လက်သည်းကျန်းမာရေးအကြောင်း သင်ဘယ်လောက်သိပါသလဲ

၁။ လက်သည်းကို တံစည်းနဲ့ညှိတဲ့အခါ ဘယ်လိုနည်းက အကောင်းဆုံးလဲ။
(က) ရှေ့တိုးနောက်ဆုတ်ညှိတာ
(ခ) လားရာတစ်ဖက်တည်းညှိတာ

၂။ လက်သည်းတွေ အားနည်းတာဘာ ကြောင့်လဲ။
(က) ကဖင်းဓာတ်တွေ သောက်တာများလို့
(ခ) ဗီတာမင်ချို့တဲ့လို့
(ဂ) လက်သည်းညှိတာ ပုံစံမကျလို့

၃။ လက်သည်းမာစေတဲ့ဆေးမှာ ဘယ် အရာပါတာ ရွေးဝယ်ရမလဲ။
(က) ၤFormaldehyde
(ခ) ကယ်လ်စီယမ်
(ဂ) Nylon

၄။ လက်သည်းလိုးရှင်းတွေက လက် သည်းကို အားနည်းစေနိုင်လား။
(က) မှန်
(ခ) မှား

၅။ လက်သည်းတစ်ဖက်က တခြားတစ် ဖက်ထက် အရှည်ပိုမြန်လေ့ရှိလား။
(က) စိတ်ထင်တာပါ
(ခ) တကယ် ပိုမြန်တာပါ

၆။ လက်သည်းအလှပြင်တဲ့အခါ လက် သည်းပန်းကုံးလေးတွေ ညှပ်ပေးမယ် ဆိုရင်
(က) ငြင်းလိုက်ပါ
(ခ) သတိထားပြီး အညှပ်ခံပါ

၇။ အကယ်လို့များလက်သည်းပန်းကုံး လေးတွေ ညှပ်မိသွားပါက အိမ်ပြန် ရောက်တာနဲ့ ဘာလုပ်သင့်လဲ။
(က) အရက်ပြန်နဲ့ဆေးပါ
(ခ) လက်သည်းပန်းကုံး ခရင်(မ်) လူးပါ
(ဂ) ၂ မျိုးလုံးလုပ်ပါ

၈။ လက်သည်းတွေသန်မာစေဖို့ နည်း မရှိဘူး။
(က) မှန်
(ခ) မှား

၉။ သင်စားတဲ့အစာက သင့်လက်သည်း ပုံသဏ္ဌာန်ကို ပြောင်းစေနိုင်လား။
(က) မှန်
(ခ) မှား

၁၀။ ဘယ်လက်သည်းနီအရောင်က လက်သည်းတွေကို ဝါကျင်စေနိုင်သလဲ။
(က) ပန်းရောင်ဖျော့
(ခ) အနီရဲရဲ
(ဂ) ၂မျိုးလုံး

၁၁။ တချို့ရက်တွေမှာ လက်သည်း ဆိုးဆေးမဆိုးဘဲ ထားသင့်ပါတယ်။
(က) မှန်
(ခ) မှား

၁၂။ ခြေသည်းညှပ်တဲ့အခါ ခြေသည်း အတိုင်း အဝိုင်းညှပ်ပေးတာက ပိုကောင်း ပါတယ်။
(က) မှန်
(ခ) မှား

ကဲ . . .  အဖြေလေးတွေကို ဖြေကြည့်ရအောင်နော် ♥ ♥ ♥

၁။ (ခ) လားရာတစ်ဖက်ထဲညှိတာ
လက်သည်းကိုတံစည်းနဲ့ညှိရင် လားရာတစ်ဖက်ထဲကိုညှိပေးပါ။ ရှေ့တိုး နောက်ဆုတ်ညှိရင် လက်သည်းတွေကို ဖွာစေပြီး ပဲ့စေပါတယ်။

၂။ (ခ) ဗီတာမင်ချို့တဲ့လို့
ဖော်လစ်အက်စစ်နဲ့ ဗီတာမင် B12 တို့လို ဗီတာမင်ဘီတွေ လုံလောက်စွာ မရတာက လက်သည်းတွေကို အားနည်း စေ၊ ပဲ့စေ၊ ကွာစေပါတယ်။ ဖောလစ် အက်စစ်တွေ လုံလောက်စွာရဖို့ဆိုရင် ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံတွေနဲ့ ကွေ ကာအုတ်တွေစားပေးပါ။

၃။ (ဂ) Nylon
Nylon နဲ့ Sulfhydryl Protein ပါတဲ့ လက်သည်းမာဆေးတွေက လက်သည်းပေါ်အလွှာတစ်ထပ် ထပ်ပေး ခြင်းဖြင့် လက်သည်းဖွဲ့စည်းပုံတွေကို အားကောင်းစေပါတယ်။ ကယ်လ်စီယမ် နဲ့ ဖော်လ်မယ်လ်ဒီဟိုက်ပါတဲ့ လက် သည်းတွေကလည်း လက်သည်းတွေကို မာစေပါတယ်။ ဒါပေမဲ့ အရမ်းမာစေလို့ ကျိုးမှာတောင်စိုးရပါတယ်။

၄။ (ခ) မှား
လက်သည်းအားဖြည့်ပေးတဲ့ ခရင်(မ်)လို့လည်း ခေါ်တဲ့လက်သည်း ဆိုးဆေးတွေက လက်သည်းကို ရေဓာတ် ဖြည့်ပေးပြီး လိုက်လျောညီထွေအောင်လုပ်ဆောင်ပေးလို့ တစ်ခုခုနဲ့တိုက်မိတဲ့ အခါ မကျိုးနိုင်တော့ပါဘူး။
Mineral Oil တွေနဲ့ ဂလစ်စရင်း တွေလို အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ပစ္စည်းတွေရယ်၊ Petroleum နဲ့ Beewax တို့လို ကပ်စေးစေတဲ့ ပစ္စည်း တွေပါတဲ့ လက်သည်းအားဖြည့်ဆေး တွေကို ရှာဝယ်ပါ။ အာနိသင်က ချက် ချင်းမပေါ်လို့ စိတ်ရှည်ရှည်ထားပြီးတော့ အသုံးပြုပေးရပါမယ်။

၅။ (ခ) တကယ်ပိုမြန်တာပါ
တကယ်ပါ။ လက်သည်းတွေက ကိုယ်ပိုအသုံးပြုတဲ့ဘက်မှာ ပိုအရှည် မြန်ပါတယ်။ ဒါ့အပြင် လက်သည်းတွေက ခြေသည်းတွေထက်လည်း ပိုပြီး အရှည် မြန်ပါတယ်။

၆။ (က) ငြင်းလိုက်ပါ
အသန့်ရှင်းဆုံးလို့ပြောရမယ့် လက်သည်းအလှပြင်ဆိုင်မှာတောင် သင်ရဲ့ လက်သည်းပန်းကုံးလေးတွေကို ညှပ်မိရင် ပိုးဝင်နိုင်ပါတယ်။ ဒါကြောင့် စိတ်ချရအောင် လက်သည်းပန်းကုံးတွေ ညှပ်မလားမေးရင် ငြင်းလိုက်ပါ။

၇။ (ခ) လက်သည်းပန်းကုံး ခရင်(မ်) လူး ပါ
လက်သည်းပန်းကုံးလေးတွေ ညှပ် မိပါက လက်သည်းပန်းကုံးလေးတွေက လက်သည်းမျက်နှာပြင်ကနေ ကွာနေ တတ်တာကြောင့် မြန်မြန်ခြောက်စေပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် လက် သည်းပန်းကုံးတွေညှပ်မိပါက လက် သည်းလိမ်းဆီဒါမှမဟုတ် ခရင်(မ်) ခပ် ပျစ်ပျစ်ကို ချက်ချင်းလိမ်းလိုက်ပါ။ ဒါ့ အပြင် ခြောက်သွား၊ မာသွားတာမျိုး မဖြစ်အောင် ထပ်ခါထပ်ခါလိမ်းပေးပါ။

၈။ (ခ) မှား
Biotin လို့ခေါ်တဲ့ Vitamin B7 က အားနည်းပြီး ကြွပ်ဆတ်တဲ့ လက် သည်းတွေအတွက်ကောင်းစေပြီး လက် သည်းအထူကို ၂၅ ရာခိုင်နှုန်းအထိ ပိုထူ စေပါတယ်။

၉။ (က) မှန်
သံဓာတ်နဲ့ အသားဓာတ်လုံလောက် စွာမရသူတွေမှာ လက်သည်းစွန်းတွေ လန်ပြီး ဇွန်းပုံသဏ္ဌာန်လက်သည်းမျိုး ဖြစ်တတ်ပါတယ်။

၁၀။ (ဂ) ၂မျိုးလုံး
လက်သည်းဆိုးဆေးတွေက လက် သည်းဆီကို လေမရောက်အောင်ပြုလုပ် ပေးလို့ လက်သည်းဆိုးဆေးဘယ်အ ရောင်ပဲဖြစ်ဖြစ် လက်သည်းတွေကို ဝါ ကြင်စေပါတယ်။ အရောင်ရင့်တွေဖြစ်တဲ့ အနီ၊ ခရမ်း၊ အနက်၊ အပြာရောင်တွေဆို လက်သည်းကိုပါ အရောင်စွန်းစေလို့ အဝါရောင်ပိုရင့်စေပါတယ်။ လက် သည်းအပေါ်ယံလွှာကို တိုက်ချွတ်တဲ့ တံစဉ်းနဲ့တိုက်ပါက စက္ကန့်ပိုင်းအတွင်း အဝါရောင်တွေ ပျောက်သွားမှာပါ။ ဒါပေမဲ့ အရမ်းမာတဲ့ တံစဉ်းတော့ မသုံး ပါနဲ့။ ခပ်ကြမ်းကြမ်းပွတ်တိုက်ရင် လက် သည်းအလွှာတွေ အများကြီး ဖယ်ရှား လိုက်သလိုဖြစ်သွားမှာပါ။

၁၁။ (က) မှန်
ဒါမှသာ လက်သည်းအောက်ခြေထိ အောက်ဆီဂျင်ရောက်ရှိပြီး ပန်းရောင် သန်းတဲ့ ကျန်းမာတဲ့ လက်သည်းတွေ ရရှိမှာပါ။ လက်သည်းဆိုးဆေးမသုံးဘဲ လက်သည်းတိုက်တဲ့ တံစဉ်းအနုစား လေးတွေနဲ့ တိုက်ပေးတာက လက် သည်းကို သဘာဝကျကျကျန်းမာလှပစေ နိုင်မှာပါ။

၁၂။ (ခ) မှား
ခြေသည်းတွေကို အတည့်အတိုင်း ညှပ်ပေးပြီး ခလယ်နားမှ ခပ်ဝိုင်းဝိုင်းညှပ် ပေးပါ။ ဒါမှသာ ခြေသည်းတွေ သန်မာပြီး ခြေစွယ်ငုပ်တာတွေ မဖြစ်တော့မှာပါ။ အရမ်းကျပ်တဲ့ ဖိနပ်တွေလည်း မစီးပါနဲ့။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *