WHO  က အမှားဟု ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အယူအဆများ

ကမ္ဘာ့နိုင်ငံအများအပြားသို့ ပျံ့နှံ့ လျက်ရှိတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် COVID-19  နဲ့ပတ်သက်ပြီး လူအများ ပြောဆိုနေတဲ့ အယူအဆများစွာရှိတဲ့အ ထဲက WHO က အောက်ပါအချက်အ လက်တွေကို အယူအဆအမှားတွေလို့ ထုတ်ပြန်ထားပါတယ်။

♦ ၁။ လက်ခြောက်စက်က ကိုရိုနာဗိုင်း ရပ်စ်အသစ်ကို သေဆုံးစေနိုင်ပါတယ်
WHO ရဲ့ အဆိုအရ လက်ခြောက် စက်တွေက အခုဖြစ်ပေါ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို သုတ်သင်ဖို့အတွက် ထိရောက် မှုမရှိဘူးလို့ ဆိုပါတယ်။ COVID-19 ကိုကာကွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက မကြာခဏ လက်ဆေးတာ ဒါမှမဟုတ် အယ်လ်ကိုဟောပါဝင်တဲ့ လက်ဆေးရည်နဲ့ လက်ဆေးပြီး စက္ကူတစ်သျှူးနဲ့ သုတ်တာ ဒါမှမဟုတ် လေ ထဲမှာ အခြောက်ခံတာဖြစ်တယ်လို့ ဆိုပါ တယ်။

♦ ၂။  ခန္ဓာကိုယ်ပေါ်ကို အရက်ပြန် ဒါမှမ ဟုတ် ကလိုရင်းနဲ့ ဖျန်းရင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကို ဖယ်ရှားနိုင်ပါတယ်
အရက်ပြန်၊ ကလိုရင်းနဲ့ အရာဝတ္ထုမျက်နှာပြင်တွေကို သန့်ရှင်းရေးလုပ်တာ က ပိုးမွှားတွေကို ဖယ်ရှားနိုင်တဲ့အကောင်း ဆုံးနည်းလမ်းဖြစ်ပေမယ့် ဒီဓာတုပစ္စည်း တွေကို ခန္ဓာကိုယ်ပေါ် ပက်ဖျန်းနေတာက သင့်ခန္ဓာကိုယ်ထဲ ကူးစက်ပြီးဖြစ်နေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို မသေစေနိုင်ပါဘူး။ ဒီဓာတုပစ္စည်းတွေက အဝတ် ဒါမှမဟုတ် မျက်လုံး၊ ပါးစပ်လိုမျိုး အမြှေးပါးတွေကို ထိမိရင် အန္တရာယ်ရှိပါတယ်လို့  WHO က ထုတ်ဖော်ထားပါတယ်။

♦ ၃။ တရုတ်ပြည်ကလာတဲ့ လက်ဆောင် ပစ္စည်းထုပ် ဒါမှမဟုတ် စာတွေကို လက်ခံ ယူတာက အန္တရာယ်ရှိပါတယ်
တရုတ်ပြည်က ထုပ်ပိုးပစ္စည်းတွေ ကို လက်ခံရုံနဲ့ ဒီရောဂါပိုးကူးစက်ခံရမှာ မဟုတ်ဘူးလို့ WHO က ဆိုထားပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက မျက်နှာပြင်ပေါ်မှာ ကြာရှည်စွာ အသက်မရှင်နိုင်တာကြောင့် လို့ ဆိုပါတယ်။

♦ ၄။ အိမ်မွေးတိရစ္ဆာန်ကတစ်ဆင့် ကိုရို နာဗိုင်းရပ်စ်အသစ် ကူးစက်နိုင်ပါတယ်
တိရစ္ဆာန်ကနေ တချို့အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်ပြန့်ပွားနိုင် ပေမယ့် အခုဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်း ရပ်စ်ပိုးအသစ်ကတော့ အိမ်မွေးတိရစ္ဆာန် တွေမှာ ကူးစက်နိုင်တာကို ယခုအချိန်အ ထိ သက်သေမပြနိုင်သေးဘူးလို့ WHO က ထုတ်ဖော်ထားပါတယ်။ ဒါပေမဲ့လည်း တိရစ္ဆာန်တွေကို ကိုင်ပြီးတိုင်း သင့်လက် ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောဖို့ တော့ လိုအပ်တယ်လို့ WHO က အကြံ ပေးထားပါတယ်။ ဒါမှ တိရစ္ဆာန်ပေါ်မှာ ရှိတဲ့ Ecoli နဲ့ ဆယ်မိုနဲလ်လားလိုမျိုး ဘက် တီးရီးယားတွေရဲ့ ကူးစက်မှုကနေ ကာ ကွယ်နိုင်မှာပါလို့လည်း ဆိုပါတယ်။

♦ ၅။ နမိုးနီးယားကာကွယ်ဆေးက ကိုရိုနာ ဗိုင်းရပ်စ်အသစ်ကို ကာကွယ်နိုင်ပါတယ်
လောလောဆယ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်အသစ်ကို ကာကွယ်နိုင်တဲ့ဆေး ကို စမ်းသပ်ဆဲပါ။ နမိုးနီးယားကာကွယ် ဆေးနဲ့ တုပ်ကွေးရောဂါကာကွယ်ဆေး တွေက လက်ရှိဗိုင်းရပ်စ်ကို မကာကွယ် နိုင်ပါဘူး။ နမိုးနီးယားကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေးတွေက COVID -19 ကို မကာကွယ်ပေးနိုင်ပေမယ့် အ သက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိ သူတွေမှာတော့ ဒီကာကွယ်ဆေးတွေ ထိုးထားသင့်တယ်လို့ WHOက အကြံ ပေးထားပါတယ်။

♦ ၆။ နှာခေါင်းကို ဆားရည်ပုံမှန်ဖျန်းပေး တာက ကိုရိုနာဗိုင်းရပ်စ်အသစ် မကူးစက် အောင် ကာကွယ်နိုင်ပါတယ်
နှာခေါင်းကို ဆားရည်ပုံမှန်ဖျန်း တာက အအေးမိရောဂါဝေဒနာရှင်တွေ ကို ရောဂါအမြန်သက်သာစေနိုင်ပေမယ့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ပိုးဝင်တာကိုတော့ မကာကွယ်နိုင်ဘူးလို့ ဆိုပါတယ်။ အအေးမိရောဂါကြောင့် နှာ ခေါင်းကို ဆားရည်ဖျန်းတဲ့အခါ ဆားရည် က ပိုးသန့်စင်ဖို့လိုအပ်ပါတယ်။ ဘုံပိုင် ခေါင်းကလာတဲ့ရေကို သုံးမယ့်အစား ရေ ကျက်အေး(ရေနွေးပူပူကို အအေးခံပြီး) ကို အသုံးပြုရပါမယ်။

♦ ၇။ ကြက်သွန်ဖြူစားတာက ကိုရိုနာဗိုင်း ရပ်စ်အသစ်မကူးစက်အောင် ကာကွယ်နိုင် ပါတယ်
ကြက်သွန်ဖြူစားတာက ဒီရောဂါကို မကာကွယ်နိုင်ပါဘူး။ ကြက်သွန်ဖြူဟာ ပိုးမွှားတချို့ကို သေစေနိုင်တဲ့ဂုဏ်သတ္တိရှိပေမယ့် ဒီရောဂါကို ကာကွယ်နိုင်တဲ့ သက်သေပြချက်မရှိသေးပါဘူးလို့ WHO က ဆိုပါတယ်။

♦ ၈။ တစ်ကိုယ်လုံးကို နှမ်းဆီသုတ်လိမ်း တာက ခန္ဓာကိုယ်ထဲကို ကိုရိုနာဗိုင်းရပ်စ် အသစ်မဝင်ရောက်အောင် တားမြစ်နိုင်ပါ တယ်
ခန္ဓာကိုယ်အနှံ့ကို နှမ်းဆီသုတ်လိမ်း တာက ကိုရိုနာဗိုင်းရပ်အသစ်ကို ခန္ဓာကိုယ်ထဲ မဝင်ရောက်အောင် မတားဆီး နိုင်ပါဘူး။ ကလိုရင်းအခြေခံထားတဲ့ ရော ဂါပိုးသန့်စင်ပစ္စည်း အီသနော ၇၅ ရာခိုင် နှုန်း၊ ကလိုဖောင်းလိုမျိုး တချို့ရောဂါပိုး သတ်ဆေးတွေက အရာဝတ္ထုမျက်နှာပြင် ပေါ်မှာ ရောက်ရှိနေတဲ့ COVID-19 ကို သေဆုံးနိုင်ပေမယ့် ဒီပစ္စည်းတွေကို အရေပြား ဒါမှမဟုတ် နှာခေါင်းထဲ ထည့်ရင် ဒီဗိုင်းရပ်စ်ပေါ်မှာ ဘာမှသက်ရောက်မှု မရှိတဲ့အပြင် သင့်အတွက်တောင် အန္တရာယ်ရှိနိုင်ပါတယ်။

♦ ၉။ ကိုရိုနာဗိုင်းရပ်စ်အသစ်က အသက်ကြီးသူတွေကိုသာ ကူးစက်တာဖြစ်ပါ တယ်။
အသက်အရွယ်မရွေးကူးစက်နိုင်ပါ တယ်။ ဒါပေမဲ့ အသက်ကြီးသူ၊ ဆီးချို/ နှလုံးနဲ့ ရင်ကျပ်ပန်းနာလိုမျိုး ကျန်းမာ ရေးမကောင်းသူတွေမှာ ဒီဗိုင်းရပ်စ်ပိုး ကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်ပါ တယ်။

♦ ၁၀။ ပဋိဇီဝဆေးတွေက ကိုရိုနာဗိုင်းရပ်စ် အသစ်ကို ကာကွယ်ဖို့နဲ့ ကုသဖို့အတွက် ထိရောက်မှုရှိပါတယ်
ပဋိဇီဝဆေးတွေက ဘက်တီးရီး ယားအတွက်သာ ထိရောက်မှုရှိပြီး ဗိုင်း ရပ်စ်အတွက် လုံးဝထိရောက်မှုမရှိပါဘူး။

♦ ၁၁။ ခရမ်းလွန်ရောင်ခြည်မီးအိမ်က ကိုရို နာဗိုင်းရပ်စ်အသစ်ကို သေစေနိုင်ပါတယ်
တချို့ဆေးရုံတွေက ခရမ်းလွန် ရောင်ခြည်ကို အသုံးပြုပြီး ခွဲစိတ်ခန်း ဒါမှမဟုတ် ဓာတ်ခွဲခန်းလိုမျိုးနေရာတွေ ရဲ့ အရာဝတ္တုမျက်နှာပြင်ပေါ်မှာ တွယ်ကပ်နေတဲ့ ပိုးမွှားတွေကို သုတ်သင်ဖယ် ရှားတတ်ကြပါတယ်။ WHO ကတော့ ခရမ်းလွန်ရောင်ခြည်မီးတွေကို လက် ဒါမှမဟုတ် အရေပြားသန့်စင်ဖို့အတွက် တော့ ဘယ်တော့မှ အသုံးမပြုသင့်ဘူး လို့ အကြံပေးထားပါတယ်။

♦ ၁၂။ Thermal Scanner က ကို ရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတာကို စစ်ဆေးဖို့အတွက် ထိရောက်မှုရှိပါတယ်
Thermal Scanner တွေက အ ဖျား ရှိ မရှိ ကို တိုင်းတာနိုင်တာဖြစ်ပြီး COVID-19 ကူးစက်ခံထားရပေမယ့် ဘာလက္ခဏာမှ မပြသေးရင်တော့ Thermal Scanner နဲ့ ရောဂါမရှာဖွေနိုင်ပါ ဘူး။ ရောဂါကူးစက်ခံရသူက ကူးစက် ခံရပြီး ၂-၁၀ ရက်အတွင်းမှာသာ ရော ဂါလက္ခဏာပြတတ်တယ်လို့ WHO က ထုတ်ဖော်ထားပါတယ်။ ဒါ့အပြင် တုပ် ကွေးရောဂါရှိသူတွေကလည်းCOVID-19 ကူးစက်ခံရသလိုမျိုး အဖျားရှိတဲ့အ တွက် အဖျားရှိသူတိုင်း ဒီရောဂါပိုးအသစ် ကူးစက်ခံထားရတယ်လို့ သတ်မှတ်လို့ မရပါဘူး။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal