Valentine’s Fashion

ဗယ်လင်တိုင်းအတွက် ဖက်ရှင်စဉ်းစားရင်တော့ ဦးစား ပေးရမယ့်အရောင် သုံးရောင်ရှိပါတယ်။ အနီရောင်၊ အဖြူရောင် နဲ့ ပန်းရောင်တွေဟာ ဗယ်လင်တိုင်းနေ့ကို ကိုယ်စားပြုတဲ့ အရောင်တွေပါ။ ဒီတစ်ပတ်မှာ ဗယ်လင်တိုင်းနေ့ကို ကိုယ်စား ပြုတဲ့အရောင်တွေရဲ့ အဓိပ္ပာယ်ကိုသိရှိပြီး Valentine’s Day Vibe ရစေဖို့ ရေးသားလိုက်ပါတယ်။

(၁) အနီရောင်
အနီရောင်က ချစ်ခြင်းမေတ္တာ၊ ရှင်သန်ခြင်းတွေကို ကိုယ် စားပြုတဲ့အရောင်ပါ။ လူသားမျိုးနွယ်စတင်ခဲ့တဲ့ အာဒံရဲ့နာ မည်အဓိပ္ပာယ်ဟာ အနီရောင်နဲ့မြေကြီးလို့ ဆိုပါတယ်။ သူဟာ လူသားတို့ရဲ့ ချစ်ခြင်းတရားကို စတင်ခံစားဖူးသူမဟုတ်ပါလား။ ဒါကြောင့် ဗယ်လင်တိုင်းနေ့မှာ ချစ်ခြင်းတွေနဲ့ လွှမ်းခြုံထား တယ်ဆိုတာ ကိုယ်စားပြုဖို့ အနီရောင်တောက်တောက်လေး ဝတ်ဆင်ပါ။

(၂) အဖြူရောင်
အဖြူရောင်က သန့်ရှင်းစင်ကြယ်ခြင်း၊ ခွင့်လွှတ်ခြင်းတွေ ကိုကိုယ်စားပြုပါတယ်။ အပြစ်ကင်းစင်တဲ့ ဖြူဖြူဖွေးဖွေး နှင်း တွေလို ဖြူစင်တဲ့ချစ်ခြင်းအဓိပ္ပာယ်ကိုဆိုလိုပါတယ်။ ပူလောင် ခြင်းကင်းတဲ့ ချစ်ခြင်းမေတ္တာမျိုးပေါ့။ တည်ငြိမ်အေးချမ်းတဲ့ ချစ်မေတ္တာကို ကိုယ်စားပြုဖို့ အဖြူရောင်ဖက်ရှင်လေးတွေ ရွေး ဝတ်နော်။

(၃) ပန်းရောင်
ပန်းရောင်ဆိုတာကတော့ အဖြူရောင်နဲ့ အနီရောင်စပ်ပြီး ဖြစ်လာတာပါ။ Young Love ဆိုတဲ့ ငယ်စဉ်အခါက ချိုမြိန်တဲ့ ချစ်ခြင်းတရားကို ကိုယ်စားပြုပါတယ်။ နုနယ်ပျိုမျစ်တဲ့အရွယ်၊ ရင်ခုန်တတ်စအရွယ်မှာ ချစ်ခြင်းက စိတ်လှုပ်ရှားစရာကောင်းသလိုမျိုးပေါ့။ အမြဲအသစ်တစ်ဖန်ရှင်သန်နေတဲ့ ချစ်ခြင်းမေတ္တာ တွေကို ကိုယ်စားပြုဖို့ ပန်းရောင်ဖက်ရှင်ကို ဝတ်ဆင်နော်။

_Darliko

Post Author: Good Health Journal