ဆရာဝန်တွေ စမ်းသပ်မှုနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ (၂)

တစ်ခုခုနာမကျန်းဖြစ်ရင် ဆေးခန်း အရင်သွားရပါမယ်။ အရွယ်ရောက်ပြီးသူ တိုင်းလိုလို ဆေးခန်းမှာ ဆရာဝန်ပြ ဖူးကြမှာပါ။ ဆေးခန်းပြတဲ့အခါ ဆရာဝန် တွေအနေနဲ့ နားကြပ်နဲ့ထောက်နား ထောင်တာတို့၊ ၀မ်းဗိုက်ကိုနှိပ်စမ်းတာ တို့၊ လက်ကောက်ဝတ်ကိုစမ်းတာတို့ လည်းကြုံဖူးကြမှာပါ။ ဘာကြောင့်လုပ်ကြ သလဲဆိုတာကော သိကြလားဆိုတာကို အောက်ပါ Quiz ဖြေပြီး ဆန်းစစ်ကြည့် ကြပါနော်။

၁။ သွေးပေါင်ချိန်တဲ့စက်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။
(က) Stethoscope
(ခ) Sphygmomanometer
(ဂ) Hemocytometer

၂။ အမျိုးသမီးတွေအနေနဲ့ သားအိမ် ခေါင်းကင်ဆာစစ်ဆေးမှု (Pap Smear) ကို နှစ်တိုင်းပြုလုပ်သင့်ပါသလား။
(က) လုပ်သင့်တယ်
(ခ) မလုပ်သင့်ဘူး

၃။ ဘယ်အသက်အရွယ်မှာ ရင်သား ကင်ဆာအတွက် စတင်စစ်ဆေးသင့် နေပြီလဲ။
(က) ၃၀
(ခ) ၄၀
(ဂ) ၅၀

၎။ ၆၅ နှစ်နဲ့ အထက်အမျိုးသမီးတွေမှာ ဘာအတွက် အရိုးတွေကို နှစ်စဉ်စစ်ဆေး မှုပြုသင့်ပါသလဲ။
(က) အရိုးကင်ဆာ
(ခ) အရိုးအားနည်းမှု

၅။ မျက်သားအဖြူရဲ့အရောင်ကိုကြည့် ပြီး အသည်းကျန်းမာရေးကိုခန့်မှန်းနိုင်လား။
(က) မှန်
(ခ) မှား

၆။ လည်ပင်းကိုစမ်းသပ်တာ ဘာရောဂါ ကိုသိချင်လို့ပါလဲ။
(က) လင့်ဂလင်း ရောင်နေတာ
(ခ) သိုင်းရွိုက်ရောဂါ
(ဂ) နှစ်မျိုးလုံး

၇။ ဆရာဝန်ပြတဲ့အခါ ကိုယ်တွင်းအင်္ဂါ တွေ ပုံမှန်ဟုတ်မဟုတ်ဘယ်လိုစစ်ဆေးလဲ။
(က) ဗိုက်ကို X Ray ရိုက်တယ်
(ခ) ဗိုက်နေရာအနှံ့ ဖိပြီးစမ်းကြည့်တယ်
(ဂ) နားကြပ်နဲ့ကပ်နားထောင်တယ်

၈။ နှလုံးပုံမှန်ဟုတ်မဟုတ်ဘယ်စက်နဲ့ တိုင်းပြီးသိနိုင်လဲ။
(က) Ultrasound
(ခ) ECG
(ဂ) X Ray

ကဲ . . . အဖြေလေးတွေကို ကြည့်ရအောင် ♥ ♥ ♥

၁။ (ခ) Sphygmomanometer
ဒီသွေးပေါင်ချိန်တဲ့စက်ကို လက် ကောက်ဝတ်မှာပတ်ပြီး လေဘောလုံး လေးညှစ်ကာ တင်းနေအောင်ပတ်ပြီး သွေးပေါင်ချိန်တာခံဖူးလား။ တင်းနေတာ ပြန်လျှော့လာတဲ့အချိန်မှာ ဆရာဝန်က တံကောက်ကွေးမှာ နားကျပ်လေးထောက် ပြီး နားထောင်ကာ စက်ကပြဒါးလေး ပြန် ကျလာတာကို စောင့်ကြည့်ရတာမျိုးပေါ့။ အခုနောက်ပိုင်းကတော့ Auto စက် တွေပေါ်လာပါပြီ။ လက်မှာပတ်ရုံနဲ့ သူ့ ဟာသူတိုင်းပေးသွားတာမျိုးပေါ့။ သွေး ပေါင်ချိန်စက်တိုင်းပြီး အပေါ်သွေး၊ အောက် သွေးသိနိုင်သလို သွေးတိုးရောဂါရှိမရှိသိ နိုင်ပါတယ်။ နှလုံးတိုက်ခိုက်ခံရတာတို့၊ လေဖြန်းရောဂါတို့ နှလုံးပျက်စီးတာတို့ ဖြစ်နိုင်ခြေများလား ကြိုပြီးမှန်းဆလို့ရပါ တယ်။

၂။ (ခ) မလုပ်သင့်ဘူး
သားအိမ်ခေါင်းကင်ဆာစစ်ဆေး တဲ့ Pap Smear လုပ်မယ်ဆိုရင် သင့်ရဲ့ အမျိုးသမီးအင်္ဂါ ယောနိထဲ ကိရိယာတစ် ခုထည့်ကာဖြဲထားပြီး သားအိမ်ခေါင်းကို ဘရပ် (ရှ်) တစ်ခုနဲ့ အနည်းငယ်ခြစ်ယူရ ပါမယ်။ ဒါမှသာ သားအိမ်ခေါင်းဆဲလ် တွေကို စစ်ဆေးနိုင်မှာပါ။ ဒါပေမဲ့ နှစ်စဉ် စစ်ဆေးစရာမလိုပါဘူး။ အသက် ၂၉ နှစ် အရွယ်အထိ သုံးနှစ်တစ်ကြိမ် စစ်ဆေးရ မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ငါး နှစ်တစ်ကြိမ်သာ စစ်ပေးပါ။

၃။ (ခ) ၄၀
အသက် ၄၀ အရွယ်မှာ ရင်သား ဓာတ်မှန်(Mammograms) နှစ်စဉ် စရိုက်လို့ရနေပါင်္ပြီ။ ဆရာဝန်တွေက တော့ အသက် ၄၅ နှစ်မှ ရိုက်ဖို့ညွှန်းပါ တယ်။ အသက် ၅၅ နောက်ပိုင်းမှာတော့ နှစ်နှစ်တစ်ခါဆို လုံလောက်ပါပြီ။

၎။ (ခ) အရိုးအားနည်းမှု
အရိုးသိပ်သည်းဆစစ်ဆေးပေးတဲ့ အရိုးအထူးဓာတ်မှန်က အရိုးတွေပါးနေပြီ လားဆိုတာကို စစ်ဆေးပေးပါတယ်။ အ မျိုးသားတွေမှာ အဖြစ်နည်းတတ်လို့ အ သက် ၇၀ မတိုင်ခင် နှစ်စဉ်စစ်ဆေးစရာ မလိုပါဘူး။ အရိုးကျိုးဖူးသူတွေဆိုရင် တော့ အသက် ၅၀ နောက်ပိုင်းရောက် တာနဲ့ စစ်ပေးသင့်ပါတယ်။

၅။ (က) မှန်
မျက်ဖြူသားက အ၀ါရောင်သမ်း နေရင် အသည်းပုံမှန်မဟုတ်တာကြောင့် ပါ။ အသည်းရောဂါဒါမှမဟုတ် ပိုးဝင် တာကြောင့်ဖြစ်တတ်ပါတယ်။ မျက်လုံး ကိုကြည့်ပြီး အာရုံကြောပြဿနာရှိနေ လားလည်းသိနိုင်ပါတယ်။ ဥပမာ မျက် လုံးကို မီးနဲ့ထိုးကြည့်တဲ့အခါ မျက်စိသူ ငယ်အိမ်မကျဉ်းသွားတဲ့ အခြေအနေမျိုး ပေါ့။ တခြားရောဂါပိုးတွေ ၀င်နေရင် လည်း မျက်ဖြူသား ပန်းရောင်သမ်းနေ တတ်ပါတယ်။

၆။ (ဂ) နှစ်မျိုးလုံး
လင့်ဂလင်းတွေက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားရောဂါပိုးတွေကို တိုက် ဖျက်ပေးပါတယ်။ ဒီဂလင်းတွေကြီး လာရင် အကျိတ်လေးတွေလို စမ်းမိတတ် လို့ ဆရာဝန်တွေအနေနဲ့ လူနာမှာ ရော ဂါပိုးဝင်နေလား၊ တခြားဘာရောဂါတွေ များရှိမလဲ ရှာကြည့်ကြမှာပါ။ သိုင်းရွိုက် ဂလင်းတွေ ပုံမှန်ထက်ပိုကြီးနေရင် လည်း လည်ပင်းမှာအလုံးမာမာလေး စမ်းမိတတ်တာကြောင့် ဆရာဝန်တွေ အနေနဲ့ သိုင်းရွိုက်ကင်ဆာဖြစ်နေလား၊ တခြားဘာရောဂါရှိလည်း စစ်ဆေးကြည့် ပေးမှာပါ။

၇။ (ခ) ဗိုက်နေရာအနှံ့ဖိပြီး စမ်းကြည့် တယ်
ဝမ်းဗိုက်ကို နားကြပ်နဲ့စမ်းပြီး အူ တွေ လှုပ်ရှားမှုရှိမရှိ နားထောင်ကြသလို ဗိုက်ကိုလက်နဲ့ဖိစမ်းတာတို့ လက်နဲ့ခေါက် ကြည့်တာတို့ကလည်း ကိုယ်တွင်းအင်္ဂါ တွေ ရောင်နေလား၊ ပုံမှန်ဟုတ်ရဲ့လား ဆိုတာကို စစ်ဆေးတာပါ။ ဗိုက်ကို ဖိစမ်း ကြည့်လို့နာရင် နာကြောင်း ဆရာဝန်ကို ပြောပြပါ။

၈။ (ခ)ECG
အီးစီဂျီဆွဲတယ်ဆိုတာ ကြားဖူးမှာ ပါ။ ရင်ဘတ်မှာ စက်နဲ့ချိတ်ထားတဲ့ စုပ် ခွက်လေးတွေကပ်ပြီးဆွဲရတာပါ။ ဒါမှ နှ လုံးပုံမှန်ဟုတ်မဟုတ်၊ နှလုံးခုန်တာတွေ စည်းချက်ညီမညီ၊ နှလုံးရောဂါရှိ မရှိ အတိအကျသိနိုင်မှာပါ။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *