ပါတီသုံးဆေးရည်များ အရှိန်ဖြင့် ထိမှန်ခဲ့သဖြင့် မျက်စိဟက်တက်ကွဲခဲ့ရသူ

စပိန်နိုင်ငံ မီဂါလပ်ဖ်အပန်းဖြေစခန်းမှာ ကျင်းပခဲ့တဲ့ မီဂါလပ်ဖ်နိုက် ကလပ်မှာ ပါတီသုံးဆေးရောင်စုံဖျန်းသေနတ်ကနေ ဆေးရည်ပစ်လွှတ် ခဲ့ရာမှာ ဒီလွန်ကွန်နရီလို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော် သက်တစ်ဦးရဲ့ မျက်စိကို မတော်တဆအရှိန်ပြင်းပြင်းနဲ့ ထိမှန်သွားခဲ့ တာကြောင့် ဒီလွန်ကွန်နရီရဲ့ မျက်လုံးတစ်ဖက်က နှစ်ခြမ်းဟက်တက် ကွဲထွက်သွားခဲ့ရတဲ့အထိ ထိခိုက်ဒဏ်ရာပြင်းထန်သွားခဲ့တယ်လို့ သိရ ပါတယ်။ နိုက်ကလပ်မှာ ကနေကြသူတွေကို UV ဆေးတွေနဲ့ ပေကျံ သွားစေပြီး ကခုန်သူတွေကို ပိုပြီးပျော်ရွှင်သွားစေဖို့ ဆေးရည်တွေကို ပစ်လွှတ်ဖျန်းပက်ပေးတဲ့ ပါတီသုံးဆေးရောင်သေနတ်ကနေ အရှိန်နဲ့ပန်း ထွက်လာခဲ့တဲ့ ဆေးရည်တွေက ဒီလွန်ရဲ့မျက်နှာကို အနီးကပ်အနေအ ထားနဲ့ အရှိန်ပြင်းပြင်းထိမှန်သွားခဲ့ကာ မျက်စိဟက်တက်ကွဲပြီး အပြင်း အထန် ထိခိုက်ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ ဆေးရုံကို အရေးပေါ်ပို့ ဆောင်ကုသခဲ့ရာမှာ ခွဲစိတ်ဆရာဝန်တွေကတောင် ဒီလောက်ဆိုးရွားတဲ့ မျက်လုံးမတော်တဆ ထိခိုက်မှုမျိုးကို မကြုံတွေ့ခဲ့ဖူးဘူးလို့တောင် ဆို ကြပါတယ်။ ပါတီတွေမှာ အန္တရာယ်များတဲ့ပစ္စည်းတွေအသုံးပြုတာ ကြောင့် ထိခိုက်ဒဏ်ရာရနိုင်တဲ့အခြေအနေကို ဒီလွန်ဖြစ်ရပ်ကဥပမာ ဖြစ်ပြီး ပါတီတွေ၊ နိုက်ကလပ်တွေသွားပြီး ပျော်ပါးတတ်ကြသူတွေအနေနဲ့ ဒီလို အန္တရာယ်များတဲ့အရာတွေမြင်တွေ့မိရင် ဆင်ခြင်ရှောင်ရှားနိုင်စေဖို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်တယ်လို့ ဒီလွန်ရဲ့မိခင်အက်ရှလေက ဆို ပါတယ်။ ဒီလွန်ရဲ့ဖြစ်ရပ်ကို သိရှိခဲ့တဲ့နောက် စပိန်ရဲတပ်ဖွဲ့က အဆိုပါ နိုက်ကလပ်ကို အမှုဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။

◘ သံသာ (DS,26.7.18)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *