သင့် အိမ်လေးကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ဖို့ အသုံးပြုနိုင်သော အိမ်သုံးပစ္စည်းများ

ယခုနှစ် နွေရာသီကတော့ ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံအတော် များများမှာ မငြိမ်သက်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ စတိုးဆိုင်တွေမှာ ဆိုရင်လည်း တစ်ရှူးတွေ၊ လက်သန့် ဆေးရည်တွေဟာ ပစ္စည်းပြတ်လပ်သွား တဲ့အထိ အရောင်းရဆုံးစာရင်းဝင်တွေ ဖြစ်လာပါတယ်။ ဒီတော့ သင့်အိမ်နဲ့ သင့် မိသားစုအတွက် ဗိုင်းရပ်စ်အန္တရာယ်က နေကာကွယ်နိုင်ဖို့ ဘယ်လို အိမ်သုံးပစ္စည်းတွေအသုံးပြုနိုင်လဲဆိုတာ ရေးပေး လိုက်ပါတယ်။

♦ ဘယ်လိုနေရာတွေကို အဓိကထားပြီး သန့်စင်ရမလဲ

အိမ်မှာထိမိ၊ ကိုင်တွယ်မိတဲ့ မျက် နှာပြင်တွေအကုန်လုံးကိုတော့ တစ်နေ့ တာလုံးမှာ အချိန်ပြည့်သန့်စင်နိုင်မှာ မ ဟုတ်ပါဘူး။ သဘာဝအားဖြင့် ကမ္ဘာ မြေကြီးမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ် တွေ၊ ပိုးမွှားတွေဆိုတာ ပျံ့နှံ့နေတာဖြစ် ပြီး လက်နဲ့လည်း မကြာခဏ ထိမိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အထိရောက်ဆုံး ကာကွယ်နည်းက မကြာခဏ လက်ဆေး တာပါပဲ။ နောက်ပြီး အရေးကြီးတာက တော့ မကြာခဏ အထိအတွေ့များတဲ့ မျက်နှာပြင်တွေ (High-Traffic Areas) ဖြစ်တဲ့ မီးဖိုချောင်၊ ရေချိုးခန်း၊ ရေအိမ် စတာတွေကို တစ်နေ့သုံးကြိမ် သန့်စင် ပေးနိုင်ဖို့ လိုပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအေဂျင်စီမှ ပြောကြား ချက်အရ ကိုရိုနာဗိုင်းရပ်စ်က သင့်တော် မှန်ကန်တဲ့ ပစ္စည်းတွေအသုံးပြုပြီး အ လွယ်တကူ သတ်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ် ပါတယ်။ ဗိုင်းရပ်စ်ပိုးမှာ စာအိတ်လိုမျိုး ပုံစံအမြှေးပါးလေးပါရှိပြီး ဒီအမြှေးပါး ထိ ခိုက်ပျက်စီးတဲ့အခါ ဗိုင်းရပ်စ်ပိုးက အ လုပ်မလုပ်နိုင်တော့ပါဘူး။

♦ အသုံးပြုနိုင်သော အိမ်သုံးပစ္စည်းများ

(၁) ဆပ်ပြာနဲ့ရေ
လက်ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး သေချာပွတ်တိုက်ဆေးရင်ကို ဗိုင်းရပ်စ်ပိုး ရဲ့အမြှေးပါးကို ထိခိုက်ပျက်စီးစေနိုင်ပါ တယ်။ WHO က သတ်မှတ်ထားတဲ့ လက်ဆေးကြောပုံအဆင့်ဆင့်ကို လိုက် နာပါ။ သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ လက်သုတ်ပဝါ၊ Towel  တွေကို ဆပ်ပြာ ရည်ထဲမှာ စိမ်ပေးထားတာကလည်း ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်း ရပ်စ်တွေကို သတ်နိုင်ပါတယ်။

(၂) အစွန်းအထင်းချွတ်ဆေးရည်
CDC (Centers for Disease Control and Prevention) က ထုတ် ပြန်ထားတဲ့သတင်းအရ ရေဖျော်ထားတဲ့ အစွန်းချွတ်ဆေးက (လက်ဖက်ရည်ခွက် သုံးပုံတစ်ပုံစာ အစွန်းချွတ်ဆေးနှင့် ရေ တစ်ဂါလန် အချိုးအစား ရောစပ်ပါ) ဗိုင်း ရပ်စ်ပိုးကို သန့်စင်စေနိုင်တယ်လို့ ဆိုပါ တယ်။ အစွန်းချွတ်ဆေးအသုံးပြုတဲ့အခါ လက်အိတ်စွပ်ရပါမယ်၊ အစွန်းချွတ်ဆေး ကို ရေကလွဲလို့ တခြားအရည် (ဥပမာ -အမိုးနီးယား) တွေနဲ့ လုံး၀ မရောစပ်ပါနဲ့။ အစွန်းချွတ်ဆေးက ပလတ်စတစ်ပစ္စည်း တွေ၊ သံထည်တွေပေါ်မှာ ရက်အနည်း ငယ်ကြာ ထားမယ်ဆိုရင် အရောင်လွင့် ပြယ်နိုင်ပါတယ်။ ဒါကြောင့် အစွန်းချွတ် ဆေးအသုံးပြုပြီး တစ်ရက်၊ နှစ်ရက် လောက်ကြာရင် ရေနဲ့ ပြန်လည် သန့်စင် ပေးဖို့လိုပါတယ်။

(၃) အရက်ပြန် (Isopropyl Alcohol)
အယ်လ်ကိုဟောပမာဏ အနည်း ဆုံး ၇၀ ရာခိုင်နှုန်းပါဝင်တဲ့ အရက်ပြန်က ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ အရက်ပြန်က မျက်နှာပြင်အတော်များများအတွက် သန့် စင်ပေးနိုင်တဲ့ အကောင်းဆုံး ပစ္စည်း တစ်မျိုးပါ။ တချို့ ပလတ်စတစ် မျက်နှာပြင် တွေကို အရောင်မှိန်စေတာကိုတော့ သိ ထားပါ။ အရက်ပြန်ကို ဗိုင်းရပ်စ်ပိုး သန့် စင်ဖို့ အသုံးပြုတဲ့အခါ ရေနဲ့ မရောပါနဲ့။

(၄) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
CDC ရဲ့ အဆိုအရ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ် သုံးရာခိုင်နှုန်းပါဝင်တဲ့ အိမ်သုံးပစ္စည်းဟာ ကိုရိုနာဗိုင်းရပ်စ်ထက် ပို ပြင်းထန်တဲ့ ရီနိုဗိုင်းရပ်စ် (Rhino-virus) ကို သေစေနိုင်တယ်လို့ ဆိုပါ တယ်။ ဒါကြောင့် ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ်က ကိုရိုနာဗိုင်းရပ်စ်ကို အချိန်တို တွင်းမှာ သတ်နိုင်မှာ ဖြစ်ပါတယ်။ ဟိုက် ဒရိုဂျင်ပါ အောက်ဆိုဒ်ကို ရေနဲ့မရောဘဲ စပရေးပု လင်းထဲထည့်ပြီး သန့်စင်ချင်တဲ့ မျက်နှာ ပြင်ပေါ်ဖျန်းပြီး သန့်စင်ပါ။ ဟိုက် ဒရိုဂျင်ပါ အောက်ဆိုဒ်က မျက်နှာပြင် တွေကို စားပစ်တာမျိုးမရှိလို့ သံထည် တွေပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မတော်တဆ အဝတ်အထည်နဲ့ ထိမိရင်တော့ အရောင်ကျွတ်စေပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဒြပ်ပေါင်း ကို ဖျန်းပြီးရင် လိုက်သုတ်စရာမလိုပါဘူး၊ သူ့အလိုလို ပိုးသန့်စင်မှာဖြစ်ပြီး အောက် ဆီဂျင်နဲ့ ရေအဖြစ် ပြန်လည် ပြိုကွဲသွား မှာပါ။

♦ သတိပြုရမည့်အရာများ

(၁) အိမ်မှာပြုလုပ်တဲ့လက်သန့်ဆေးရည်
အင်တာနက်ပေါ်မှာ လက်သန့်ဆေး ရည်ပြုလုပ်နည်းပေါင်းများစွာကို ရှာတွေ့ မှာပါ၊ ဒါပေမဲ့ သေချာတဲ့ အချိုးအစားကို သိရဖို့တော့ ခက်ပါတယ်။ တကယ်လို့ အချိုးအစား ရောစပ်တာ လွဲနေရင် ဒါဟာ အရမ်းကို သတိထားရမယ့် အချက်ပါ။ ဘာကြောင့်လဲဆိုတော့ လက်သန့်ဆေး ရည်အသုံးပြုတယ်ဆိုပြီး စိတ်လုံခြုံမှုရှိ နေပေမယ့် တကယ်တမ်း ဗိုင်းရပ်စ်ကို မ ကာကွယ်နိုင်တဲ့ အချိုးအစားဖြစ်နေရင် သင်ရော၊ သင့်မိသားစုရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာပါ။ အိမ်မှာ ကိုယ်တိုင်ပြု လုပ်တာဖြစ်တာကြောင့် တကယ်ကော ပိုးကို သန့်စင်စေနိုင်လား၊ ဘယ်လောက် ရာခိုင်နှုန်း သန့်စင်စေနိုင်တာလဲဆိုတာ သေချာစမ်းသပ်စစ်ဆေးနိုင်မှာ မဟုတ် ပါဘူး။

(၂) ဗော့ကာအရက် (Vodka)
ဗော့ကာအရက်နဲ့ ပတ်သက်ပြီး လည်း အင်တာနက်ပေါ်မှာ ဗိုင်းရပ်စ်သေ စေဖို့ ရောစပ်ရမယ့် Recipes တွေ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗော့ကာထုတ်လုပ်တဲ့စက်ရုံတွေက ပြော ထားတာကတော့ ဗော့ကာမှာပါဝင်တဲ့ အယ်လ်ကိုဟောပမာဏက ၄၀ ရာခိုင် နှုန်းပဲရှိတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ကို သေ စေဖို့ဆိုရင် အယ်လ်ကိုဟော ၇၀ ရာခိုင် နှုန်းလိုအပ်တယ်လို့ ဆိုပါတယ်။

(၃) ဗီနီကာ (Distilled White Vinegar)
ဗီနီကာကို အသုံးပြုပြီး ပိုးသန့်စင်တဲ့ နည်းလမ်းတွေကလည်း အွန်လိုင်းမှာ ပေါ်ပြူလာဖြစ်နေပါတယ်။ ဒါပေမဲ့ ဗီနီကာ က ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်တယ်ဆို တဲ့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိသေးပါဘူး။ သတိထားရမယ့်အချက်က ဗီနီကာကိုအသုံးပြုပြီး ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်၊ တီဗီမျက်နှာပြင်တွေ ကို မသန့်စင်ပါနဲ့။ ဗီနီကာက စခရင်မ် တွေကို ပျက်စီးစေပြီး Touch မမိတာ တွေ ဖြစ်စေပါတယ်။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal