ပန်းသီးရှလကာရည်၏ ဘေးထွက်ဆိုးကျိုး (၅) မျိုး

သိပ္ပံနည်းကျ သုတေသနပြုချက် တွေအရ ပန်းသီးရှလကာရည်မှာ ကျန်း မာရေးအကျိုးကျေးဇူးတွေ များစွာရှိတယ် လို့ သိရပါတယ်။ ဒီအကြောင်းတွေကို လည်း အတော်များများ ဖော်ပြထားပေး ပြီးပါပြီ။ သူ့မှာဘေးထွက်ဆိုးကျိုးလည်း ရှိတယ်ဆိုတာကို သိထားဖို့လိုအပ်တဲ့ အ တွက် အောက်ပါအတိုင်းဖော်ပြပေးလိုက် ပါတယ်။

အစာခြေစနစ်အတွက် ဆိုးကျိုးရှိခြင်း

ပန်းသီးရှလကာရည်ဟာ တချို့လူ တွေအပေါ်မှာ အစာခြေစနစ်ပြဿနာ တွေဖြစ်နိုင်ပါတယ်။ လူနဲ့တိရစ္ဆာန်တွေကို လေ့လာမှုပြုလုပ်တဲ့အခါ ပန်းသီးရှလ ကာရည်မှာပါဝင်တဲ့ အက်စီးတစ်အက်စစ် က အစာစားချင်စိတ်ကိုလျော့နည်းစေ နိုင်ပြီး ဗိုက်ပြည့်တင်းစေနိုင်တဲ့အတွက် ကယ်လိုရီစားသုံးမှုက အလိုလိုလျော့ကျ သွားတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အစာလျော့နည်းတာနဲ့ အစာစားချင်စိတ် လျော့နည်းသွားတာက အစာမကျေတာ ကြောင့်ဖြစ်တာလို့လည်း လေ့လာသူတွေ က ဆိုပါတယ်။ သူ့ကိုသောက်လို့ ပျို့ချင်၊ အန်ချင်စိတ်ဖြစ်တာက ပန်းသီးရှလကာ ရည်ရဲ့အရသာမကောင်းတာကြောင့် လည်းဖြစ်နိုင်ပါတယ်။

 

သွေးတွင်းသကြားဓာတ်အပေါ် ဆိုးကျိုးရှိခြင်း

ပန်းသီးရှလကာရည်က ခန္ဓာကိုယ် တွင်းက သကြားဓာတ်ကိုလျော့နည်းစေ နိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် အင်ဆူလင်ကို ခံနိုင်ရည်ရှိတဲ့ ဆီးချိုရော ဂါရှင်နဲ့ အမျိုးအစား (၂) ဆီးချိုရောဂါရှင် တွေကို ကုသရာမှာအလွန်အသုံးဝင်ပါ တယ်။ ဒါပေမဲ့ ဆီးချိုရောဂါကို မထိန်း ချုပ်နိုင်တဲ့သူတွေအတွက်တော့ ပြဿနာ ဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် တွေ ရုတ်တရက်ကျဆင်းသွားတာကြောင့် ဦးနှောက်တွင်း သကြားဓာတ်တွေချို့တဲ့ သွားပြီး သတိမေ့တာနဲ့ တက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အမြန်ကုသမှုမခံ ယူနိုင်ရန် အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဆီးချို ရောဂါရှင်တွေအနေနဲ့ ပန်းသီးရှလကာ ရည်မသောက်ခင် ဆရာဝန်နဲ့အရင်တိုင် ပင်သင့်ပါတယ်။

 

ပိုတက်စီယမ်ဓာတ်လျော့ကျနိုင်ခြင်း

ဆီးရွှင်ဆေးနဲ့အင်ဆူလင်လိုမျိုး တချို့ဆေးဝါးတွေ အသုံးပြုရတဲ့သူတွေ အနေနဲ့ ပန်းသီးရှလကာရည်ကိုသောက် တဲ့အခါမှာ ဂရုစိုက်ပြီးသောက်ရပါမယ်။ သူက တချို့ဆေးဝါးတွေနဲ့ဓာတ်ပြုမှုတွေ ဖြစ်ပြီး ခန္ဓာကိုယ်ထဲက ပိုတက်စီယမ်အ ဆင့်တွေလျော့ကျသွားနိုင်ပါတယ်။ ဒီလို ပိုတက်စီယမ်အဆင့်တွေ လျော့ကျသွား တာကြောင့် ခန္ဓာကိုယ်တွင်းအားနည်း တာ၊ ၀မ်းချုပ်တာ၊ နှလုံးစည်းချက်မမှန် တာနဲ့ ကြွက်တက်တာတွေဖြစ်လာနိုင်ပါ တယ်။ ခန္ဓာကိုယ်က ပိုတက်စီယမ်ကို ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက် တွေအတွက် အသုံးပြုပါတယ်။ ပိုတက် စီယမ်မရှိရင် ပြဿနာတွေဖြစ်လာနိုင်ပါ တယ်။

 

လည်ချောင်းအပူလောင်နိုင်ခြင်း

ပန်းသီးရှလကာရည်ဟာ အစာရေ မျိုပြွန်အတွင်း အပူလောင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်တာက ရှလကာရည်တွေ ၀မ်းဗိုက်ထဲ မရောက်ဘဲ လည်ချောင်းထဲ မှာ တစ်ဆို့နေတာကြောင့် ဖြစ်နိုင်တယ် လို့ ဆရာဝန်တွေက မှတ်ချက်ပေးပါ တယ်။

ကြွေသွားလွှာပျက်စီးခြင်း

အက်စစ်ပါဝင်မှုများတဲ့ အရည်နဲ့အ စားအစာတွေဟာ သွားရဲ့ကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ ရှလကာရည်မှာ ပါဝင်တဲ့ အက်စီးတစ်အက်စစ်ကလည်း သွားရဲ့ကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။

 

ပန်းသီးရှလကာရည်ကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်

♦ ဓာတ်မတည့်မှုဖြစ်စဉ်ကို ဂရုစိုက်ပါ
ပန်းသီးရှလကာရည်နဲ့ဓာတ်မတည့် သူက ရှားပါတယ်။ ဒါပေမဲ့ သူ့ကိုသောက် ပြီး ဓာတ်မတည့်တဲ့လက္ခဏာတွေပေါ် လာခဲ့ရင် ချက်ချင်းရပ်တန့်လိုက်ပါ။

♦ သောက်တဲ့ပမာဏကို ကန့်သတ်ပါ
ပထမဆုံးအနေနဲ့ ရှလကာရည်ကို ပမာဏအနည်းငယ်သာ စမ်းသပ်ပြီး သောက်သုံးပါ။ တစ်နေ့ကို အများဆုံး စားပွဲတင်ဇွန်း နှစ်ဇွန်းသာသောက်သုံးပါ။

♦ သွားနဲ့အက်စီးတစ်အက်စစ် ထိတွေ့ မှု နည်းပါစေ
ပန်းသီးရှလကာရည်ကို ရေရောစပ် ပြီး ပိုက်နဲ့စုပ်သောက်ပါ။

♦ ပလုတ်ကျင်းပါ
ပန်းသီးရှလကာရည်သောက်ပြီးတဲ့ နောက် ရေနဲ့ပလုတ်ကျင်းလိုက်ပါ။ သွား တိုက်ချင်တယ်ဆိုရင် ကြွေလွှာပျက်စီးမှု မရှိအောင် ရှလကာရည်သောက်ပြီး အနည်းဆုံး မိနစ် ၃၀ ခြားပြီးမှသာတိုက်ပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *