သိထားသင့်သည့် Vitamin C

ဗီတာမင်စီ ဟာ ခုခံအားစနစ်ကောင်း မွန်စေတာ၊ ကော်လာဂျင်ထုတ်လုပ်နိုင် တာ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တာလို မျိုး ခန္ဓာကိုယ်အတွက် ကောင်းမွန်နိုင်တဲ့ အကျိုးကျေးဇူးတွေ များစွာရှိတဲ့အတွက် ဗီတာမင် စီအကြောင်း သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အအေးမိဝေဒနာအတွက် ကောင်းမွန်ခြင်း
အအေးမိတဲ့အခါမှာ သင်ရဲ့ ခုခံ အားစနစ်အနေနဲ့ ဗီတာမင် စီကို လိုအပ်ပါတယ်။ သင်က အေးတဲ့ဒေသ၊ အလွန်အေးတဲ့ ရာသီဥတုမှာ နေထိုင်သူ၊ အား ကစားအလွန်အမင်းလုပ်သူတွေဖြစ်ရင် သာမန်လူတွေထက် ဗီတာမင်စီ ပိုမိုလို အပ်ပါတယ်။ ဗီတာမင်စီက အအေးမိဝေ ဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ မဖျားနာခင်မှာတော့ ကြိုတင်သောက်ထားဖို့ လိုအပ်ပါတယ်။ ခုလို မိုး အဆက်မပြတ်ရွာနေတဲ့ တုပ်ကွေးရာသီမှာ ဗီတာမင်စီကို မဖြစ်မနေမှီဝဲပါ။

ဆဲလ်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း
သူက ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့အတွက် လေထုညစ်ညမ်းမှု၊ ဆေး လိပ်ငွေ့၊ နေရောင်ခြည်၊ ဓာတ်ရောင်ခြည် တွေကတစ်ဆင့်ထွက်လာတဲ့ ဓာတ်တိုး ပစ္စည်းတွေကို အားပျော့စေပြီး ဆဲလ်နဲီ့ဗြ ပျက်စီးမှုမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ကင်ဆာရောဂါနဲ့အယ်လ် ဇိုင်းမားရောဂါအပါအဝင် ရောဂါအများစု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဦးနှောက်သန်စွမ်းစေနိုင်ခြင်း
ဦးနှောက်မှ ခန္ဓာကိုယ်တစ်ခုလုံး အပေါ်မှာ အချက်ပြဖို့အတွက် လိုအပ်တဲ့ အဓိကဟော်မုန်း၊ ဆီရိုတိုနင်၊ ဒိုပါမင်း၊ အပီနက်ဖင်း၊ နော်အပီနက်ဖင်းအပါအဝင် ဟော်မုန်းအများစု ထုတ်လုပ်နိုင်ဖို့ အတွက် ဗီတာမင်စီ လိုအပ်ပါတယ်။ ဒီ ဟော်မုန်းတွေက သင်ရဲ့ စိတ်ခံစားမှု၊ မှတ်ဥာဏ်၊ တက်ြွကမှုနဲ့ နာကျင်မှု ဝေဒနာခံစားနိုင်မှုအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ဥပမာအားဖြင့် ဆီရိုတိုနင်က အိပ်စက်မှုစက်ဝန်း ပုံမှန်ရှိအောင် လိုအပ်တဲ့အပြင် စိတ်ဖိစီးမှုပျောက်တဲ့ဆေး ဝါးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

အရိုး၊ြွကက်သားနှင့် အရေပြားတို့ကို တည်ဆောက်နိုင်ခြင်း
သင့်ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် ပရိုတင်းမရှိရင် ခန္ဓာကိုယ်က ပြိုလဲသွား ပါလိမ့်မယ်။ အရိုး၊ အရိုးနု၊ အရေပြားနဲ့ြွကက်သား(နှလုံးြွကက်သားအပါအဝင်)တွေကို ကော်လာဂျင်အမျှင်တွေက တစ် ခုနဲ့တစ်ခု လိမ်ယှက်ပြီးတော့ ငြမ်းလိုမျိုး တွယ်ဆက်ပေးထားပါတယ်။ သူတို့တွေက အရွတ်နဲ့ သွေးကြောအတွင်းမှာလည်း ရှိပါတယ်။ အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်ဖို့နဲ့ ဒဏ်ရာရတဲ့အခါ အရွတ်ဖြစ်ဖို့ အတွက် ကော်လာဂျင်လိုအပ်ပါတယ်။

ဒါ့အပြင် အရေပြားမှာ အရေး ကြောင်းတွေ မပေါ်အောင်လည်း ကော်လာဂျင်က ကာကွယ်ပေးပါတယ်။ သင့်ခန္ဓာကိုယ်က ဗီတာမင်စီမရှိဘဲနဲ့ ကော် လာဂျင်မပြုလုပ်နိုင်ပါဘူး။

အမြင်အာရုံကောင်းမွန်စေခြင်း
မုန်လာဥဝါမှာပါဝင်တဲ့ ဗီတာမင် အေ တစ်မျိုးတည်းကသာ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်နိုင်တာမဟုတ်ပါဘူး။ ဗီတာမင်စီက အသက်အရွယ် ကြောင့် ဖြစ်တတ်တဲ့ မက်ကျူလာ ပျက်စီးချို့ယွင်းမှုဖြစ်စဉ်ကို နှေးကွေးစေနိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိ ရပါတယ်။

တခြားလေ့လာမှုတွေအရလည်း ဗီတာမင်စီနဲ့ မျက်စိအတွင်းတိမ်ဖြစ်နိုင် ခြေလျော့နည်းတာ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။

ကင်ဆာကို တွန်းလှန်နိုင်ခြင်း
ဗီတာမင်စီပမာဏများစွာကို အကြောဆေးအဖြစ် အသုံးပြုရင် ကင်ဆာဆဲလ်တွေ ကြီးထွားမှုနဲ့ ပျံ့နှံ့မှု နှေးကွေးနိုင်တယ်လို့ သိရပါတယ်။ သူက ကင်ဆာ ဆေးဝါးကုထုံးနဲ့ ဓာတ်ကင်ကုထုံးအတွက်လည်း ကူညီနိုင်ပါတယ်။ ဒါပေမဲ့သူ့ ကြောင့် ကုထုံးတွေရဲ့ ထိရောက်မှုလည်း လျော့ကျနိုင်တဲ့အတွက် FDA က ဗီတာမင်စီကို ကင်ဆာကုထုံးတစ်ခုလို အသုံးပြုဖို့ ခွင့်မပြုသေးပါဘူး။

ဗီတာမင်စီကို ဘယ်ကရရှိနိုင်သလဲ
လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပရာသီး၊ ရှောက်သီး၊ ဘယ်ရီသီးမျိုးစုံ(စတော် ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ခရင်မ်ဘယ်ရီ)၊ သင်္ဘောသီး၊ ကီဝီသီး၊ နာနတ်သီး၊ သခွား မသီး၊ ဆီးသီးနဲ့ ဖရဲသီးတွေက ဗီတာမင်စီ များစွာရရှိနိုင်ပါတယ်။ ငှက်ပျောသီး၊ ပန်းသီးနဲ့ သစ်တော်သီးမှာလည်း ဗီတာ မင် စီ ပါဝင်ပါတယ်။

ငရုတ်ပွသီး၊ အစိမ်းရောင်ဟင်းသီး ဟင်းရွက်၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ ဂေါ်ဖီ လုံး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးနဲ့ ကန်စွန်းဥ လိုမျိုး ဟင်းသီးဟင်းရွက်တွေကနေ လည်း ဗီတာမင်စီကို ရရှိနိုင်ပါတယ်။ ဒီ ဟင်းသီးဟင်းရွက်တွေကို ရေနွေးငွေ့နဲ့ ပေါင်းစားနိုင်ရင် ဗီတာမင်စီ ပျက်စီးနိုင် ခြေအနည်းဆုံးဖြစ်ပါတယ်။

ဗီတာမင် စီ ဘယ်လောက်လိုအပ်ပါသလဲ
သက်ကြီးအမျိုးသားတစ်ယောက်ဟာ နေ့စဉ် ၉၀ မီလီဂရမ် လိုအပ်ပြီး အမျိုးသမီးတစ်ယောက်အတွက် ၇၅ မီလီဂရမ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် တာ ဒါမှမဟုတ် မိခင်နို့တိုက်ချိန်မှာ ဗီ တာမင်စီ ပိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်စီ ထုတ်လုပ်မပေးနိုင်ပါဘူး။ သင်စားနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကနေ ဗီတာမင်စီ ရရှိနိုင်ပြီး လိုအပ်ရင် အားဖြည့်ဆေးမှီဝဲနိုင်ပါတယ်။

ဆေးလိပ်သောက်သူတွေအနေနဲ့ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီတွေ လျော့ နည်းနိုင်တာမို့ တခြားသူတွေထက် နေ့ စဉ် ၃၅ မီလီဂရမ် ပိုမိုပြီးရရှိသင့်ပါတယ်။ ဆေးလိပ်သောက်သူအနီးမှာ နေသူတွေ ကလည်း ဗီတာမင် စီ ပိုမိုရရှိဖို့ လိုအပ်ပါတယ်။

ဗီတာမင်စီ ဓာတ်ချို့တဲ့လျှင်
၁၇ ရာစုခေတ်က သင်္ဘောသားတွေဟာ စားတဲ့အစားအသောက်ထဲက ဗီတာ မင်စီ ရရှိမှု အလွန်နည်းပါးတာကြောင့် Scurvy ရောဂါနဲ့ သေဆုံးကြတယ်လို့ သိရပါတယ်။ အခုခေတ်မှာတော့ မရှိ တော့ပါဘူး။ ဒါပေမဲ့ အစာကောင်းကောင်း မစားသူ၊ အရက်စွဲသူ ဒါမှမဟုတ် ဆေးစွဲ သူတွေအနေနဲ့ ဗီတာမင် စီ ဓာတ်ချို့တဲ့ နိုင်ပါတယ်။ ကင်ဆာရောဂါနဲ့ ကျောက် ကပ်လိုမျိုး ကျန်းမာရေးပြဿနာရှိသူတွေ မှာလည်း ဗီတာမင်စီ ဓာတ်ချို့တဲ့နိုင်ပါ တယ်။ ဗီတာမင်စီ ဓာတ်ချို့တဲ့နေရင် မောပန်းလွယ်တာ၊ သွားဖုံးရောင်တာ၊ သွားဖုံးမှ သွေးထွက်တာ၊ အဆစ်ကိုက် တာ၊ အညိုအမည်းစွဲလွယ်တာနဲ့ အနာ ကျက်နှေးတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

ဗီတာမင် စီ များလွန်းနေလျှင်
သင့်ခန္ဓာကိုယ်အနေနဲ့ ဗီတာမင် စီ အလွန်များနေရင် ပိုလျှံနေတဲ့ ဗီတာမင် စီ တွေကို ဆီးအနေနဲ့ စွန့်ထုတ်ပစ်နိုင်ပါ တယ်။ တစ်နေ့ကို ၂၀ဝ၀ မီလီဂရမ်ထက် ပိုရရှိသူတွေမှာ ဗိုက်အောင့်တာနဲ့ ဝမ်း ပျက်ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ ပမာဏ အလွန်များစွာရရှိရင် ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

အခြားအာဟာရဓာတ်များနှင့် ပူးပေါင်းနိုင်ခြင်း
ဗီတာမင် စီ ဟာ အပင်မှာပါဝင်တဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က အသုံးပြု နိုင်ဖို့အတွက် ကူညီနိုင်ပါတယ်။ အပင်က ရရှိတဲ့ သံဓာတ်တွေက အသားနဲ့ငါးမှာ ပါဝင်တဲ့ သံဓာတ်တွေလိုမျိုး ခန္ဓာကိုယ်က အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် သံဓာတ်ပါဝင်တဲ့ ဟင်းနုနယ်ကို ငရုတ်ပွသီးနဲ့ တွဲချက်စားတာ၊ ပဲအမျိုးမျိုးကို အစိမ်းရောင်ပန်းဂေါ်ဖီနဲ့ တွဲဖက်စားတာ ဒါမှမဟုတ် အုတ်စပါးထဲမှာ စတော်ဘယ်ရီထည့်စားတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

#ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *