သရက်သီးကို တစ်နေ့တစ်လုံးပုံမှန်စားပေးတာကြောင့် ကျန်းမာရေး ကောင်းစေတယ်လို့သိရပါတယ်။ သရက်သီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပြီး အစာချေဖျက်မှု ဆိုင်ရာပြဿနာတွေကို သက်သာစေပါတယ်။ သရက်သီးမှာ အမျှင်ဓာတ်တွေပေါများ ကြွယ်ဝတဲ့အပြင် ပိုလီဖီနောလ်လို့ဆို တဲ့အာဟာရတွေလည်းပါရှိပြီး ၀မ်းချုပ်တာနဲ့ အူရောင်ရမ်းမှု တွေကို ထိရောက်စွာသက်သာစေပါတယ်။ အရွယ်ရောက်ပြီး သူငါးဦးမှာတစ်ဦးက ကာလရှည်ကြာအစာချေဖျက်မှုမမှန်တဲ့အခြေအနေမျိုးကိုခံစားနေရပြီး သရက်သီးက ဒီအခြေအနေတွေ ကို သက်သာစေမှာဖြစ်တယ်လို့ တက္ကဆက်တက္ကသိုလ်မှ ပါမောက္ခဆူဆန်မာတင်တယ်ကော့က ဆိုပါတယ်။ တစ်လကြာ မြင့်တဲ့လေ့လာမှုမှာ ၀မ်းချုပ်လေ့ရှိသူ အမျိုးသား၊ အမျိုးသမီး ၃၆ ဦးကို အုပ်စုနှစ်စုခွဲပြီးတစ်စုကို နေ့စဉ်သရက်သီးတစ်လုံး စားသုံးစေခဲ့ပြီး ကျန်တစ်စုကိုတော့ ဖိုင်ဘာဖြည့်စွက်ဆေးသုံး ဆောင်စေခဲ့ပါတယ်။ အုပ်စုနှစ်စုလုံးမှာ ၀မ်းချုပ်မှုသက်သာလာ ပေမယ့် သရက်သီးစားသုံးသူတွေမှာ ၀မ်းချုပ်ဝေဒနာကို လျင် မြန်စွာသက်သာစေခဲ့တာကို လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သရက်သီးက အူတွင်းအကျိုးပြုဘက်တီးရီးယားကို ဖြစ်ပေါ်စေ ပြီး ရောင်ရမ်းမှုတွေကိုပါ လျော့ကျစေခဲ့တယ်လို့ ပါမောက္ခဆူ ဆန်က ဆိုပါတယ်။
◘ (DM, 14.6.18) သံသာ