လိပ်ခေါင်းရောဂါရှိသူတို့ လိုက်နာသင့်သော အချက် ငါးချက်

လိပ်ခေါင်းရောဂါရှိသူတွေ ရောဂါလက္ခဏာ သက်သာဖို့နဲ့ ဒီရောဂါမရှိသူတွေ မဖြစ်ပွားအောင် အောက်ပါအချက် ငါးချက်နဲ့ ကာကွယ်နိုင်ပါတယ်။

(၁) ရေခဲကပ်ပါ၊ ရေနွေးစိမ်ပါ

ရေက ရောင်ရမ်းမှု၊ နာကျင်မှုနဲ့ လိပ်ခေါင်းကြောင့်ဖြစ်တဲ့ ယားယံမှုတွေ ကို သက်သာစေပါတယ်။ လိပ်ခေါင်း ရှိတဲ့နေရာကို ရေခဲကပ်ပေးတာ ဒါမှ မဟုတ် ရေနွေးစိမ်ပေးတာတွေ တစ် ကြိမ် ၁၀ မိနစ်ကြာ၊ တစ်နေ့ကို အကြိမ် များစွာ ပြုလုပ်ပေးပါ။ သန့်စင်ခန်းသုံး တစ်သျှူးစက္ကူကိုလည်း အစိုဓာတ်ပါပြီး နူးညံ့တာမျိုး ရွေးချယ်အသုံးပြုပါ။

(၂) ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ ဆေးဝါး အသုံးပြုပါ

လိပ်ခေါင်းရောဂါလက္ခဏာ သက် သာစေတဲ့ ဆရာဝန်ညွှန်ကြားချက်မလို တဲ့ ဆေးဝါးတွေ များစွာရှိပါတယ်။ ဟိုက်ဒရိုကော်တီစုန်းပါဝင်တဲ့ လိမ်း ဆေးတွေကိုခရင်မ်၊ ဂျယ်ပုံစံမျိုးစုံ ထုတ်လုပ်ထားပြီး စအိုတွင်းသွင်းဆေး တောင့် ပုံစံနဲ့လည်း ထုတ်လုပ်ထားပါ တယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ သက်သာစေဖို့ သောက်ဆေးအနေနဲ့ အကိုက်အခဲပျောက်ဆေး တချို့ကို လည်း သောက်သုံးနိုင်ပါတယ်။

(၃) အမျှင်ဓာတ်ကြွယ်ဝတဲ့ အစာ တွေ စားသုံးပါ

ဝမ်းချုပ်တာနဲ့ အူလမ်းကြောင်းလှုပ် ရှားမှုတွေ ကောင်းမွန်စေဖို့ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေကို စား သုံးသင့်ပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးတာကြောင့် လိပ်ခေါင်းကြောင့်နာကျင်တာကို သက် သာစေပြီး လွယ်လွယ်ကူကူ ၀မ်းသွားစေ ပါတယ်။ အမေရိကန်မှာ တစ်နေ့ကို ကယ်လိုရီ ၁၀၀၀ စားသုံးတိုင်း အမျှင် ဓာတ် ၁၄ ဂရမ်ပါဝင်အောင် စားသုံးဖို့ လမ်းညွှန်ထားပါတယ်။ အမျိုးသမီးတစ် ယောက်က တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ် စားသုံးသင့်ပြီး အမျိုးသားတစ် ယောက်က တစ်နေ့ကို ၃၈ ဂရမ် စားသုံး သင့်တယ်လို့ အာဟာရနဲ့ ဆီးချိုသွေးချို ဆိုင်ရာ အကယ်ဒမီက ထုတ်ပြန်ထားပါ တယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ကောက်နှံတစ်ခုလုံးပါဝင်စာ စတာတွေကနေ အမျှင်ဓာတ် များစွာရ ရှိနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသုံးတာကြောင့် လိပ် ခေါင်းရောဂါဝေဒနာတွေကို သက်သာစေ ရုံသာမကဘဲ နှလုံးရောဂါ၊ အူမကြီးကင် ဆာနဲ့ အ၀လွန်တာတွေ မဖြစ်အောင် လည်း ကာကွယ်နိုင်ပါတယ်။

(၄) ရေဓာတ်ပြည့်ဝနေပါစေ

ရေက ၀မ်းပျော့ပျော့သွားစေဖို့ အ လိုအပ်ဆုံး အရာပါ။ ၀မ်းပျော့ပျော့သွားမှ သာ လိပ်ခေါင်းရှိသူတွေ နာကျင်မှု သက် သာစေမှာပါ။ ဒါ့အပြင် ရေဓာတ်လုံ လောက်စွာ သောက်သုံးတာက လိပ် ခေါင်းမဖြစ်အောင်လည်း ကာကွယ်နိုင် ပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို ရေ ၈ ဖန်ခွက် သောက်သုံးပါ။ ရာသီဥတုပူတဲ့ အချိန်တွေနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အချိန် မှာတော့ ရေပိုသောက်ဖို့ လိုပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ ဖျော်ရည်တွေ သောက်သုံးမှုကို လျှော့ချပါ။ အရက်နဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲကနေ ရေ ဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတာကြောင့် ၀မ်းမာပြီး လိပ်ခေါင်းရှိသူတွေ ၀မ်းသွား တဲ့အခါ နာကျင်မှုကို ခံစားရနိုင်ပါတယ်။

(၅) ဖြည့်စွက်စာ မှီဝဲပါ

တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ် ကို နေ့စဉ်အာဟာရထဲက ရရှိအောင် စား ဖို့ဆိုတာ တချို့လူတွေအတွက် ခဲယဉ်း နေတတ်ပါတယ်။ အစာအာဟာရကနေ အမျှင်ဓာတ်ကို တစ်နေ့ ၂၀-၃၅ ဂရမ် ရယူနိုင်ရင်တော့ အကောင်းဆုံးပါ။ တကယ်လို့ အဲဒီလောက်ရအောင် မစား သုံးနိုင်ခဲ့ရင် အမျှင်ဓာတ်ကို ဖြည့်စွက်မှီဝဲ နိုင်ပါတယ်။

(၆) လေ့ကျင့်ခန်း ပုံမှန်ပြုလုပ် ပါ

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါက လိပ် ခေါင်းရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။ အထိုင်များတဲ့ အလုပ်လုပ်ကိုင်နေ သူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်နာရီထိုင်ပြီးတိုင်း မိနစ်အနည်းငယ် လောက် လမ်းထလျှောက်ပေးပါ။ ကိုယ် လက်လှုပ်ရှားမှုဖြစ်စေတဲ့အပြင် လိပ် ခေါင်းရောဂါ မဖြစ်အောင်လည်း ကာ ကွယ်နိုင်ပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *