ဖွားဇာတာအလိုက် နိုဝင်ဘာလအတွင်း ဖြစ်နိုင်ခြေရှိသော ကျန်းမာရေးကံဇာတာ

ကျန်းမာတဲ့ဘ၀က ပျော်ရွှင်တဲ့ ဘ၀ပါပဲ။ နိုဝင်ဘာလကို ရောက်လာပြီဆိုတော့ ဒီတစ်လအတွင်းမှာ ဖွားဇာတာအလိုက် ဖြစ်နိုင်ခြေရှိတဲ့ရောဂါတွေကိုသာ သိရှိထားမယ်ဆိုရင် ရှောင်သင့်တာ ရှောင်ပြီး လိုက်နာသင့်တာ လိုက်နာနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် သင်ရဲ့ကျန်းမာရေးအညံ့တွေ ပပျောက် သွားမှာဖြစ်ပါတယ်။

မိဿရာသီ
ဒီရာသီဖွားတွေအနေ နဲ့ နိုဝင်ဘာလကကျန်း မာရေးနဲ့ပတ်သက်ပြီး ပျော်ရွှင်ရတဲ့ လ တစ်လပါ။
အသီးအရွက်စားပါ။ ကြေးခွက်ထဲ ရေထည့်ပြီး တစ်ညထား ကာ မနက်မှ သောက်ပါ။
အရက်ရှောင်ပါ။

ပြိဿရာသီ
နိုဝင်ဘာလမှာ ပြိ ဿရာသီဖွားတွေ ဟာ အသက်ရှူလမ်း ကြောင်းပြဿနာ၊ မျက်လုံးပြဿနာနဲ့ အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်း ရေး ကို ဂရုစိုက်ပါ။ ရေများများသောက်ပါ၊ အရည်ရွှမ်းတဲ့သစ်သီးစားပါ။
ကာဗွန်ဖြည့်ထားတဲ့ အချိုရည်တွေရှောင်ပါ။

မေထုန်ရာသီ
မေထုန်ရာသီဖွား တွေက နိုဝင်ဘာလ မှာ စိတ်ပိုင်းဆိုင်ရာ အားနည်းနေပြီး ဆုံးဖြတ်ချက်ချဖို့ ချီတုံ ချတုံဖြစ်နေပါတယ်။ ဒါဟာ အလုပ်အ တွက် များစွာထိခိုက်နစ်နာမှုတွေ ကြုံ တွေ့နိုင်ပါတယ်။
သစ်သီးခြောက်တွေ စားပါ။ တရားထိုင်ပါ။ လေ့ကျင့်ခန်း ပုံ မှန်လုပ်ပါ။
အစာအလွန်အကျွံဗိုက် ပြည့်အင့်အောင် မစားပါနဲ့။ အစပ်စာ တွေ ရှောင်ပါ။

ကရကဋ်ရာသီ
ဒီရာသီဖွားတွေ ရဲ့နိုဝင်ဘာလအတွင်း ကျန်းမာရေးကံဇာတာ အရ ပါးစပ်အနာ၊ အစာအိမ်ပြဿနာတွေ ဖြစ်နိုင်ပြီး စိုးရိမ်သောကတွေလည်း ကြုံ တွေ့နိုင်ပါတယ်။
သေချာစွာ ချက်ပြုတ် ထားတဲ့အစာတွေ စားပါ။ ရေကို ငွေဖ လားနဲ့ ထည့်သောက်ပါ။
အေးခဲထားတဲ့အစာ တွေ၊ အစပ်စာနဲ့ မလတ်ဆတ်တဲ့အစာ တွေ ရှောင်ပါ။

သိဟ်ရာသီ
သိဟ်ရာသီဖွားတွေ က ပြီးခဲ့တဲ့ အောက် တိုဘာလအတွင်းမှာ ဒေါသထွက်တာ၊ စိတ်လှုပ်ရှားမှု ပြင်းထန်တာတွေ ခံစားခဲ့ရ သလိုပဲ ယခုလ နိုဝင်ဘာမှာလည်း ဒီလို တွေဆက်ပြီး ဖြစ်နိုင်ပါသေးတယ်။ ဒီခံ စားမှုတွေကြောင့် အစပ်စာနဲ့ ဆီကြော် တွေ ပိုစားဖြစ်စေပါတယ်။
အသီးအရွက်တွေပိုစား ပါ။ ကြေးခွက်ထဲ ရေထည့်ကာ တစ်ည အိပ်ထားပြီးမှ သောက်ပါ။
အနီရောင်အသားတွေ အလွန်အကျွံ မစားပါနဲ့။

ကန်ရာသီ
ကန်ရာသီဖွားတွေ ကဒီတစ်လလုံး ကျန်း မာရေးကောင်းမွန်နေ လို့ ပျော်ရွှင်မှုတွေ ပြည့်ဝနေမှာပါ။
လတ်ဆတ်တဲ့သစ်သီး၊ အသုပ်နဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံး ပါ။
ကိတ်မုန့်၊ ကွတ်ကီး၊ ပေါင်မုန့် စတာတွေရှောင်ပါ။

တူရာသီ
တူရာသီဖွားတွေ က နိုဝင်ဘာလမှာ အ ရက်သောက်ဖြစ်ဖို့ အ ကြောင်းတွေပေါ်နေလို့ အရက်များများ သောက်မိနိုင်ပါတယ်။
အနားယူပါ။ ကျန်းမာ ရေးနဲ့ ညီညွတ်စွာ စားသောက်ပါ။ တရား ထိုင်ပါ။
အရက်လျှော့သောက် ပါ။ ဆေးလိပ်မသောက်ပါနဲ့။

ဗြိစ္ဆာရာသီ
ဗြိစ္ဆာရာသီဖွား တွေက နိုဝင်ဘာလ မှာ ကျန်းမာရေးပြဿ နာတွေ ထွေထွေထူးထူးမရှိဘဲ အနည်း ငယ်သာ ဖြစ်နိုင်ခြေရှိပါတယ်။
သန့်ရှင်းလတ်ဆတ်တဲ့ အစာတွေ စားသုံးပါ။ အမျှင်ဓာတ်များတဲ့ အစာတွေ စားသုံးပါ။ အလုပ်သွားတဲ့အခါ အနီရောင်လက်ကိုင်ပ၀ါယူသွားပါ။ ကြေး နီခွက်နဲ့ ရေထည့်ကာ တစ်ညသိပ်ပြီးမှ သောက်ပါ။
အဆီများတဲ့အစာတွေ ရှောင်ပါ။

ဓနုရာသီ
ဒီရာသီဖွားတွေက နိုဝင်ဘာလအတွင်း မှာ လေးလံထိုင်းမှိုင်း ကာပျင်းရိနေတတ်ပါတယ်။ ခြေထောက် နဲ့ နောက်ကျော နာကျင်မှုတွေ ခံစားရ နိုင်ပါတယ်။
ပြေးတာ၊ လမ်းလျှောက် တာတွေပြုလုပ်ပေးပါက ဒီပြဿနာတွေ ကင်းဝေးနိုင်ပါတယ်။ နွားနို့သောက်ပေး ဖို့လည်း လိုပါတယ်။
ချဉ်ဖတ်တွေ၊ ရှလကာ ရည်တွေ မစားသင့်ပါ။

မကာရရာသီ
နိုဝင်ဘာလက မ ကာရရာသီဖွားတွေ အတွက် ညံ့တဲ့လ တစ်လပါ။ ကျန်းမာရေးညံ့နေပြီး ဘာ လုပ်လုပ် အကျိုးမရှိသလို ခံစားရနိုင်ပါ တယ်။
အ၀တ်အစားတွေကို သန့်ရှင်းစွာ လျှော်ဖွပ်၊ မီးပူတိုက်ပြီးမှ ၀တ်ဆင်ပါ။
မလတ်ဆတ်တဲ့အစာ တွေ၊ အစပ်စာတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း တွေကိုရှောင်ပါ။ အရက်နဲ့ ဆေးလိပ် ဖြတ်ပါ။

ကုံရာသီ
အောက်တိုဘာလ က ကုံရာသီဖွားတွေ အတွက် ကျန်းမာ ရေးကောင်းမွန်တဲ့ လလို့ ပြောနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ် စွာ စားသောက်နေထိုင်ပါ။ အမျှင်များတဲ့ အစာတွေကို စားသုံးပါ။
ထွေထွေထူးထူး ရှောင် ကြဉ်ဖို့ မလိုပါဘူး။

မိန်ရာသီ
မိန်ရာသီဖွားတွေ က နိုဝင်ဘာလမှာ ကျန်းမာရေးပြဿ နာတွေ ကြီးကြီးမားမား မရှိနိုင်ဘူးဆိုပေ မယ့် ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်၊ ထိန်း ထိန်းသိမ်းသိမ်း စားသောက်နေထိုင်ဖို့ တော့လိုပါတယ်။
ဟင်းသီးဟင်းရွက်တွေ စားသုံးပါ။ ရေများများသောက်ပါ။ သံပ ရာရည်ထဲကို ပျားရည်ထည့်သောက်ပါ။ တရားထိုင်တာနဲ့ လေ့ကျင့်ခန်းကို နေ့ စဉ် ပုံမှန်လုပ်ဆောင်ပါ။ ရွှေခွက်နဲ့ ရေ ထည့် သောက်ပါ။
အနီရောင်အသားတွေ အလွန်အကျွံမစားသင့်ပါ။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *