တစ်ပတ်အတွင်း အိုမီခရွန်သတင်းများ

♦ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပါက အိုမီခရွန်ကြောင့် ဆေးရုံတက် သို့မဟုတ် သေဆုံးနိုင်ခြေ ၈၄ ရာခိုင်နှုန်းအထိ လျော့ကျနိုင်

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုး ထားပါက အိုမီခရွန်ကြောင့် သေဆုံးနိုင် ခြေ ၈၄ ရာခိုင်နှုန်း လျော့ကျနိုင်တယ်ဆို ပေမယ့် တတိယအကြိမ် ထိုးတာက ရောဂါမဖြစ်အောင် ယခင်ကထက် နှစ်ဆ ပိုမိုကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ pfizer အမျိုးအစားကာကွယ် ဆေးကို နှစ်ကြိမ်ထိုးထားသူတွေက ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေ ၈၃.၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး Covishield (Astra Zeneca) ကို နှစ်ကြိမ်ထိုးတာက အိုမီခရွန်ကြောင့် သေဆုံးနိုင်ခြေ ၇၇.၁ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ လေ့လာသူတွေက ထုတ် ဖော်လိုက်ပါတယ်။ ဒီကာကွယ်ဆေးနှစ် မျိုးစလုံးက ဆေးထိုးအပြီး သုံးလမှ ခြောက်လအတွင်း ကာကွယ်နိုင်စွမ်း လျော့ကျလာတယ်ဆိုပေမယ့် ရောဂါဆိုး ရွားမှုကိုတော့ အတော်များများ ကာကွယ် ပေးနိုင်တယ်လို့ သိရပါတယ်။ ရောဂါဆိုးရွားမှုကို ၈၄ ရာခိုင်နှုန်း ကာကွယ်နိုင် တယ်ဆိုပေမယ့် အိုမီခရွန်ကြောင့် ဆေး ရုံတက်ရနိုင်ခြေက ၁၆ ရာခိုင်နှုန်း ရှိနေ တာမို့ မပေါ့ဆသင့်ပါဘူး။

♦ ကာကွယ်ဆေးများ၏ အောင်မြင်မှုကြောင့် အိုမီခရွန် ကူးစက်ခံရလျှင် အအေးမိဝေဒနာလောက်သာ ခံစားရ

နှာပိတ်တာ၊ ခေါင်းကိုက်တာနဲ့ ပင် ပန်းနွမ်းနယ်နေတာက အိုမီခရွန်ရဲ့ ထင် ရှားတဲ့လက္ခဏာတွေဖြစ်တယ်လို့ လေ့ လာမှုကြီးတစ်ခုအရ သိရပါတယ်။ ဒီမျိုး စိတ်ကြောင့် ကိုဗစ်ဖြစ်တာက အအေးမိ ရောဂါလက္ခဏာလောက်သာ ဖြစ်ပေါ်နိုင် တယ်လို့ ဆိုပါတယ်။ ကိုဗစ်လက္ခဏာ တွေ တဖြည်းဖြည်းပြောင်းလဲမှုဖြစ်တာ က ကာကွယ်ဆေးတွေရဲ့အစွမ်းထက် မြက်မှုကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက မှတ်ချက်ပေးကြပါတယ်။

ဒါကြောင့် အအေးမိဝေဒနာလိုမျိုး လက္ခဏာတွေပေါ်လာရင် ကိုဗစ်ဖြစ်နိုင်တာကြောင့် မိမိမှတစ်ဆင့် တခြားသူတွေ ဆီ မကူးစက်နိုင်အောင် အိမ်မှာသာ နေ သင့်တယ်လို့ အကြံပေးထားပါတယ်။

♦ အသက်ရှူလမ်းကြောင်းအတွင်း အိုမီခရွန်ပွားများမှုက ဒယ်လ်တာမျိုးစိတ်ထက် အဆ ၇၀ မြန်ဆန်

အိုမီခရွန်မျိုးစိတ်က အသက်ရှူ လမ်းကြောင်းအတွင်း ပွားများမှုက ဒယ်လ်တာမျိုးစိတ်ထက် အဆ ၇၀ မြန် ဆန်တယ်လို့ လေ့လာမှုအသစ်အရ သိ ရပါတယ်။ ဟောင်ကောင်တက္ကသိုလ်မှ လေ့လာသူတွေက ဒီမျိုးစိတ်သစ်က အ ဆုတ်အတွင်း ပွားများနိုင်မှုက ယခင်မျိုး စိတ်ထက် ၁၀ ဆနှေးကွေးတယ်လို့ ဆိုပါ တယ်။ အိုမီခရွန်မျိုးစိတ်က အဆုတ်နဲ့ လည်ချောင်းကို ဆက်သွယ်ထားတဲ့ လေပြွန်တွေထဲမှာ ပွားများမှုက အလွန်မြန်ဆန်တဲ့အတွက် ကူးစက်နှုန်း အလွန်မြန်ဆန်ရတာဖြစ်ပါ တယ်။ လည် ချောင်းနားမှာ ဗိုင်းရပ်စ်ပိုးပမာဏ အလွန် များပြားတာကြောင့် အသက်ရှူထုတ်ရာကတစ်ဆင့် ဗိုင်းရပ်စ်အမှုန်အမွှားတွေက လွင့်စဉ်သွားတဲ့အတွက် ကူးစက်ရတာ ဖြစ်ပါတယ်။ ဒယ်လ်တာအမျိုးအစားက တော့ အဆုတ်အတွင်းမှာ ပွားများနှုန်း အလွန်မြန်ဆန်တာကြောင့် ဝေဒနာ ပြင်းထန်စွာ ခံစားရတာဖြစ်ပါတယ်။

♦ ယခင် ခြောက်လအတွင်းက ကိုဗစ်ရောဂါဖြစ်ဖူးသူများ အိုမီခရွန်ကို ကောင်းစွာ ကာကွယ်နိုင်

ယခင်ခြောက်လအတွင်းက ကိုဗစ် ကူးစက်ခံရသူတွေက အိုမီခရွန်မျိုးစိတ်သစ်ကို ကောင်းမွန်စွာ ကာကွယ်နိုင် တယ်လို့ ကျွမ်းကျင်သူတွေက ထုတ် ဖော်လိုက်ပါတယ်။ တောင်အာဖရိက ဆရာဝန်တွေက ဒီမျိုးစိတ်သစ်က ယခင် ကိုဗစ်ဖြစ်ဖူးသူတွေမှာ ရောဂါပြန်ဖြစ်နှုန်း သုံးဆခန့် ပိုများတယ်ဆိုပေမယ့် ခြောက် လအတွင်း ရောဂါဖြစ်ဖူးသူတွေမှာတော့ ကာကွယ်နိုင်စွမ်းအတော်အသင့်ရှိသေး တယ်လို့ အခုဗြိတိန်နိုင်ငံမှ လေ့လာမှုအ သစ်အရ သိရပါတယ်။

♦ အိုမီခရွန်ကို ပေါ့ပေါ့ဆဆ မထားသင့်ဟု WHO က ထုတ်ပြန်

၁၆-၁၂-၂၀၂၁ အထိ အိုမီခရွန် မျိုးစိတ်သစ်တွေ့ရှိတဲ့နိုင်ငံပေါင်း ၈၅ ခု ရှိပြီး အိုမီခရွန်ရဲ့ ကူးစက်မှုက မှန်းဆရ ခက်လောက်အောင် မြန်ဆန်နေတဲ့အတွက် ပေါ့ပေါ့ဆဆမထားသင့်ဘူးလို့ WHO က ထုတ်ပြန်လိုက်ပါတယ်။ ဒါ တောင်မှ အိုမီခရွန်ပိုးရှိနေတဲ့ တချို့နိုင် ငံတွေမှာ အိုမီခရွန်ကူးစက်နေပြီလို့ မထုတ်ပြန်နိုင်သေးတာတွေရှိပါတယ်။ UK မှာ တစ်ပတ်အတွင်း အိုမီခရွန် ကူး စက်မှုပေါင်း ၇၀ ရာခိုင်နှုန်းကျော် မြင့် တက်ပြီး အိုမီခရွန်ကြောင့် သေဆုံးသူလည်းရှိနေပြီလို့ သိရပါတယ်။ ဒီဗိုင်း ရပ်စ်ပိုးက အသက်ရှူထုတ်ရာက ထွက် လာတဲ့အမှုန်အမွှားတွေ၊ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် ထိတွေ့ရာကနေ ဖြစ်တာမို့ မျက်နှာဖုံး (Mask)အုပ်ထားတာ၊ တစ်ဦး နဲ့တစ်ဦး ခပ်ခွာခွာနေတာ၊ မကြာခဏ လက်ဆေးတာလိုမျိုး ပြုလုပ်ထားပါမှ ရောဂါကိုအကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း ဆုံ တွေ့တာ၊ ပွဲလမ်းသဘင်ပြုလုပ်တာတွေ ကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ရပါ မယ်။ ကလေးငယ်တွေကိုလည်း ကူးစက် မှုရှိတာမို့ ကာကွယ်ဆေးထိုးပေးဖို့နဲ့ ကာ ကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေက လည်း ရောဂါကာကွယ်နိုင်စွမ်း ပိုမိုထိ ရောက်မှုရှိဖို့အတွက် တတိယအကြိမ် ကာကွယ်ဆေးကို အခါအခွင့်သင့်ရင် ထိုးပါလို့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာခင်မိုးမိုး (၁၇-၁၂-၂၀၂၁)

Post Author: Good Health Journal