လည်ပင်းမှာ ငါးရိုးစူးခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

ကျွန်မက အရိုးစူးမှာ ကြောက်လို့ ငါးဟင်းစားတိုင်း စိုးရိမ်နေတဲ့ကြားက အရိုးစူးဖြစ်အောင် စူးတတ်သူပါ။ ကျွန်မ လိုပဲ မကြာခဏ ငါးအရိုးစူးတတ်သူတွေ ဖြစ်စေ တချို့လည်း ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတစ်ရံမှ အရိုးစူးသူတွေဖြစ်စေ လွယ်ကူတဲ့ အိမ်တွင်းနည်းလမ်းလေးတွေ ကို မျှဝေချင်ပါတယ်။

သံလွင်ဆီ
သံလွင်ဆီစစ်စစ်ကို ဇွန်းတစ်ဇွန်းထဲ အပြည့်ထည့်ပြီး သောက်ပေးပါ။ လည် ချောင်းအတွင်း ချောမွေ့သွားတာကြောင့် အရိုးက အောက်ဘက်ကို တဖြည်းဖြည်း ချသွားနိုင်ပါတယ်။

သံပရာရည်
ငါးအရိုးစူးတဲ့အခါ သံပရာရည် တစ်ခွက်သောက်လိုက်ပါ။ သံပရာသီးရဲ့ အက်စစ်ဓာတ်က လည်ချောင်းမှာ စူးနေ တဲ့ အရိုးရဲ့ အဖျားလေးတွေကို စားသွား စေပြီး အရိုးအောက်ကို ကျသွားစေဖို့ ကူညီပေးပါတယ်။

ပန်းသီးရှလကာရည်
ငါးအရိုးစူးချိန်မှာ သံပရာရည်ဖျော်ဖို့ အလွယ်တကူ အဆင်မပြေတဲ့အခါမျိုးမှာ ပန်းသီးရှလကာရည်ကို အစားထိုး အသုံး ပြုနိုင်ပါတယ်။ ပန်းသီးရှလကာရည် တစ် ဇွန်းသောက်ပေးရမှာပါ။ အရသာကို မခံနိုင်ပါက ရေနဲ့ ရောပြီး သောက်ပါ။

မြေပဲထောပတ်
လည်ချောင်းထဲမှာ အရိုးစူးနေတဲ့အ ခါ မြေပဲထောပတ် စားသုံးနိုင်ပါတယ်။ မြေပဲထောပတ် တစ်ဇွန်းစာကို မ၀ါးဘဲ မျိုချပေးပါ။ မြေပဲထောပတ်ရဲ့ စေး ကပ်ကပ် ဖြစ်မှုက ငါးအရိုးကိုပါ လည် ချောင်းထဲက အောက်ကိုချသွားအောင် ယူသွားနိုင်ပါတယ်။

ငှက်ပျောသီး
ငါးအရိုးစူးတဲ့အခါ ငှက်ပျောသီးက အလွယ်အကူရယူနိုင်ပြီး အထိရောက် ဆုံးလို့လည်း ပြောနိုင်ပါတယ်။ ငှက်ပျော သီးကို ကြီးကြီးကိုက်ပြီး မျိုချလိုက်ပါ။ ငှက်ပျောသီးနဲ့အတူ ငါးအရိုးပါ အောက် ကို ကျသွားနိုင်ပါတယ်။ ငှက်ပျောသီး စားပြီးတဲ့အခါ ရေတစ်ဖန်ခွက် သောက် လိုက်ပါ။

Marshmallows
ငါးအရိုးစူးတဲ့အချိန် သင့်အိမ်မှာ ငှက်ပျောသီး ၀ယ်ထားတာ အဆင်သင့် မရှိဘဲ စားနေကျ Marshmallows တွေ ရှိနေရင်လည်း စားလို့ရပါတယ်။ အရ သာချိုပြီး ဖော့ဖတ်လေးလို ၀ါးလိုက်တဲ့ အခါ ကပ်စေးစေးနဲ့ သွားမှာကပ်တတ် တဲ့ Marshmallows က လည်ချောင်း ထဲက အရိုးကိုပါ အောက်ကိုကျသွား အောင် တစ်ခါတည်း ယူသွား နိုင်ပါတယ်။

ပေါင်မုန့်
လည်ချောင်းထဲမှာ ငါးအရိုးစူးခဲ့ရင် ပေါင်မုန့်ကို ရေ ဒါမှမဟုတ် နွားနို့ထဲ ထည့်စိမ်ပြီး မ၀ါးဘဲ မျိုချလိုက်ပါ။ ငါး အရိုးက ပေါင်မုန့်နဲ့အတူ အစာအိမ်ထဲ တစ်ခါတည်း ပါသွားမှာ ဖြစ်ပါတယ်။

ထမင်း
အလွယ်ဆုံးပါပဲ။ အိမ်တိုင်းမှာလည်း အဆင်သင့်ရှိနေတတ်ပါတယ်။ အဲဒါက တော့ ငါးအရိုးစူးတဲ့အခါ ထမင်းစားခန်း ထဲဝင်ပြီး ထမင်းအိုးထဲက ထမင်းကို တစ်ခါမျိုချနိုင်လောက်တဲ့ အနေလောက် အလုံးလေးတွေ လုံးပြီးမစားဘဲ မျိုချ လိုက်ပါ။ ငါးအရိုးက ထမင်းတွေနဲ့အတူ ရောပြီး အောက်ကို ကျသွားမှာ ဖြစ်ပါ တယ်။

Tips 
အထက်ပါ အလွယ်နည်းလမ်းတွေ နဲ့ လည်းချောင်းထဲမှာ စူးနေတဲ့ ငါးအရိုး ကို မဖယ်ရှားနိုင်ဘူး၊ နေရထိုင်ရ ခက်ခဲ နေတယ်၊ စိတ်အနှောင့်အယှက်လည်း ဖြစ်နေတယ်ဆိုရင် အရိုးက အတွင်း ဘက်ထဲအထိ စူးဝင်နေတာဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသပြီး ဖယ်ရှားဖို့ လိုပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *