လည်ပင်းကြီးတိုင်း လည်ပင်းကင်ဆာဖြစ်မှာ စိုးရိမ်ရလား

လည်ပင်းကြီးတိုင်း လည်ပင်းကင်ဆာရောဂါ ဖြစ် မဖြစ် ဆိုတာကို နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းထိုက်ကြည်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ 

Q. လည်ပင်းကြီးတိုင်း လည်ပင်းကင်ဆာဖြစ်မှာ စိုးရိမ်ရပါသလား ဆရာ။
A. လည်ပင်းကြီးတိုင်း ကင်ဆာဖြစ်မှာ မစိုး ရိမ်ရပါဘူး။ လည်ပင်းကြီးသူတွေရဲ့ ၈၅ ရာခိုင်နှုန်းက ကင်ဆာမဟုတ်ဘဲ ရိုးရိုး လည်ပင်းကြီးတာပါ။ ကျန်တဲ့ ၁၅ ရာခိုင် နှုန်းကသာ ကင်ဆာဖြစ်တတ်ကြပါတယ်။ ပြောမယ်ဆိုရင်တော့ လည်ပင်းကြီးတဲ့လူ ၁၀ ယောက်မှာ တစ်ယောက်၊ နှစ်ယောက် လောက်ပဲ ကင်ဆာ ဖြစ်ပါတယ်။

Q. လည်ပင်းကြီးတိုင်း ကင်ဆာဟုတ် မဟုတ် ဘယ်လိုသိနိုင်ပါသလဲ ဆရာ။
A. အကြမ်းဖျင်းပြောရရင် လည်ပင်းအကျိတ်ကြီးလာတယ်၊ အမျိုးသမီးတွေက ရိုးရိုးအကျိတ်ဖြစ်တာများပါတယ်။ အမျိုး သားတွေမှာတော့ အကျိတ်ဖြစ်တာနည်း တယ်၊ အဲဒီလို အကျိတ်ဖြစ်တာနည်းတဲ့ လူမှာ အကျိတ်ဖြစ်လာရင်တော့ ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

Q. လည်ပင်းကြီးရောဂါနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။
A. လည်ပင်းကြီးရောဂါဆိုတာ လည်ပင်း မှာရှိတဲ့ ဟော်မုန်းတွေထုတ်တဲ့ သိုင်းရွိုက် ဂလင်းက ကြီးလာတာပါ။ သိုင်းရွိုက်ဂလင်းဆိုတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးတယ်။ သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ် မှာ ကြွက်သားတွေအတွက်၊ အာရုံကြောတွေအတွက်၊ နှလုံးအတွက်၊ ဦးနှောက်အတွက်လည်း လိုအပ်တယ်။ ဒီဟော်မုန်းဓာတ်ကို စားလိုက်တဲ့ အစာထဲမှာပါတဲ့ အိုင်အိုဒင်းဓာတ်နဲ့ ဖွဲ့စည်းတယ်။ သိုင်း ရွိုက်ဂလင်းက အိုင်အိုဒင်းကို သိုင်းရွိုက် ဟော်မုန်းအဖြစ် ပြောင်းလဲထုတ်ပေးပါ တယ်။
လည်ပင်းကြီးရတာက စားတဲ့အစား အစာထဲမှာ အိုင်အိုဒင်းဓာတ်နည်းတာကြောင့်ပါ။ အိုင်အိုဒင်းဓာတ်ချို့တဲ့လို့ လည်ပင်းကြီးတာအတွက် စီမံချက်ချမှတ် ပြီး လုပ်ဆောင်နေပါတယ်။ အခုနောက် ပိုင်းတွေ့ရများတာကတော့ အိုင်အိုဒင်း ဓာတ်ချို့တဲ့တာကြောင့် မဟုတ်တဲ့ လည် ပင်းကြီးတာပါ။

Q. အိုင်အိုဒင်းဓာတ်ချို့တဲ့တာကြောင့် မဟုတ် တဲ့လည်ပင်းကြီးတာက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ ဆရာ။
A. အိုင်အိုဒင်းချို့တဲ့တာကြောင့် မဟုတ် တဲ့ လည်ပင်းကြီးတာကို လူလတ်ပိုင်း တွေမှာ တွေ့ရများပါတယ်။ ဘာကြောင့် လဲဆိုတော့ အိုင်အိုဒင်းဖြည့်စွက်ဆားတွေ စားသုံးတာကြောင့် အိုင်အိုဒင်းချို့တဲ့တာ သိပ်မတွေ့ရတော့ပါဘူး။ မြစ်ဝကျွန်းပေါ် ဒေသနဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြ သူတွေမှာတော့ အိုင်အိုဒင်းချို့တဲ့လို့ လည်ပင်းကြီးတာကို တွေ့ရများပါတယ်။

Q. လည်ပင်းကြီးတာက ဘယ်အရွယ်တွေမှာ အ ဖြစ်များပါသလဲ ဆရာ။
A. အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အသက်အငယ်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဆရာတွေ့ဖူးတာကတော့ ငါးနှစ်ကလေး မှာလည်းတွေ့ဖူးပါတယ်။ အသက်အကြီး ဆုံး ၇၀-၈၀ အရွယ်လည်း တွေ့ဖူးပါ တယ်။ အဖြစ်အများဆုံးအရွယ်ကတော့ အသက် ၁၈ နှစ်အောက်ပိုင်းနဲ့ ၃၆ နှစ် အထက်ပိုင်း အမျိုးသမီးတွေမှာ အဖြစ် များပါတယ်။ ကြားအသက်အရွယ်မှာ တော့ ရိုးရိုးလည်ပင်းကြီးတာ ပိုများပါ တယ်။ အမျိုးသားတွေမှာတော့ လည်ပင်း ကြီးတယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေ ပိုများ ပါတယ်။

Q. လည်ပင်းကြီးတာက ရိုးရိုးလည်ပင်းကြီးတာ အပြင် တခြားဘာတွေ ဖြစ်နိုင်ပါသေးလဲ ဆရာ။
A. လည်ပင်းကြီးတာက တချို့လည်း လည်ပင်းယောင်ယောင်လေးပဲ ကြီးတယ်။ ပိုပြီးအရေးကြီးတာက အကျိတ်တွေပါ။ ရိုးရိုးအကျိတ်ကြောင့် လည်ပင်းကြီးတာ ဖြစ်နိုင်သလို၊ ကင်ဆာအကျိတ်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။

Q. လည်ပင်းကင်ဆာက အဖြစ်များတဲ့ ရောဂါ တစ်ခုလို့ ပြောနိုင်ပါသလား ဆရာ။
A. လည်ပင်းကင်ဆာက အမျိုးသမီးတွေ မှာ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ တွေလောက် အဖြစ်မများပေမယ့် တခြား ရောဂါတွေထက်တော့ အဖြစ်များတဲ့အ ထဲမှာ ပါပါတယ်။ နိုင်ငံတကာမှာ အမျိုးသ မီး ၁၀ ယောက်မှာ တစ်ယောက်လောက် က လည်ပင်းကြီးရောဂါဖြစ်နိုင်တယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီနှုန်းလောက် တော့ ရှိပါတယ်။

Q. လည်ပင်းကြီးတယ်၊ မကြီးဘူးဆိုတာ ကို ကိုယ့် ဘာသာ ဘယ်လိုသိရှိနိုင်ပါသလဲ ဆရာ။
A. ကျွန်မ လည်ပင်းကြီးနေပြီလား စိုးရိမ် ပြီး ဆရာတို့ဆီကို လူနာအများစုလာပြ ကြပါတယ်။ အဲဒီလူတွေမှာ လည်ပင်းမ ကြီးပါဘူး။ စိုးရိမ်လွန်ပြီး လာပြကြတာပါ။ ဒါဆို လည်ပင်းကြီးတာကို ဘယ်လိုသိနိုင် မလဲဆိုရင် အကြမ်းဖျင်းပြောရရင် မြင်နေ ရတဲ့အကျိတ်က လက်မအရွယ်ထက်ကြီး တယ်ဆိုရင် လည်ပင်းကြီးတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါ တယ်။

Q. လည်ပင်းမကြီးအောင် ဘယ်လိုကာကွယ်ထား နိုင်တယ်ဆိုတာကိုလည်း သိချင်ပါတယ်ဆရာ။
A. လည်ပင်းမကြီးအောင် ကာကွယ်မှု အနေနဲ့ကတော့ အိုင်အိုဒင်းဆားကို စား ပေးရပါမယ်။ လည်ပင်းကင်ဆာမဖြစ် အောင် ကာကွယ်ဖို့ကတော့ ဓာတ်ရောင် ခြည်မထိအောင် နေပါ။ ဒါကလည်း မြန် မာနိုင်ငံမှာနေသူတွေအတွက် သိပ်တော့ မစိုးရိမ်ရပါဘူး။

Q. အိုင်အိုဒင်းဆား စားသုံးမှုနဲ့ ပတ်သက်ပြီး လည် ပင်းကြီးသူတွေအနေနဲ့ မစားသင့်ဘူးလို့ အရပ် ထဲမှာ ထင်မြင်ယူဆနေတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာ။
A. လည်ပင်းကြီးတယ်၊ ဟော်မုန်းဓာတ် ထုတ်တာ မပြောင်းလဲဘူး။ တချို့ကတော့ လည်ပင်းကြီးတယ်၊ ဟော်မုန်းဓာတ်တွေ ထွက်တာ များလာတယ်ဆိုရင် လူက ရင် တုန်လာတယ်၊ မောလာတယ်၊ ပိန်လာ တယ်၊ စိတ်တိုလွယ်လာတယ်၊ ၀မ်းပျက် ၀မ်းလျှောဖြစ်လာတယ်၊ သိသာတဲ့အချက် ကတော့ မျက်လုံးပြူးလာတယ်။ လည်ပင်းမကြီးပေမယ့်လည်း ဟော်မုန်းဓာတ် များနေရင် ဖြစ်တတ်ပါတယ်။ အဲဒီလို ဟော်မုန်းများတာနဲ့ တွဲလာတတ်တဲ့ လူနာတွေမှာတော့ ဟော်မုန်းဓာတ်တွေ ပုံမှန် ပြန်ဖြစ်အောင် ထိန်းပေးရပါတယ်။ ဟော်မုန်းဓာတ်တွေ ပုံမှန်သွားအောင် ဆေးတွေနဲ့ ထိန်းပြီးမှ ကြီးနေတဲ့အကျိတ် ကို ခွဲစိတ် ဖယ်ရှားပေးပါတယ်။ တကယ် လို့ လူနာက မခွဲစိတ်ချင်ဘူး ဆိုရင်တော့ ဆေးတွေပေးပြီး စောင့်ကြည့်ပါတယ်။ အိုင်အိုဒင်းဆားက ဘယ်အချိန်မှာ စား တာရပ်သင့်လဲဆိုရင် လည်ပင်းကြီးပြီး ဟော်မုန်းထုတ်လုပ်တာလည်း များနေတဲ့ အခြေအနေမျိုးမှာ ဆက်ပြီး မစားသင့် တော့ပါဘူး။ အိုင်အိုဒင်းဆား စားသုံးမှုကို ရပ်လိုက်တာနဲ့တော့ မသက်သာ တတ်ပါ ဘူး။ ဟော်မုန်းဓာတ်ထိန်းတဲ့ ဆေးတွေ သောက်ပေးဖို့ လိုပါတယ်။

Q. ဟော်မုန်းဓာတ်နည်းပြီး လည်ပင်းကြီးတာကို လည်း ရှင်းပြပေးပါဦး ဆရာ။
A. လည်ပင်းနည်းနည်းလေးပဲ ကြီးပြီး ဟော်မုန်းဓာတ်နည်းသွားတာလည်း ရှိပါ သေးတယ်။ ဟော်မုန်းဓာတ်များတာရဲ့ ဆန့်ကျင်ဘက်ပုံစံတွေ ပြောင်းလဲလာပါ တယ်။ ခြေဖျားလက်ဖျား အေးတယ်၊ ၀လာတယ်၊ ၀လာတာက ကျန်းမာပြီး နေကောင်းတဲ့လူလို ၀တာမျိုးမဟုတ်ဘူး။ အသားအရေကြမ်း တမ်းပြီး ဖြူရော်ရော် ဖြစ်တယ်၊ အသံအောလာတယ်၊ လေး လာတယ်၊ အိပ်ချိန်များလာတယ်၊ နှေး လာတယ်၊လေးလာတယ်။ လည်ပင်းအ ကျိတ်ကို ခွဲစိတ်ပြီး လုံးဝဖယ်ရှားလိုက် ရင်လည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းဓာတ်ကို ပြန်ဖြည့်ပေးရပါတယ်။ မခွဲမစိတ်ဘဲထားရင်လည်း ကင်ဆာဖြစ် မှာ စိုးရိမ်ရပါတယ်။ ဒါတွေကိုတော့ ဆရာဝန်က ချင့်ချိန်ပြီး လုပ်ရပါတယ်။

Q. လည်ပင်းကြီးတာနဲ့ ပတ်သက်ပြီး ဆရာရဲ့ အကြံပြုချက်ကိုလည်း သိချင်ပါတယ်။
A. လည်ပင်းကြီးတာက အဖြစ်များ တယ်။ ကိုယ့်ဘာသာကိုယ်လည်း စမ်း သပ်နိုင်ပါတယ်။ ကိုယ့်လက်မနဲ့ တိုင်း ကြည့်ပြီး ကြီးတယ်လို့ထင်ရင် သိပ်မကြီး ခင် ဆရာတို့နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါ တယ်။ ကြီးသွားရင် ဟော်မုန်းဓာတ်တွေ များနေလား၊ ကင်ဆာဖြစ်နေပြီလား၊ ရိုးရိုး အကျိတ်လား၊ အရည်ကျိတ်လားဆိုတာ ခွဲခြားဖို့ ဓာတ်မှန်ရိုက်ကြည့်ပါတယ်။လေ ပြွန်ဖိမိတာ၊ ကျပ်သလိုခံစားနေရတာတွေ ဖြစ်ရင်တော့ ခွဲစိတ်ဖယ်ရှားပေးပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
တွေ့ဆုံမေးမြန်းသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *