သင့်နားရွက်က ပြောပြနိုင်သည့် သင့်ကျန်းမာရေး

သင့်နားရွက်က တခြားလူတွေရဲ့ နားရွက်တွေနဲ့ ပုံသဏ္ဌာန်မတူဘဲ ကွဲပြား ခြား နားနေတာ ဒါမှမဟုတ် နာကျင်နေတာ၊ နားထဲမှာ အသံမြည်နေတာ ဒါမှမဟုတ် ယားယံနေတာတွေ ဖြစ်နေရင် သင့်ကိုယ်တွင်းမှာ တစ်ခုခုချို့ယွင်းနေပါပြီ။ အောက်ပါ တို့ဟာ နားရွက်ရဲ့ ပုံသဏ္ဌာန်က ပြောပြနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေပါ။

♦ နားသန်သီးပေါ်တွင် အရေးကြောင်းရှိခြင်း
နားသန်သီးမှာ ကန့်လန့်ဖြတ်အရေး ကြောင်းပေါ်နေတာက နှလုံးရောဂါရဲ့ လက္ခဏာပါ။ Frank’s Sign လို့လည်း ခေါ် ပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလိုအရေး ကြောင်းပေါ်ရတဲ့အကြောင်းရင်းကို တိတိ ကျကျမသိပေမယ့် နားသန်သီးပေါ်မှာ အ ရေးကြောင်းပေါ်တဲ့သူတိုင်းတော့ နှလုံးရော ဂါဖြစ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သင်ရဲ့ နားသန်သီးမှာ အရေးကြောင်းရှိနေရင်တော့ နှလုံးရောဂါအတွက် ဆရာဝန်နဲ့ စစ်ဆေးကြည့်ပါ။

♦ နားသန်သီးပေါ်တွင် ချိုင့်ခွက်နှင့် တွန့်ခေါက်ရာများရှိခြင်း
တချို့နို့စို့ကလေးငယ်တွေက ဒီလိုအ ခြေအနေနဲ့ မွေးလာတတ်ပါတယ်။ Beck-with-Wiedemann Syndrome လို့ ခေါ်ပြီး နားတစ်ဝိုက်မှာ အပေါက်လေးတွေ ရှိတဲ့အပြင် လျှာကြီးတာ၊ သွေးတွင်းသကြား ဓာတ်နည်းတာနဲ့ ခန္ဓာကိုယ်အရွယ်အစား ကြီးမားတာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေကြောင့် ကလေးအများစုမှာ ကျန်းမာရေးပြဿနာကြီးကြီးမားမား မဖြစ်တတ်ကြပါဘူး။ ဒါပေမဲ့ ကလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ တစ်ခြမ်းက တခြားတစ်ခြမ်းထက် ပိုမိုကြီးမားနိုင်တဲ့အတွက် ကင်ဆာဖြစ်ဖို့ အခွင့် အလမ်းများတယ်လို့ သုတေသီတွေက ဆိုပါတယ်။

♦ နားရွက်ကားနေခြင်း
Down Syndrome နဲ့ Turner Syndrome လို ခရိုမိုဇုမ်းပြဿနာကြောင့် နားရွက်ကားလေးတွေနဲ့ မွေးဖွားလာတတ် ကြပါတယ်။ Down Syndrome ရောဂါရှိ သူတွေကတော့ ကြီးထွားမှုမှာ ပြဿနာဖြစ် ပြီး ခန္ဓာကိုယ်မှာ တခြားချို့ယွင်းချက်တွေ လည်း ရှိပါတယ်။ Turner Syndrome  က ခေါင်းနဲ့ လည်ပင်းရဲ့ ပုံစံပေါ်လိုက်ပြီး လူပျိုဖော်/ အပျိုဖော်ဝင်ချိန်မှာ ကြီးထွားမှုပိုင်း ဆိုင်ရာ ပြဿနာပေးနိုင်ပါတယ်။

♦ အပြင်နားပေါက်မပါခြင်း
ဘာကြောင့်ဖြစ်သလဲဆိုတာ မသိပေ မယ့် ကိုယ်ဝန်ဆောင်ကာလမှာ တချို့ဆေး ဝါးတွေ မှီဝဲတာကြောင့် မွေးလာတဲ့ကလေး ငယ်မှာ အပြင်နားပေါက်မပါတာမျိုးတွေ ဖြစ်တတ်တယ်လို့ ဆရာဝန်တွေက ဆိုပါ တယ်။ မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ် နိုင်ပါတယ်။ ဆရာဝန်တွေက ပလတ်စတစ် ဆာဂျရီနည်းနဲ့ နားပေါက်ပြုလုပ်ပေးရပါ တယ်။

♦ နားရွက်တွင် အသားပိုပါရှိခြင်း
ကျောက်ကပ်ကျန်းမာရေးပြဿနာဖြစ် တဲ့လက္ခဏာပါ။ သန္ဓေသားရဲ့ ကျောက် ကပ်နဲ့နားရွက်ဟာ တစ်ချိန်တည်း ဖွံ့ဖြိုး တတ်တာကြောင့်ပါ။ မွေးကင်းစကလေးငယ် တွေရဲ့ နားရွက်မှာ အသားပိုရှိတာကို ဆ ရာဝန်တွေက သတိထားမိရင် ကလေးရဲ့ ကျောက်ကပ်ကျန်းမာရေးအတွက်ပါ တစ်ပါ တည်း စစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။

♦ နားလေထွက်ခြင်း
ဒါကတော့ များသောအားဖြင့် နား ကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ နားထဲမှာ နားဖာချေးတွေ စုပုံနေတာ ဒါမှ မဟုတ် ဆူညံတဲ့ပတ်ဝန်းကျင်မှာ နေနေရ တာကြောင့်ပါ။ ဒါ့အပြင် မေးရိုးနဲ့ ဦးခေါင်း ဆက်တဲ့နေရာက ပြဿနာကြောင့် ဒါမှမ ဟုတ် လည်ပင်းမှာ ထိခိုက်ဒဏ်ရာရတာ ကြောင့်လည်း နားထဲက လေထွက်သလို အသံကြားရနိုင်ပါတယ်။ သင့်နားထဲက လေထွက်သံ၊ မိုးခြိမ်းသံ၊ တချက်ချက်မြည်သံ ဒါမှမဟုတ် ရှူးရှူးရှဲရှဲမြည်သံတွေ ကြားနေရရင် ဆရာဝန်နဲ့ ပြသပါ။

♦ နားယားခြင်း
မှိုပိုးကူးစက်ခံရတာကြောင့် ဒါမှမဟုတ် ဆိုရီယေးစစ်လိုမျိုး မိမိရဲ့ ခုခံအားစနစ်က အရေပြားကို မှားယွင်းပြီးတိုက်ခိုက်ခံရတဲ့အခါ နားမှာ ယားယံနိုင်ပါတယ်။ နားရဲ့ အရေပြားက အလွန်ပါးလွှာတာကြောင့် အလွန်ပြင်းထန်စွာ နာကျင်နိုင်ပါတယ်။ နားရဲ့ အပြင်ဘက်၊ အတွင်းဘက်မှာပါ ဖြစ် နိုင်ပြီး ဆဲလ်သေတွေ စုဆောင်းမှုများလာ တာကြောင့် နားအကြားအာရုံပါ ထိခိုက် နိုင်ပါတယ်။

♦ နားကိုက်ခြင်း
နားထဲ ရောဂါပိုးဝင်ရောက်တာ၊ လည်ချောင်းတွင်း ရောဂါပိုးဝင်ရောက်တာ၊ နား ဖာချေးစုဆောင်းမှုများတာ၊ သွားပြည်တည်တာ ဒါမှမဟုတ် သွားကြိတ်တာကြောင့် နားကိုက်တဲ့ဝေဒနာခံစားရနိုင်ပါတယ်။ သင့်ကလေးငယ်က နားကိုက်နေပြီး ရက်အနည်းငယ်အတွင်း မပျောက်ကင်း ခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။ နားကိုက်တာနဲ့ အတူ အဖျားရှိတာ၊ အန်တာ၊ လည် ချောင်းနာတာ၊ နားထဲက ပြည်ထွက်ကျ တာ ဒါမှမဟုတ် နားရောင်ရမ်းနေတာ တွေ့ခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသပါ။ သင့်ကလေးငယ်က အသက် ခြောက်လအောက် ငယ်နေပြီး သူတို့နားကိုက်တယ်လို့ သင်ထင်ခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသပါ။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal