တစ်နှစ်အောက်သာခြားပြီး ကလေး မွေးတာက မိခင်ရော၊ ကလေးအတွက်ပါ အန္တရာယ်များစေနိုင်တယ်လို့ ကနေဒါသု တေသနတစ်ရပ်မှာဖော်ပြထားပါတယ်။ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်နဲ့ဘော် စတွန်မြို့ကHarvard T.H. Chan School of Public Healthရဲ့ သုတေ သီတွေရဲ့သုတေသနမှာရရှိခဲ့တဲ့ရလဒ်က အသက် ၃၅ နှစ်အထက်အမျိုးသမီးတွေ မှာသာဖြစ်တယ်လို့ဆိုပေမယ့် အသက် ၂၀ ကနေ ၃၄ ကြားအမျိုးသမီးတွေက မွေးတဲ့ကလေးတွေမှာလည်း အလားတူ အန္တရာယ်မျိုးဖြစ်စေနိုင်ပါတယ်။ ကျွမ်း ကျင်ပညာရှင်တွေက အနည်းဆုံး ၁၂ က နေ ၁၈ လခြားပြီး ကလေးယူသင့်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင် ကာလခြားခြင်းနဲ့ပတ်သက်လို့ ပထမဆုံး လေ့လာတဲ့သုတေသနဖြစ်ပြီးတော့ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင် ၁၄၈၅၄၄ ဦးကို လေ့ လာခဲ့တာဖြစ်ပါတယ်။ အသက်ကြီးတဲ့အ မျိုးသမီးတွေဟာ ၁၂ လအောက်သာခြား ပြီး ကလေးထပ်ယူမယ်ဆိုရင် မိခင်နဲ့က လေးအတွက် အန္တရာယ်ဖြစ်နိုင်ခြေ ၁ ဒသမ ၂ ရာခိုင်နှုန်းရှိပြီးတော့ ၁၈ လခြား ပြီးမွေးရင်တော့ ၀ ဒသမ ၅ ရာခိုင်နှုန်း အန္တရာယ် ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါ တယ်။
(AP,1.11.18) အေးယုနိုင်