ပလတ်စတစ်ဘူးများနှင့် မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးစားခြင်းကြောင့် မျိုးပွားမှု ထိခိုက်စေပြီး ဆီးချိုနှင့်ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ မြင့်မား

မိုက်ခရိုဝေ့ဗ်ထဲ ပလတ်စတစ်ဘူး များနှင့်ထည့်နွေးစားတာက မျိုးပွားမှုကို ထိခိုက်စေနိုင်ပြီး ဆီးချိုနှင့်ကင်ဆာရော ဂါတွေဖြစ်နိုင်ခြေ မြင့်မားစေတယ်လို့ လေ့လာချက်အရသိရပါတယ်။ မိုက်ခရို ဝေ့ဗ်မှာ ပလတ်စတစ်တွေကို အပူပေး တဲ့အခါဓာတုထွက်ရှိမှု ၉၅ ရာခိုင်နှုန်းရှိပြီး BPA ကဲ့သို့ ပြင်းထန်တဲ့ဓာတုအဆိပ် တွေက စားသုံးသူရဲ့သွေးလည်ပတ်မှု စနစ်ထဲရောက်ရှိသွားပြီး မျိုးအောင်နိုင် ခြေကျဆင်းစေတာ၊ ဟော်မုန်းပြောင်းလဲ တာနဲ့ ကင်ဆာအမျိုးမျိုးကိုဖြစ်စေတာ လို့ အိန်္ဒိယနိုင်ငံ နယူးဒေလီမြို့ အင်ဒီး ယား IVF ဆေးရုံက ဒေါက်တာနီတာရှာ ဂပ်ပတာက ပြောကြားခဲ့ပါတယ်။ ပလတ် စတစ်မှာပါတဲ့ ဓာတုတွေက မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးတဲ့အခါမှာ အစားအစာထဲကို စိမ့်ဝင်ပျံ့နှံ့ရောက်ရှိသွားပြီး မျိုးပွားစနစ် နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေတဲ့အပြင် ကင်ဆာရောဂါတွေ ကိုပါဖြစ်စေနိုင်တယ်လို့ ဒေါက်တာနီတာ ရှာက ဆိုပါတယ်။ ဖန်ထည်နဲ့ ကြွေထည် များကိုသာ အသုံးပြုသင့်ပြီး ပလတ်စတစ် ဘူးတွေက ကျန်းမာရေးကို ထိခိုက်စေ တဲ့အပြင် ပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းစေ တာကြောင့် အသုံးပြုမှုလျှော့ချသင့်တယ် လို့ ဒေါက်တာနီတာရှာက အကြံပြုတိုက် တွန်းခဲ့ပါတယ်။

◘ (DM, 7.6.18) သံသာ

Post Author: Good Health Journal

Leave a Reply