အသက် ၅၀ ကျော်သော်လည်း ဆံပင်မဖြူဘဲ နုပျိုချင်ပါသလား

တချို့တွေ အသက်သာ ၅၀ ကျော် လာတယ်။ ဆံပင်လုံးဝမဖြူဘဲ နုပျိုနေသူ တွေ ရှိပါတယ်။ အဲဒါရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။

ဆံပင်ဖြူရသော အကြောင်းရင်းများ
– စိတ်ဖိစီးမှုမြင့်မားလွန်းခြင်း
– မိသားစုထဲမှာ ငယ်ငယ်ရွယ်ရွယ်က တည်းက ဆံပင်ဖြူတဲ့သူ ရှိခြင်း
– အာဟာရ လုံလောက်စွာ မစားမ သောက်ခြင်း
– ကျန်းမာရေးနဲ့မညီညွတ်သော နေထိုင် မှု အလေ့အထရှိခြင်း
– အသီးအနှံများ လုံးဝမစားခြင်း
– ဆံသားကို အပူ၊ ဓာတုပစ္စည်းတွေနဲ့ လွန်ကဲစွာပြုပြင်တတ်ခြင်း

ဆံပင်မဖြူအောင် ကာကွယ်နိုင်သော နည်းလမ်း များ
မနက်ခင်းလမ်းလျှောက်ပါ
ကျန်းမာရေးရာ အလေ့အကျင့် ကောင်းတွေထဲက တစ်ခုပါ။ မနက်ခင်း မှာ စိမ်းလန်းတဲ့ မြက်ခင်းပြင်ပေါ် ဖိနပ် မပါဘဲ လမ်းလျှောက်ပေးတာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကျန်းမာရေးအတွက် အကျိုးရှိစေပြီး သင့်ဆံသားတွေကိုလည်း ကျန်းမာစေပါတယ်။

လတ်ဆတ်တဲ့ အသီးအနှံစားပါ
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ပုံမှန်စားပေးတာက သင့်ကိုနုပျိုစေနိုင်တဲ့အကြောင်းရင်းတစ် ခုပါ။ ဆံသားမဖြူအောင်လည်း ကာကွယ် ထားတာကြောင့် နုပျိုမှုက အံ့မခန်းလို့ ဆိုရမှာပါ။

ဗီတာမင်မှီဝဲပါ
ဗီတာမင်အေ၊ ဘီနဲ့ ဘီတွဲလ်ကြွယ်ဝ တဲ့ အစားအစာတွေဖြစ်တဲ့ အဝါရောင်အ သီးနှံတွေ၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ဒိန်ချဉ်၊ အသည်း၊ အသား၊ နို့ ထွက်ပစ္စည်းတွေနဲ့ ဥ စတာတွေကို မှီဝဲပါ။

သံဓာတ်ကြွယ်ဝတာတွေ စားပါ
သံဓာတ်လျော့နည်းတာက သင့်ဆံ သားတွေကို အရောင်မွဲစေနိုင်ပါတယ်။ သင့်ဆံသားအရောင်က သူများတွေနဲ့ ယှဉ်လိုက်ရင် မွဲခြောက်ခြောက် ဖြစ်နေ တယ်ဆိုတာ သတိထားမိတယ်ဆိုရင် သင်စားနေတဲ့အစားအစာတွေထဲမှာ သံဓာတ်ပါဝင်မှု နည်းနေတာကြောင့်ပါ။ သံဓာတ်ပါဝင်မှုများတဲ့ အစားတွေကို စား သုံးပေးဖို့ လိုပါတယ်။

သဘာဝကရတဲ့ အဆီလိမ်းပါ
အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံစေ့ဆီစတဲ့ သဘာဝကရတဲ့ အဆီတစ်မျိုးကို ခေါင်း လျှော်ပြီးချိန်တိုင်း လိမ်းပေးတာက ဆံပင် ဖြူတာကို ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းလျှော်ပြီးလို့ ဆံသားခြောက်သွေ့ သွားပြီဆိုရင် သင့်ဆံသားတွေကို ဆီတစ် မျိုးလိမ်းပေးပါ။ ဆံသား မခြောက်သွေ့ ခင် ဆီမလိမ်းပါနဲ့။

ဟင်းခတ်အမွှေးအကြိုင်သုံးပါ
သင်စားနေကျ အစားအစာတွေထဲ ကို ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ငရုတ်ကောင်း၊ ချင်း၊ သစ်ကြံပိုးခေါက်၊ လေးညှင်း၊ မဆလာစတာတွေ သုံးပေး တာက သင့်ဆံသားကို ကျန်းမာသန်စွမ်း စေပြီး ဆံပင်ဖြူတာကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ ဟင်းခတ်တဲ့အရွက် တစ်မျိုးဖြစ်တဲ့ နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်း ပင်၊ ပျဉ်းတော်သိမ် စတဲ့ ဟင်းခတ်ရွက် တွေကလည်း ဆံပင်ဖြူတာကို ကာကွယ် ပေးနိုင်စွမ်းရှိပါတယ်။

ရှားစောင်းလတ်ပပ်နဲ့ နှိပ်နယ်ပါ
ရှားစောင်းလတ်ပပ်အနှစ်ကို ဦးရေ ပြားနဲ့ ဆံသားတွေပေါ်ကို ပွတ်လိမ်းပြီး နှိပ်နယ်ပေးတာကြောင့် ဆံသားနဲ့ ဦးရေ ပြားကို ကျန်းမာစေပါတယ်။ ဦးရေပြားမှာ ရေဓာတ်ကို ထိန်းပေးပြီး သွေးလှည့်ပတ် မှု ကောင်းမွန်စေတာကြောင့် ဆံပင်မဖြူ အောင် ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေ ရှောင်ပါ
စိတ်ဖိစီးမှုတွေက သင့်အရွယ်ကို ပုံမှန် ထက်ပိုပြီး အိုမင်းစေနိုင်တဲ့အကြောင်းရင်း တွေထဲက တစ်ခုပါပဲ။ စိတ်ဖိစီးမှုများသူ တွေဟာ လက်ရှိ အသက်အရွယ်ထက် ပိုပြီး အိုစာတယ်လို့လည်း ထင်ရစေပါ တယ်။ စိတ်ဖိစီးမှုကြောင့် ဆံသားတွေ လည်း ဖြူနိုင်ပါသေးတယ်။ ဒါကြောင့် အ တတ်နိုင်ဆုံး စိတ်ဖိစီးမှုကင်းအောင်နေပါ။

အလေ့အကျင့်ကောင်းတွေ ရှိပါစေ
ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင် စားသောက်တတ်တဲ့ အလေ့အကျင့် ကောင်းတွေကို မွေးမြူပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီကြော်စာ၊ အချိုနဲ့ အငန် များတာတွေကိုရှောင်ပါ။ ပုံမှန်အိပ်စက် ချိန်ပြည့်ဝအောင် အိပ်ပါ။ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပါ။ အပေါင်းအသင်း တွေနဲ့ တစ်လ တစ်ကြိမ် တွေ့ဆုံပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal