လိုင်ချီးသီး၏ ကျန်းမာရေး အကျိုးကျေးဇူး

အရသာကောင်းမွန်လှတဲ့ လိုင်ချီးသီးမှာ အာဟာရဓာတ်များစွာပါဝင်တဲ့အပြင် အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက်ပါ အကျိုးများစွာရှိပါတယ်။ သူ့မှာ အမျှင်ဓာတ်၊ ပရိုတင်း၊ နိုင်ရာစင်၊ ဖော့လိတ်၊ ရိုင်ဖိုဖလေဗင်၊ ဗီတာမင် A,C, E နဲ့ K ၊ သိုင်ရာမင်း၊ ဓာတ်ဆား၊ ကယ်လ်စီယမ်၊ ကော့ပါး၊ သွပ်၊ ဆီလီနီယမ်၊ သံဓာတ်၊ ဖော့စဖရပ်စ်နဲ့ မဂ္ဂနိစ်တို့ပါဝင်ပြီး ကျန်းမာရေးအတွက် အောက်ပါအတိုင်း အကျိုးကျေးဇူးတွေရှိပါတယ်။

အရွယ်တင်နုပျိုစေနိုင်သော ဂုဏ်သတ္တိရှိခြင်း
လိုင်ချီးသီးမှာပါဝင်တဲ့ များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အရေပြားကို နေရောင်ခြည်နဲ့ ဓာတ်တိုးပစ္စည်းကြောင့် ပျက်စီးမှုမရှိအောင် ကာကွယ် ပေးပါတယ်။

ဆံသားကြီးထွားသန်မာနိုင်ခြင်း
လိုင်ချီးမှာပါဝင်တဲ့ ကော့ပါးက ဆံသားမွေးညင်းပေါက်တွေကို လှုံ့ဆော်မှုပေးပြီး ဆံသားကြီးထွားသန်မာအောင်ကူညီပေးပါတယ်။ လိုင်ချီးစားတာကြောင့် ဆံသား တောက်ပြောင် သန်မာနိုင်ပါတယ်။

ကင်ဆာကို ကာကွယ်နိုင်ခြင်း
လိုင်ချီးသီးမှာပါဝင်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဖလေဗိုနွိုက်တွေကြောင့် ကင်ဆာဆဲလ်တွေကြီးထွားမှုကိုရပ်တန့်နိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ပေါ်လီဖီနောလစ်ဒြပ်ပေါင်းနဲ့ ပရိုအန်သိုဆိုင်ရာနင်းတွေက ဓာတ်တိုးပစ္စည်းတွေကို တိုက် ထုတ်ပေးတဲ့ ဗီတာမင် C ထက် ပိုပြီးများစွာ အစွမ်းထက်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းဖို့ကူညီနိုင်ခြင်း
လိုင်ချီးမှာပါဝင်တဲ့ ကယ်လိုရီပမာဏက အလွန်နည်းပြီး သူ့မှာ ရေပါဝင်မှု အလွန်များတာကြောင့် သူ့ကိုနေ့စဉ်စားသုံးရင် ၀ိတ်ကျနိုင်ပါတယ်။ ဒါ့ပြင် အမျှင်များစွာ ပါဝင်တာကြောင့် အချိန်အကြာကြီး ဝမ်းဗိုက်ပြည့်တင်းမှု ရရှိနိုင်ပါတယ်။

အစာခြေစနစ်ကောင်းမွန်နိုင်ခြင်း
သူ့မှာပါဝင်တဲ့ များစွာသောအမျှင်တွေကြောင့် ဝမ်းမှန်ကာ အစာခြေမှု ပိုကောင်း မွန်နိုင်ပါတယ်။ ဒီအမျှင်တွေက အစာမှအာဟာရဓာတ်တွေကို စုပ်ယူမှုကောင်းမွန် အောင် ကူညီပေးတဲ့ အစာခြေအင်ဇိုင်းတွေ ထွက်ရှိလာအောင် လှုံ့ဆော်မှုပေးနိုင်ပါတယ်။

သွေးလှည့်ပတ်မှုကောင်းမွန်နိုင်ခြင်း
သူ့မှာပါဝင်တဲ့ များစွာသော ကော့ပါးတွေက ကိုယ်တွင်းသွေးနီဥထုတ်လုပ်မှုကို ကောင်းမွန်နိုင်ပါတယ်။ သွေးနီဥအရေအတွက်များတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်နိုင်ပါတယ်။ သွေးမှတစ်ဆင့် အောက်ဆီဂျင်တွေကို ကိုယ်တွင်းအင်္ဂါအား လုံးဆီသို့ ပို့ဆောင်ပေးတဲ့အတွက် ကိုယ်တွင်းက လုပ်ဆောင်ချက်တွေ ကျန်းမာသန် စွမ်းနိုင်ပါတယ်။

အရိုးသန်မာနိုင်ခြင်း
သူ့မှာပါဝင်တဲ့ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ်နဲ့ တခြားအာဟာရဓာတ်တွေက အရိုးထဲက ကယ်လ်စီယမ်စုပ်ယူမှုကို ကောင်းမွန်နိုင်တဲ့အတွက် အရိုးသန်စွမ်းကျန်းမာနိုင်ပါတယ်။

သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း
လိုင်ချီးမှာပါဝင်တဲ့ သံဓာတ်နဲ့ ကော့ပါးက ကိုယ်တွင်းသွေးနီဥအရေအတွက် များပြားအောင်ကူညီနိုင်ပါတယ်။ ဟေမိုဂလိုဘင်လျော့နည်းတာကြောင့် သွေးအားနည်းတတ်သူတွေက လိုင်ချီးကို ပုံမှန်စားသုံးသင့်ပါတယ်။

စွမ်းအင် တာရှည်စွာပေးနိုင်ခြင်း
မနက်အိပ်ရာထမှာ လိုင်ချီးသီးကိုညှစ်ထားတဲ့ ဖျော်ရည်တစ်ခွက်သောက်လိုက် တာက တစ်နေ့တာလုံးအတွက် စွမ်းအင်ပြည့်ဝစေနိုင်ပါတယ်။ သူ့မှာပေါကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် C တွေက ကော်လာဂျင်ထုတ်လုပ်တာလိုမျိုး ကိုယ်တွင်းအရေးကြီး လုပ်ငန်းတွေကို ကူညီပေးပြီး ကာမီတင်းက အဆီကိုစွမ်းအင်ဖြစ်အောင် ဖြိုခွဲပေးနိုင်ပါတယ်။

အမြင်အာရုံမဆုံးရှုံးအောင် ကာကွယ်ပေးခြင်း
အသက်ကြီးလာရင် မျက်စိအတွင်းတိမ်ဖြစ်နိုင်ခြေ များပြားလာပါတယ်။ ဒီလို မဖြစ်အောင် လိုင်ချီးသီးစားပြီး ကာကွယ်ပါ။ သူ့မှာပါဝင်တဲ့ ဖိုက်သိုကယ်မီကယ်တွေက ဆဲလ်တွေ ပုံမမှန်ကြီးထွားမှုကို ကာကွယ်ပေးပြီး အတွင်းတိမ်မဖြစ်အောင် တားမြစ်နိုင်ပါတယ်။

ခုခံအားစနစ်မြှင့်တင်နိုင်ခြင်း
လိုင်ချီးမှာ ပေါကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင် C တွေက ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်ဖို့နဲ့ ရောဂါကိုတိုက်ထုတ်ဖို့ လိုအပ်တဲ့ သွေးဖြူဥပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။

ထပ်မံရရှိနိုင်သောအကျိုးကျေးဇူးများ
– သွေးဖိအား ပုံမှန်ဖြစ်စေတာကြောင့် လေဖြတ်တာနဲ့ တခြားနှလုံးသွေးကြောရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
– အရေပြားအဆီအတွက် အာဟာရ ဖြစ်စေကာ ဝက်ခြံနဲ့ အညိုရောင် အမည်းစက် ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
– သူ့မှာပါဝင်တဲ့ ဗီတာမင်စီက ဦးရေ ပြားအတွင်း သွေးလှည့်ပတ်မှုကောင်းမွန် စေတာကြောင့် ရောဂါပိုးဝင်နိုင်ခြေ နည်း ပါးသွားပါတယ်။
– လိုင်ချီးမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက အမျိုးသားနဲ့ အမျိုးသမီးတွေ လိင် စိတ်နိုးကြွအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
– သွေးကြောသန်မာအောင် ကူညီနိုင် ပြီး အညိုအမည်းစွဲနိုင်ခြေလျော့နည်း နိုင်ပါတယ်။
– လိုင်ချီးမှာပါဝင်တဲ့ ဖလေဗိုနွိုက်တွေက ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ရောင်ရမ်းမှုနဲ့ တစ်သျှူးပျက်စီးတာကို ကုသဖို့ ထိရောက် မှုရှိနိုင်ပါတယ်။

သတိပြုရန်
– သူ့မှာအာဟာရဓာတ်တွေများစွာ ပါဝင်ပေမယ့် သကြားပါဝင်မှုလည်း များလွန်းတာကြောင့် ဆီးချိုရောဂါရှိသူတွေ များများမစားသင့်ပါ။
– လိုင်ချီးကို အလွန်အကျွံစားမိရင် ဟော်မုန်းမညီမျှမှုဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ မစားသင့်ပါ။ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့်ပါ။

#ဒေါက်တာခင်မိုးမိုး
#Health&Nutrition
#GoodHealthJournal_847

Post Author: Good Health Journal