လျစ်လျူမရှုသင့်သော ဓမ္မတာပြဿနာများ

ဓမ္မတာစက်ဝန်းဆိုတာက အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်ဖို့ ကြို တင်ပြင်ဆင်တဲ့အနေနဲ့ သူ့ခန္ဓာကိုယ်အတွင်းက လစဉ်လတိုင်း ပြောင်းလဲမှုဖြစ်စဉ်တစ်ခု ပါ။ လတိုင်း မမျိုးဥအိမ်ကနေ မျိုးဥတွေ ကြွေကျပါတယ်။ မျိုးဥကြွေနေစဉ်အတွင်း သားအိမ်ကို သန္ဓေသားကပ်တွယ်နိုင်ဖို့အတွက် ဟော်မုန်းအပြောင်းအလဲ ပြုလုပ်ကာ ပြင်ဆင်ပေးပါတယ်။ တကယ်လို့ မျိုးဥက သန္ဓေမအောင်ခဲ့ရင် သားအိမ်အမြှေးပါး တွေ ကွာကျပြီး မိန်းမကိုယ်ကနေ သွေးဆင်းလာတာကို ဓမ္မတာလာတယ်လို့ ခေါ်ပါ တယ်။

ဓမ္မတာနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေ
♦ ဓမ္မတာစက်ဝန်းဟာ ၂၆-၃၂ ရက်အတွင်းမှာ ရှိရပါမယ်။
♦ သွေးဆင်းတဲ့အခါမှာ သွေးရောင်ဟာ ခရင်မ်ဘယ်ရီဖျော်ရည်အရောင်အတိုင်း ရှိရပါမယ်။
♦ သွေးခဲတုံးတွေ မဆင်းရပါဘူး။
♦ သွေးဆင်းများရမှာ ဖြစ်ပေမဲ့ တစ်နာရီ တစ်ကြိမ် အိမ်သာထဲ သွားရလောက် အောင်တော့ မများသင့်ပါဘူး။
♦ မနက်အိပ်ရာထခါစမှာ ဓမ္မတာ စတင်ပေါ်လာတာက သင့်ကျန်းမာရေးအလွန် ကောင်းမွန်တဲ့အခြေအနေပါ။
♦ ဘောင်းဘီမှာ အညိုရောင်အကွက်တွေ မစွန်းရပါဘူး။ အနီရဲရဲတောက်တောက် အရောင်သာ ဖြစ်ရပါမယ်။
♦ ဓမ္မတာတစ်ကြိမ်မှာ ၄-၇ ရက်အတွင်း ရှိရပါမယ်။ ဒီရက်ထက် ပိုမရှည်သင့်သလို ပိုလည်း မတိုသင့်ပါဘူး။
♦ သားအိမ်မှာ အနည်းငယ် နာကျင်တာက ပုံမှန်အခြေအနေပါ။ နာကျင်တဲ့အတွက် လစဉ်လတိုင်းဆေးသောက်နေရတာကတော့ ပုံမှန်အခြေအနေမဟုတ်ပါဘူး။
♦ ဓမ္မတာပြီးဆုံးသွားပြီး များမကြာမီအချိန်မှာ မျိုးဥကြွေဖို့ အဆင်သင့်ပြင်ဆင်ထား တဲ့အတွက် သားအိမ်ခေါင်းရည်အနည်းငယ်ထွက်တာကို မြင်နေရရင် သင့်မှာ ကလေး ရနိုင်စွမ်း ရှိပါတယ်။
♦ ဓမ္မတာအကြို ကိုက်ခဲတာက ပုံမှန်အခြေအနေပါ။ ဓမ္မတာစက်ဝန်းအလယ် လောက်မှာ သင့်အနေနဲ့ လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်တတ်ပါတယ်။ ဓမ္မတာ ပြီးဆုံးခါနီးကာလမှာတော့ အာရုံစူးစိုက်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်း ပိုမိုကောင်းမွန်လာပါ တယ်။

ဓမ္မတာနှင့်ပတ်သက်ပြီး ပုံမှန်မဟုတ်သော အခြေအနေ
အောက်ပါတို့ဟာ ဓမ္မတာနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့အခြေအနေတွေဖြစ် နိုင်တာကြောင့် လျစ်လျူမရှုသင့်ဘဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

♦ ဓမ္မတာ မလာခြင်း
ဓမ္မတာမလာတာ နှစ်လထက်ကျော်နေရင် သင့်မှာ သိုင်းရွိုက်ပြဿနာ၊ စိတ်ဖိစီး မှုများတာ၊ လေ့ကျင့်ခန်းအလုပ်လွန်တာ၊ အစာရှောင်လွန်းတာ၊ ဟော်မုန်းညီညွတ်မျှတ မှုမရှိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
တစ်ခါတလေမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေကြီးထွားမှုဖြစ်စဉ်ကြောင့် ဖြစ်တတ်ပြီး ကင်ဆာဖြစ်နိုင်တာမို့ သားဖွားနဲ့ မီးယပ်ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

♦ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း
သင်ဟာ သန္ဓေတားဆေးကို မှီဝဲနေသူဖြစ်ရင် ဓမ္မတာစက်ဝန်းတစ်ခုနဲ့တစ်ခုကြား ပုံမမှန်သွေးဆင်းတာက ပုံမှန်အခြေအနေပါ။ ဒီလိုဖြစ်နေရင်တောင်မှ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မမျိုးဥအိမ်အတွင်း အရည်အိတ်တည်နိုင်တာ ဒါမှမဟုတ် ကင်ဆာ ဆဲလ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့်ပါ။

♦ ဓမ္မတာအကြိုဝေဒနာ ဆိုးဆိုးရွားရွားခံစားရခြင်း
ဓမ္မတာလာစဉ်မှာ စိတ်နေစိတ်ထားအပြောင်းအလဲများတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာ၊ အစာစားချင်စိတ်ပြင်းထန်တာ၊ ဒေါသမထိန်းနိုင်တာတွေက ဆိုးဆိုး ရွားရွားဖြစ်နေခဲ့ရင် စိတ်ကျဝေဒနာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

♦ သွေးခဲတုံးများ ဆင်းခြင်း
သွေးခဲတုံးလေးတွေ တစ်ခါတလေ ဆင်းတာလောက်က ဘာပြဿနာမှ မရှိပါ ဘူး။ တစ်ခါတလေမှာ ဓမ္မတာ သွေးဆင်းများလွန်းတာကြောင့် သွေးခဲတုံးလေးတွေ ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ သွေးဆင်းတာရဲ့ လေးပုံတစ်ပုံလောက်က သွေးခဲတုံး တွေဖြစ်နေခဲ့ရင် သတိပေးလက္ခဏာပါ။ သားအိမ်အတွင်း အလုံးရှိတာကြောင့် ဖြစ်နိုင် ပါတယ်။ သွေးခဲတုံးဆင်းတာက ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါ တယ်။ အကယ်၍ သားအိမ်တွင်းထည့်ပစ္စည်းက ကော့ပါးနဲ့ ပြုလုပ်ထားခဲ့ရင်လည်း သွေးခဲတုံးတွေ ကျနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပြသပါ။

♦ သွေးဆင်းရက်များလွန်းခြင်း
အမျိုးသမီးသုံး လစဉ်ပစ္စည်းကို တစ်နာရီ တစ်ကြိမ် လဲလှယ်ရရင် သွေးဆင်း များတယ်လို့ သတ်မှတ်ပါတယ်။ သွေးဆင်းရက် ၁၀ ရက်ထက်ကျော်ရင်လည်း သွေး ဆင်းတာ များတယ်လို့ သတ်မှတ်ပါတယ်။ ဒီလိုဖြစ်တာက သားအိမ်အတွင်း အလုံး ရှိတာကြောင့် ဖြစ်နိုင်ပြီး သွေးအားနည်းရောဂါဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ချက် ချင်း ပြသဖို့ လိုပါတယ်။

♦ သင် ရှိရင်းစွဲရောဂါ ပိုမိုဆိုးရွားလာခြင်း
သင့်မှာ ရင်ကျပ်ပန်းနာ၊ စိတ်ကျရောဂါ၊ ဆီးချို ဒါမှမဟုတ် အဆစ်ရောင်ရောဂါတွေ ရှိပြီး ဒီရောဂါတွေဟာ ဓမ္မတာလာစဉ်မှာ အခြေအနေ ပိုမိုဆိုးရွားခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။

♦ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုဖြစ်ခြင်း
အရင်က ဓမ္မတာ သွေးဆင်းရက်တိုပြီး အခုမှ ရက်ရှည်ကြာလာရင် ဒါမှမဟုတ် အရင်က သွေးဆင်းတာများပြီး အခုမှ သွေးဆင်းတာ နည်းခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း တွေ့ဖို့ လိုအပ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်သလို သင့်ခန္ဓာကိုယ် အတွင်းက ကျန်းမာရေးပြဿနာကြောင့်လည်း ဖြစ်နိုင်တဲ့အတွက်ပါ။

♦ ဓမ္မတာမမှန်ခြင်းမှ ကာကွယ်နိုင်စေရန်
သန္ဓေတားဆေးဝါး သောက်သုံးရုံနဲ့ ဓမ္မတာမှန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီဆေးဝါးက ဓမ္မတာမှန်အောင် ထိန်းချုပ်ပေးနိုင်သလို ဓမ္မတာနဲ့ပတ်သက်တဲ့ ဝေဒနာ တွေကိုလည်း ထိထိရောက်ရောက်ကုသပေးနိုင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *