ပါးမို့မို့လေးမှာပန်းနုသွေးရောင်သမ်းနေစေဖို့…

ပါးမို့လေးမှာ သဘာဝအတိုင်း ပန်းနုသွေးရောင်နဲ့ လှပနေမယ်ဆိုရင် နှစ်လိုဖွယ် မိန်းကလေးတစ်ယောက်ဖြစ် မှာပါ။ ပန်းနုရောင်သမ်းနေတဲ့ ပါးမို့ လေးက မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို ဖြည့်စွက်ပေးသလို ကျန်း မာကြံ့ခိုင်တယ်ဆိုတဲ့ သက်သေတစ်ခု လည်းဖြစ်ပါတယ်။ သင်ရဲ့ပါးမို့လေး ပန်းနုရောင်သမ်းပြီး လှပဖို့အတွက် အောက်ပါသဘာဝနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပါ။

ငှက်ပျောသီး
ငှက်ပျောသီးနှစ်လုံးကို ကြိတ်ခြေ ပြီး မျက်နှာပေါ် လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီး ရေဆေးချပါက ပါးမို့မှာ နှင်း ဆီရောင်လေးသမ်းနေစေပါတယ်။

ညင်သာစွာ နှိပ်နယ်ခြင်း
အရေပြားအောက်မှာ သွေးလှည့် ပတ်မှု ကောင်းတာက အသားအရေကို ကောင်းမွန်စေပါတယ်။ သွေးလှည့်ပတ် မှုကောင်းမွန်အောင် စက်ဝိုင်းပုံအတိုင်း ညင်သာစွာ နှိပ်နယ်ပေးပါ။ ရက်အနည်း ငယ်အတွင်း နှင်းဆီရောင်သမ်းတဲ့ ပါး မို့ကို ပိုင်ဆိုင်နိုင်စေပါတယ်။

ကြက်ဥအကာနှင့် ပျားရည်
ကြက်ဥအကာကို ပျားရည်နဲ့ ရော ပြီး မျက်နှာပေါ်ညင်သာစွာ ပွတ်လိမ်း ပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။

ရှောက်ရည်နှင့် သခွားသီး
ရှောက်ရည်နဲ့ သခွားသီးအရည်ကို ပျားရည်၊ နွားနို့တို့နဲ့ရောပြီး ပါးမို့ပေါ် လိမ်းပေးပါ။ နှင်းဆီသွေးရောင်ပါးမို့ လေးကို ပိုင်ဆိုင်ရရှိနိုင်စေပါတယ်။

သစ်ကြားသီးနှင့် နှင်းဆီပွင့်ဖတ်
သစ်ကြားသီးနဲ့ နှင်းဆီပွင့်ဖတ်ကို ရောကြိတ်ခြေပြီး ပျားရည်နဲ့ ရောပါ။ ရလာတဲ့အရောကို ပါးမို့ပေါ် နေ့စဉ် လိမ်းပေးပါက နှင်းဆီပွင့်လွှာရောင် သမ်းနေစေပါတယ်။ အဆိုပါအရောကို ရေခဲသေတ္တာထဲထည့်ပြီး တစ်ပတ် လောက်အသုံးပြုနိုင်ပါတယ်။

ပဲနီလေး
ပဲနီလေးကို မကျိုချက်ရသေးတဲ့ နွားနို့ထဲမှာ မိနစ် ၃၀ လောက် စိမ်ထား ပြီးမှ ကြိတ်ခြေလိုက်ပါ။ ပေါင်ဒါမှုန့် အနည်းငယ်နဲ့ရောပြီး ခပ်ပျစ်ပျစ်ရ အောင်လုပ်ပါ။ မျက်နှာပေါ်လိမ်းကာ မိနစ် ၂၀ ထားပြီးမှ မျက်နှာသန့်စင် လိုက်ပါ။

ဂျုံမှုန့်နှင့် နွားနို့
ဂျုံမှုန့်လက်ဖက်စားဇွန်း ၂-၃ ဇွန်း ကို နွားနို့တစ်ဇွန်းနဲ့ ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာကို သန့်စင်ဆေးကြောပါ။

ပန်းသီးရှလကာရည်
တိုနာအဖြစ် ပန်းသီးရှလကာရည် ကိုအသုံးပြုပြီး ပါးနှစ်ဖက်ကို သန့်စင် ပေးပါက ပန်းနုသွေးရောင်သမ်းစေပါ တယ်။ ပန်းသီးရှလကာရည်ကို ဂွမ်းစ လေးနဲ့တို့ပြီး ပါးနှစ်ဖက်ပေါ်လိမ်းပေးပါ။

လိမ္မော်ခွံခြောက်
လိမ္မော်ခွံခြောက်ကို အမှုန့်ပြုလုပ် ကာ နွားနို့နဲ့ရောပြီး ခပ်ပျစ်ပျစ်ရအောင် ပြုလုပ်ကာ ပါးပြင်ပေါ် လိမ်းပေးပါက အရေပြားကျန်းမာစေတဲ့အပြင် ပါးမို့ လေး ပန်းနုသွေးရောင်လွှမ်းနေစေပါ တယ်။ လိမ္မော်ခွံကနေ ရရှိနိုင်တဲ့ ဗီတာ မင် အီးနဲ့ စီတွေက ပါးမို့ကို သဘာဝအ တိုင်း ပန်းနုသွေးရောင် သမ်းနေစေပါ တယ်။

သကြား
ပါးပြင်ပေါ်ကိုသကြားနဲ့ ညင်သာ စွာ ပွတ်ပေးပြီးလည်း ပါးမို့လေးကို သဘာဝအတိုင်း ပန်းနုသွေးရောင်သမ်း အောင် ပြုလုပ်နိုင်ပါတယ်။ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးပါ။

ကြေးချွတ်ခြင်း
မျက်နှာကြေးချွတ်တာကို ပုံမှန်ပြု လုပ်ပေးပါက ပန်းနုသွေးရောင်သမ်းတဲ့ ပါးမို့လေးကို ပိုင်ဆိုင်နိုင်မှာပါ။ အဆင် သင့်ဝယ်ယူရရှိနိုင်တဲ့ ကြေးချွတ်သန့် စင်ပစ္စည်းတွေ အသုံးပြုနိုင်သလို သ ဘာဝအိမ်တွင်းပစ္စည်းတွေနဲ့လည်း ကြေးချွတ်သန့်စင်နိုင်ပါတယ်။ အိမ် တွင်းမှာပဲ အလွယ်တကူပြုလုပ်ဖို့အ တွက် အုတ်ဂျုံနဲ့ နွားနို့ရောပြီး မျက်နှာ ပြင်အနှံ့ ညင်သာစွာပွတ်ကာ ကြေးချွတ် သန့်စင်ပေးနိုင်ပါတယ်။ ဆဲလ်သေတွေ ဖယ်ရှား ရှင်းလင်းပြီး ပန်းနုသွေးရောင် ပါးမို့လေးနဲ့ သိသာထင်ရှားစွာ လှပလာ စေပါတယ်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီး ဒင့်တွေ များစွာပါဝင်ပြီး အသားအရေကို နုပျိုလှပစေပါတယ်။ အရေးကြောင်းကင်း စင်ပြီး ပန်းနုသွေးရောင် ပါးမို့လေး ပိုင်ဆိုင် နိုင်ဖို့ ခရမ်းချဉ်သီးဖျော်ရည် ပြုလုပ်ပြီး သောက်သုံးပါ။ အရွယ်တော် ခရမ်းချဉ် သီးနှစ်လုံးကို အရည်ပြုလုပ်ပြီး ရေခွက် နှစ်ခွက်စာ၊ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းရောကာ ဖျော်ရည်ပြုလုပ်ပါ။ မနက်တိုင်း အဆိုပါခရမ်းချဉ်သီးဖျော်ရည် ကို သောက်သုံးပြီး ၃၀-၄၀ မိနစ်ကြာမှ မနက်စာ စားပါ။

ရေ
ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမှ သာ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကို ဖယ်ရှားရှင်းလင်းနိုင်မှာပါ။ ရေဓာတ် လုံလောက်နေပါက အရေပြား စိုပြည်လှ ပနေစေပြီး ပန်းနုသွေးရောင် သန်းနေစေ ပါတယ်။

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal