ဖျားနာတဲ့ကလေးကို ဘယ်အချိန်မှာ သွေးလွန်တုပ်ကွေးလို့ သံသယဝင်သင့်လဲ

Q … ကလေးတွေ ဖျားနာရင် သွေးလွန်တုပ် ကွေး ဖြစ်နေလားဆိုပြီး ဘယ်အချိန်မျိုးမှာ သံသယ ရှိသင့်ပါသလဲ။
A … သွေးလွန်တုပ်ကွေးကို ဘယ်အခါ မျိုးမှာ သံသယရှိသင့်လဲဆိုရင် အဖျားက ငွေ့ငွေ့လေးဖျားတာမျိုးမဟုတ်ဘဲ အဖျား ကြီးတယ်၊ သုံးရက်ဆက်တိုက် ဖျားတယ်၊ သွေးလန့်တဲ့လက္ခဏာတွေ၊ အန္တရာယ် လက္ခဏာတွေရှိတယ်၊ အဲဒါဆိုရင် သတိ ထားရပါမယ်။ ဒီလိုဖြစ်ရင် အကောင်းဆုံး က နီးစပ်ရာ တတ်ကျွမ်းတဲ့ဆရာဝန်၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ပြသသင့် ပါတယ်။ သွေးလွန်တုပ်ကွေး ဟုတ်၊ မဟုတ် ရှာဖွေပြီး ဟုတ်ရင် သေချာစွာ ကုသသင့်ပါတယ်။

Q … သွေးလွန်တုပ်ကွေးရောဂါဖြစ်လာရင် မလုပ်သင့်တာမျိုးတွေ ရှိရင်လည်း ရှင်းပြ ပေးပါ ဆရာမ။
A … အရေးကြီးတာတစ်ခုက သွေးလွန် တုပ်ကွေးနဲ့ပတ်သက်ပြီး မလုပ်သင့်တာ၊ အန္တရာယ်ရှိတာတွေကို သိရှိပြီးမလုပ်မိဖို့ လိုပါတယ်။ အဲဒါက မက်ကလောင် ဖောက်တာ၊ မက်ကလောင် ခြစ်တာ၊ အကိုက်အခဲပျောက်ဆေး တိုက်တာတွေ မလုပ်ရပါဘူး။ သွေးလွန်တုပ်ကွေးဖြစ်ရင် ကိုယ်ခန္ဓာထဲမှာ သွေးတိတ်စေတဲ့ သွေးဥ မွှားတွေ နည်းသွားတယ်။ မေမေတွေက မက်ကလောင်ဖောက်တယ်ဆိုပြီး ကလေး ရဲ့ စအိုဝကို အပ်နဲ့ဖောက်တယ်။ သွေး ထွက်လာတယ်၊ အဲဒီထဲကို ပိုးဝင်တယ်။ ကလေးက ပုံမှန်ဆိုရင် သွေးလွန်တုပ် ကွေးကုသရာမှာ အပ်နဲ့ဖောက်ရမယ့်အ စား ပုဆိန်နဲ့ ထွင်းရတာမျိုးဖြစ်တတ် တယ်။ အဲဒီလိုဖြစ်လာရင် ကုသရတာ ခက်ခဲပါတယ်။ အသက်အန္တရာယ် ကျ ရောက်တဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ နို့ ဆီခွက်နဲ့လားမသိဘူး၊ ကလေးကို မက် ကလောင်ခြစ်တော့ အစင်းတွေဖြစ်ပြီး သွေးယိုနိုင်တယ်။ တချို့မေမေတွေက ပါရာစီတမောတွေ၊ ဘိုင်အိုဂျက်စစ်လို မျိုးတွေမဟုတ်ဘဲ စပ်ဆေးတွေ ဝယ် တိုက်တယ်။ အဲဒီစပ်ဆေးထဲမှာ ကိုယ်ပူ ကျမြန်အောင်ဆိုပြီး အကိုက်အခဲပျောက် ဆေးတွေ ထည့်ပေးလိုက်တယ်။ အဲဒီ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကို သွေးယိုစေတယ်။ တချို့ ကလေးတွေက အစာအိမ်သွေးယိုပြီးမှ ဆေးရုံရောက်လာကြတယ်။ သွေးတွေ အများကြီးသွင်းပြီး ကယ်တာတောင် မရဘဲ အသက်ဆုံးရှုံးရတဲ့ ကလေးတွေ ရှိပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေး ဖြစ်တဲ့အခါ မလုပ်သင့်တာတွေကို မလုပ် မိဖို့လည်း အရေးကြီးပါတယ်။

Q … သားသားလေးက နှစ်တိုင်း သွေးလွန် တုပ်ကွေးဖြစ်ပါတယ်။ အဲဒီလို နှစ်တိုင်း သွေးလွန်တုပ်ကွေးဖြစ်တာမျိုး ရှိတတ်ပါ သလား ဆရာမ။
A … ရှိပါတယ်။ အဲဒါမျိုးဆိုရင် ပိုပြီး သတိထားရပါမယ်။ သွေးလွန်တုပ်ကွေး မှာ ဗိုင်းရပ်စ်လေးမျိုးရှိပါတယ်။ ပထမ တစ်ခါမှာဝင်တဲ့ ဗိုင်းရပ်စ်နဲ့ နောက်တစ် ကြိမ်ဝင်တဲ့ ဗိုင်းရပ်စ်မတူရင် ပိုဆိုးနိုင်ပါ တယ်။ အဲဒါဆိုရင် ကလေးကို ခြင်မကိုက် အောင်၊ ခြင်နှိမ်နင်းရေးကို ပိုလုပ်ရပါ မယ်။ သွေးလွန်တုပ်ကွေးကာကွယ်ဆေး က အလွယ်တကူသုံးလို့ရတဲ့ အခြေအ နေ မရောက်သေးတာကြောင့် ကာကွယ် ရေးကိုပဲ ပိုလုပ်ရပါမယ်။

Q … တုပ်ကွေးကာကွယ်ဆေးထိုးထားရင် ကော သွေးလွန်တုပ်ကွေး ဖြစ်နိုင်ပါသ လား ဆရာမ။
A … တုပ်ကွေးကာကွယ်ဆေးဆိုတာက ရာသီတုပ်ကွေးကို ကာကွယ်တာပါ။ သွေးလွန်တုပ်ကွေးနဲ့ မဆိုင်ပါဘူး။ သွေး လွန်တုပ်ကွေးက ခြင်ကိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။

Q … သားလေးက သွေးဖြူဥအားနည်းတဲ့ရော ဂါရှိတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းရပါတယ်။ အဲဒါ အသက် အန္တရာယ် စိုးရိမ်ရနိုင်ပါသလား။
A … သွေးဖြူဥအားနည်းတဲ့ ရောဂါက ဘယ်လိုရောဂါမျိုးလည်းတော့ မသိဘူး။ ကလေးတွေမှာ ခုခံအားလျော့နည်းတဲ့ ရောဂါတွေဖြစ်တာကတော့ တော်တော် နည်းပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တာ မှာ သွေးသွင်းရတယ်ဆိုတာကတော့ ရောဂါအဆင့်မြင့်လို့ ဖြစ်ပါလိမ့်မယ်။ ကာကွယ်ရေးကို အဓိကထားပြီး ဂရုစိုက် လုပ်ရပါမယ်။ ခြင်မကိုက်အောင် လုပ်ရ မယ်၊ ခြင်တွေ နှိမ်နင်းရမယ်၊ Abate ဆေးခတ်ရမယ်၊ ဒါမျိုးတွေ ပိုလုပ်သင့်ပါ တယ်။

Q … သားလေးက ကိုယ်ခံအားမကောင်းဘူး၊ ရောဂါခဏခဏ ဖြစ်တတ်ပါတယ်။ ဖျား ရင်ကော ရေချိုးပေးလို့ရပါသလား။
A … ဖျားရင် ရေချိုးပေးလို့ရပါတယ်။ ရေ ပတ်တိုက်ပေးလို့ရတယ်။ ကိုယ်အေး အောင် လုပ်ပေးလို့ရပါတယ်။ ပါရာစီတ မော တိုက်လို့ရတယ်၊ အရေးကြီး လက္ခ ဏာတွေ စောင့်ကြည့်မယ်။ ၃-၄ ရက် ကြာတဲ့အထိ အဖျားကြီးနေမယ်၊ ကိုယ်ပူ မကျဘူးဆိုရင် ဆေးရုံ၊ ဆေးခန်းပြပါ။ သွေးလွန်တုပ်ကွေး စစ်ဆေးပါ။ တစ်ပတ် ကျော်ရင် ဆရာဝန်ပြကိုပြရပါမယ်။

Q … ကလေးက ညဘက်ဆို ဖျားတယ်၊ နေ့ ဘက်ဆို ကောင်းတယ်၊ လန်းလည်းလန်း ပါတယ်။ စိုးရိမ်ရပါသလား။
A … ညနေဘက် ငွေ့ငွေ့ဖျားတယ်ဆိုရင် တီဘီရောဂါကို စဉ်းစားရပါမယ်။ တစ် ရက်၊ နှစ်ရက်လောက် ဖျားတာမျိုးဆိုရင် တော့ တီဘီမဟုတ်နိုင်ပါဘူး။

Q … သွေးလွန်တုပ်ကွေး မဖြစ်အောင် ဘယ် လိုကာကွယ်လို့ရမလဲ။
A … သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင် က အေးဒီးစ်လို့ခေါ်တဲ့ ခြင်ကျားကိုက် တာကြောင့် ဖြစ်ပါတယ်။ ဒီခြင်ကျားက ရေကြည်ရေသန့်တွေမှာ ပေါက်ပါတယ်။ အိမ်တွေမှာ ရေလှောင်ထားတယ်၊ ရေ စည်တွေရှိတယ်၊ အဲဒီထဲတွေမှာ ပိုး လောက်လမ်းတွေ ပေါက်တယ်။ အဲဒီပိုး လောက်လမ်းတွေကမှတစ်ဆင့် ခြင်ဖြစ် လာတယ်။ ဘုရားပန်းအိုးတွေကို ရက်အ ကြာကြီး မလဲဘဲထားရင်လည်း ခြင်ပေါက် ပါတယ်။ ခုံအောက်မှာ ပုရွတ်ဆိတ်မတက် အောင် ခွက်လေးတွေနဲ့ ရေခံထားတာ တွေကနေလည်း ခြင်ပေါက်ပါတယ်။ တချို့အိမ်တွေမှာ ကားတာရာတွေ၊ အိုးခြမ်းပဲ့တွေရှိပြီး မိုးရေတွေ ဝင်နေ တတ်ပါတယ်။ အဲဒီထဲတွေမှာလည်း ခြင်တွေ ပေါက်နိုင်ပါတယ်။

ကာကွယ်တာက ဖြစ်မှကုသတာ ထက် ပိုပြီးကောင်းပါတယ်။ ခြင်မပေါက် ပွားအောင် ရေစည်တွေကို ခြင်မဝင်နိုင် အောင် အဖုံးအုပ်ထားမယ်၊ ဘုရားပန်းအိုး တွေကို မှန်မှန်ရေလဲပေးမယ်၊ ရေဝင်နိုင် တဲ့ ပစ္စည်းအစုတ်တွေကို သေချာစွာ လွှင့်ပစ်ရမယ်၊ ပိုးလောက်လမ်း မပေါက် ပွားအောင် ရေထဲကို Abate ဆေးခတ်လို့ ရတယ်။ Abate ကို အလွယ်တကူ ဝယ် လို့ရပါတယ်။ မြို့နယ်ဒေသန္တရတွေမှာ လည်း ရှိပါတယ်။ ခြင်က မနက်လည်း ကိုက်တယ်၊ နေ့ခင်းဘက်လည်း ကိုက် တယ်၊ ညဘက်လည်း ကိုက်တယ်ဆိုပေ မယ့် နေ့ခင်းဘက်မှာ ပိုကိုက်ပါတယ်။ အဲဒါကြောင့် ကလေးတွေ အိပ်ရင် ခြင် ထောင်ထောင်သိပ်ပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ပေးထားပါ။ ဒါဆိုရင် သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ကျောင်းလွှတ်မယ်ဆိုရင် ကျောင်း ပတ်ဝန်းကျင်က သန့်ရှင်းဖို့ လိုပါတယ်။ ကျောင်းလွှတ်ရင် အခုခေတ်မှာ ခြင်မ ကိုက်အောင် ကပ်တဲ့ စတစ်ကာလေးတွေ ကပ်ပေးလိုက်လို့ ရပါတယ်။

Q … ခြင်မကိုက်တဲ့ ဆေးရည်တွေ ကလေး တွေကို လိမ်းပေးတာက အန္တရာယ်ရှိနိုင် ပါသလား ဆရာမ။
A … များသောအားဖြင့် ဓာတုပစ္စည်းပါ တာတွေထက် သဘာဝက ထုတ်လုပ်ထား တာကို သုံးစေချင်ပါတယ်။ (ဥပမာ – စပါးလင်က ထုတ်ထားတာ) ဓာတုပစ္စည်း ပါတာတွေကတော့ အန္တရာယ်ရှိနိုင်လို့ မပါတာကို သုံးသင့်ပါတယ်။

 

ဒေါက်တာသူဇာမြင့်(ကလေးအထူးကုဆရာဝန်၊ ရန်ကုန်ကလေးဆေးရုံကြီး)

Biogesic for Kidက ပြုလုပ်သော မေမေတို့အတွက် အွန်လိုင်းပေါ်က ဆွေး နွေးပွဲမှ ပြန်လည်ရေးသားသည်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal