယ်ပေးပါတယ်။ ချောကလက်စားသုံးတာက ဦးနှောက် အတွင်း သွေးကြောတွေမှာ သွေးစီးဆင်းမှုကို ကောင်းမွန် စေတာကြောင့်လို့ လေ့လာမှုအရ သိရပါတယ်။ ၂၀၁၃ ခုနှစ်ကပြုလုပ်တဲ့လေ့လာမှုအရ ချောကလက်နေ့စဉ်စား သုံးပါက ဦးနှောက်မှတ်ဉဏ်ကို ၃၀ ရာခိုင်နှုန်း ပိုကောင်း စေတယ်လို့ သိရပါတယ်။

နှလုံးကျန်းမာစေတယ်
၂၀၁၅ ခုနှစ်လေ့လာမှုအရ ချောကလက်စားပါက နှလုံးကျန်းမာစေတယ်လို့ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြု လုပ်တဲ့လေ့လာမှုအရ အညိုရောင်ချောကလက်စားသုံး ပါက အူအတွင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို အားပေးတာကြောင့် ကိုယ်တွင်းရောင်ရမ်းမှုတွေကို လျော့ နည်းစေတာတွေ့ရပါတယ်။

ဆာလောင်မှု လျော့နည်းစေတယ်
ချောကလက်စားသုံးပါက ဆာလောင်မှု လျော့နည်း စေလို့ မကြာခဏ အစာစားမိတာမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

♥ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *