ပျားရည်မျက်နှာသစ်ဆပ်ပြာ

မိုးရာသီက စိုစွတ်ထိုင်းမှိုင်းပြီး မျက်နှာမှာ အညစ်အကြေးတွေ ကပ်တွယ်လွယ်ပါတယ်။ ဒါ့အပြင် မိတ်ကပ်လိမ်းပြီးရင်ပဲဖြစ်ဖြစ်၊ မျက် နှာလေး အစိုဓာတ်ပြည့်ဝစွာနဲ့ ကြည်လင်နေစေ ဖို့ပဲဖြစ်ဖြစ် မျက်နှာသစ်ဆပ်ပြာလေးကတော့ လူတိုင်းအတွက် လိုအပ်မှာပါပဲ။
ဒီတစ်ပတ်မှာ Good Health စာဖတ်ပ ရိသတ်တွေအတွက် ပျားရည် မျက်နှာသစ်ဆပ် ပြာပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ လွယ်လွယ်လေးမို့ စမ်းကြည့်လိုက်နော်…

ဒီမျက်နှာသစ်ဆပ်ပြာထဲမှာ အဓိကပါဝင်တဲ့ပျားရည်က အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေ သန့်စင်ပေးတာ၊ အမာရွတ်တွေ (အထူးသဖြင့် ၀က်ခြံကြောင့်ဖြစ်တဲ့) ကို ပါးလျစေတာ၊ နေလောင်ဒဏ်ရာတွေကို ကုသပေးတာ၊ ၀က်ခြံနဲ့ တင်းတိပ်တွေကို တိုက်ထုတ်ပေးတာ၊ သဘာဝအတိုင်း လင်းလက်တောက်ပစေတာ၊ အသားအရေကို ရေဓာတ်ပြည့်ဝစေတာ၊ အရေးကြောင်းတွေ လျော့နည်းစေတာနဲ့ အသားအရေကြည် လင်စေတာစတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။
သံလွင်ဆီမှာ ဗီတာမင်အီးလို အစွမ်းထက်တဲ့ ဗီတာမင်အေ၊ ဒီ၊ ကေတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် သူ့မှာ အင်တီအောက်ဆီးဒင့်လည်း ပါဝင်တာ ကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားကင်ဆာဖြစ်ပွားတာကနေ ကာကွယ်ပေးနိုင်ပါတယ်။

လိုအပ်တာတွေကတော့ …

Castile Soap  (Baby Mild ဒါမှ မဟုတ် Tea Tree) – ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံ
ပျားရည် – ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံ
ရေနွေး – ထမင်းစားဇွန်း သုံးဇွန်းစာ
သံလွင်ဆီ – ထမင်းစားဇွန်း နှစ်ဇွန်းစာ

ပြုလုပ်နည်း …

Castile Soap နဲ့ ရေကို အရင်ရောစပ်ပြီး ဖြည်းဖြည်းချင်းမွှေပါ။
(အမြှုပ်မထွက်ပါစေနဲ့)
– ပြီးရင် ပျားရည်နဲ့ သံလွင်ဆီကို ထည့်မွှေပါ။
– အဲဒီအရည်ကို လည်ပင်းရှည်ဆပ်ပြာဘူးလွတ်ထဲထည့်ပြီး သိမ်းဆည်းပါ။

◘ ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *