ဝူဟန်ဗိုင်းရပ်စ်က အမျိုးသားများ၊ အသက်ကြီးသူများနှင့် ဆေးလိပ်သောက်သူများတွင် ကူးစက်နိုင်ခြေ ပိုမြင့်မား

၁၉၁၈ ခုနှစ်က ကမ္ဘာတစ်လွှားမှာ လူပေါင်း သန်း ၅၀ ကျော်လောက် ကပ် ရောဂါအသွင် ဖြစ်ခဲ့တဲ့တုပ်ကွေးရောဂါ ဟာ လူလတ်ပိုင်းတွေမှာ အဖြစ်များခဲ့ပါ တယ်။ ဒါ့အပြင် ၂၀၁၅-၂၀၁၆ ခုနှစ်အ တွင်း ဘရာဇီးနိုင်ငံမှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဇီကာဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်အမျိုး သမီးတွေမှာ အဖြစ်များပြီး သူတို့သန္ဓေသားတွေရဲ့ ဦးနှောက်ကို တိုက်ခိုက်ခံ ခဲ့ရပါတယ်။
Covid-19 ခေါ်တဲ့ တရုတ်ပြည် က စတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ဟာ အသက်ကြီးသူတွေမှာ ပို အန္တရာယ်များတယ်လို့ ဟားဗတ်လူထု ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခက ထုတ်ဖော်ထားပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်တွေက အသက်အရွယ်အုပ်စု တစ်စုကို တခြားအသက်အရွယ်အုပ်စုထက် ပိုပြီးဆိုးရွားစွာတိုက်ခိုက်တယ်လို့ ကျွမ်း ကျင်သူတွေက မှတ်ချက်ချထားပါတယ်။
Covid-19 တိုက်ခိုက်ခံရတဲ့ လူနာပေါင်းဟာ အခုချိန်မှာ ကမ္ဘာတစ် လွှားမှာ ရှစ်သောင်းကျော်ခန့်ရှိနေပြီး အဲ ဒီထဲက ၈၀ ရာခိုင်နှုန်းဟာ ရောဂါပြင်း ထန်မှုမရှိဘဲ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက အသင့်အတင့်ပြင်းထန်ရာကနေ အဆုတ် ရောင်ရောဂါ၊ အသက်ရှူရခက်ခဲတာ၊ ကိုယ် တွင်းအင်္ဂါပျက်စီး တာတွေအပါအဝင် အလွန်ပြင်းထန်တဲ့ အခြေအနေဖြစ်တယ် လို့ သိရပါတယ်။ ရောဂါဖြစ်သူရဲ့ ၂.၃ ရာခိုင်နှုန်းက သေဆုံးခဲ့ကြပါတယ်။
Covid-19 ဟာ အသက်တစ် နှစ်မှ ကိုးနှစ်အရွယ်ကလေးငယ်တွေမှာ တစ်ရာခိုင်နှုန်းခန့်သာ ဖြစ်ပွားပြီး အဲဒီထဲ က တစ်ယောက်မှ အသက်ဆုံးရှုံးမှုမရှိဘူး လို့ Jama  လေ့လာမှုအရ သိရပါတယ်။ နောက်ထပ် တစ်ရာခိုင်နှုန်းက ၁၀-၁၉ နှစ်ကြားအရွယ်တွေမှာ ဖြစ်တာပါ။ အသက် ၇၀ အရွယ်မှာ ဒီဗိုင်းရပ်စ်ပိုး ကူး စက်ခံရရင် သေဆုံးနိုင်ခြေက ရှစ်ရာခိုင် နှုန်းရှိပြီး အသက် ၈၀ နှစ်နဲ့အထက် ကူးစက်ခံရသူတွေရဲ့ သေဆုံးနှုန်းက ၁၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ အဲဒီလေ့လာမှု အရပဲ သိရပါတယ်။
အမျိုးသားတွေက ပိုအန္တရာယ်ရှိပြီး ရောဂါဖြစ်သူ စုစုပေါင်းရဲ့ ထက်ဝက်ကျော် ခန့်ရှိတယ်လို့ သိရပါတယ်။ ရောဂါရှိသူ အမျိုးသားတွေက ရောဂါရှိသူအမျိုးသမီး တွေထက် သေဆုံးနိုင်ခြေ နှစ်ဆပိုများပါ တယ်။ WHO ရဲ့ လေ့လာမှုအရ တရုတ် အမျိုးသားတွေရဲ့ ၄၇.၆ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြသူတွေဖြစ်ပြီး တရုတ်အမျိုးသမီးတွေရဲ့ ၁.၈ ရာခိုင်နှုန်း ခန့်ကသာ ဆေးလိပ်သောက်သူတွေ ဖြစ်တာကြောင့် အမျိုးသားတွေမှာ ပိုအ ဖြစ်များပြီး သေဆုံးနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ခုခံအားစနစ်မှာ ပိုသန်မာတာကြောင့်လို့လည်း ဆိုပါ တယ်။
နှလုံးရောဂါ၊ ဆီးချိုရောဂါ ဒါမှမ ဟုတ် အဆုတ်ရောဂါရှိသူတွေမှာလည်း ရောဂါဖြစ်နိုင်ခြေ ပိုများပြီး ရောဂါဖြစ်ခဲ့ ရင်လည်း သေဆုံးနိုင်ခြေ ပိုမိုမြင့်မားပါ တယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ဒီရောဂါပိုးကြောင့် အဆုံးအရှုံး များတာကို မတွေ့ရှိသေးပါဘူး။ ရောဂါ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်သည် ကိုးယောက်က သူတို့ရဲ့ ကလေးငယ် တွေဆီ ရောဂါမကူးစက်ဘူးလို့လည်း လေ့လာမှုမှာ တွေ့ရှိထားပါတယ်။ ရောဂါ ကြောင့် သေဆုံးတဲ့ကလေးငယ်တွေ ဟာလည်း ကိုယ်အလေးချိန်မပြည့်တာ၊ ရောဂါဖြစ်သူနဲ့ ထိတွေ့မှုများလွန်းတာ တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက တခြားသူတွေထက် ရောဂါဖြစ်နိုင်ခြေ ပို များပါတယ်။ သူတို့ကုသတဲ့လူနာက ရော ဂါရှိနေမှန်း မသိရှိတဲ့အတွက် လူနာတွေ ကို ကိုင်တွယ်ရာမှာ သူ့ကိုယ်သူ အကာ အကွယ် မလုပ်ထားမိတတ်ကြတာကြောင့် လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့မှာ ရော ဂါကူးစက်ခံရရင် တခြားသူတွေထက် အသက်အန္တရာယ် ပိုများတာက ကူး စက်ခံရတဲ့လူနာပေါင်းများစွာနဲ့ ထိတွေ့ နေရတဲ့အတွက် ခန္ဓာကိုယ်ထဲကို ရောဂါ ပိုးတွေ အများအပြားရောက်ရှိသွားတာ ကြောင့်လို့ သိရပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal