ဖာလာစေ့ (သို့မဟုတ်) ဟင်းခတ်အမွှေးအကြိုင်တို့၏ ဘုရင်မ

ဖာလာစေ့ဟာ ကမ္ဘာ့တန်ဖိုးအကြီး ဆုံး ဟင်းခတ်အမွှေးအကြိုင်တွေထဲက တစ်မျိုးအပါအ၀င်ဖြစ်ပြီး ဟင်းခတ်အ မွှေးအကြိုင်တို့ရဲ့ ဘုရင်မလို့တောင် တင် စားခေါ်ဝေါ်ကြပါတယ်။ သူ့ကို တိုင်းရင်း ဆေးကုထုံးထဲမှာ အစာခြေစနစ်ပြဿ နာ၊ ခံတွင်းအနာနဲ့ စိတ်ကျဝေဒနာကို ကု သရာမှာ အသုံးပြုပါတယ်။ အောက်ပါတို့ ဟာ ဖာလာစေ့ရဲ့အကျိုးကျေးဇူးတွေဖြစ် ပါတယ်။

ရင်ကျပ်ပန်းနာအတွက် အသုံးပြုနိုင် ခြင်း

ဖာလာစေ့ဟာ ပန်းနာရောဂါနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ ကုသနိုင်ပါတယ်။ သူက ကျဉ်းမြောင်းနေတဲ့လေပြွန်တွေကို ဖွင့် ပေးနိုင်တဲ့ အကျိုးကျေးဇူးရှိတယ်လို့ ဓာတ်ခွဲခန်းက လေ့လာမှုတွေအရသိရပါ တယ်။ ဖာလာစေ့ဟာ လေပြွန်တစ်သျှူး တွေကို ဖြေလျှော့မှုရရှိစေနိုင်တယ်လို့ လည်း လေ့လာမှုအများအပြားအရ သိရ ပါတယ်။

ခံတွင်းအနံ့ဆိုးအတွက် အသုံးပြုနိုင် ခြင်း

ဖာလာစေ့ကို ခံတွင်းအနံ့ဆိုးအ တွက် ကုသရာမှာအလွန်အသုံးဝင်ပါ တယ်။ သူ့ကိုဝါးလိုက်ရုံနဲ့ ခံတွင်းမှာမ ကောင်းတဲ့အနံ့တွေကို ဖယ်ရှားပေးနိုင် ပါတယ်။ သူက ခံတွင်းထဲက မှက်ခရု ပေါက်တဲ့ မှိုပိုးနှဲ့အမနစ အပါအ၀င် ခံတွင်းထဲက ဘက်တီးရီးယားတွေကို သုတ်သင်နိုင်တဲ့အစွမ်းရှိတယ်လို့ အိန္ဒိယ ဆေးတက္ကသိုလ် ပိုးမွှားဗေဒဌာနက လေ့လာမှုအရ သိရပါတယ်။

ကင်ဆာကို ကာကွယ်နိုင်ခြင်း

ဖာလာစေ့ဟာ ကင်ဆာကုထုံးအ တွက်လည်း အစွမ်းထက်တယ်လို့သိရပါ တယ်။ ကင်ဆာဖြစ်စဉ်ကို နှေးကွေးစေ တာ ဒါမှမဟုတ် လုံးဝပျောက်ကင်းစေ နိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်က တိရစ္ဆာန်တွေအပေါ်မှာ လေ့လာတဲ့ အခါမှာလည်း ဖာလာစေ့ဟာ အရေပြား ကျန်းမာရေးအတွက် အကျိုးသက် ရောက်မှု ကောင်းမွန်တယ်လို့ သိရှိခဲ့ ပါတယ်။ အရေပြားကင်ဆာအတွက် ဖာလာစေ့ အမှုန့်ကိုတိုက်ကျွေးတဲ့အခါ မှာ သိသိသာသာ သက်သာသွားတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာရေးအတွက် အသုံးပြု နိုင်ခြင်း

ဖာလာစေ့ကို တိုင်းရင်းဆေးပညာ မှာ ဆီးရွှင်ဆေးအနေနဲ့ အသုံးပြုနိုင်တဲ့ အတွက် သွေးဖိအားကျဆင်းအောင်နဲ့ နှလုံးပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ ဆေး ၀ါးတက္ကသိုလ်က လေ့လာမှုတစ်ခုမှာ နှလုံးသွေးကြောရောဂါရှိတဲ့သူတွေကို ဖာလာစေ့တိုက်ကျွေးပြီး လေ့လာမှုပြု လုပ်တဲ့အခါ နှလုံးခုန်နှုန်းစည်းချက်မှန် လာတာ ဒါမှမဟုတ် နှလုံးခုန်နှုန်း နှေး ကွေးသွားတာတွေနဲ့သွေးတိုးရောဂါကို ထိန်းချုပ်နိုင်တာတွေကို တွေ့ရှိခဲ့ပါ တယ်။
ဖာလာစေ့မှာပါဝင်တဲ့ အာဟာရ ပစ္စည်းတွေက ခန်္ဓာကိုယ်တွင်း အဆီမြင့် တက်မှုကို လျော့ကျအောင်ကူညီနိုင်တာ ကြောင့်လို့ သုတေသီတွေက မှတ်ချက် ပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်း ချုပ်ပေးနိုင်ခြင်း

ဖာလာစေ့ဟာ သွေးတွင်းသကြား ဓာတ် အရမ်းများနေတဲ့သူတွေကို ကုသ ရာမှာ ထိရောက်မှုရှိတယ်လို့သိရပါတယ်။ သူ့မှာ ပါဝင်တဲ့ များစွာသော မဂ်္ဂနိစ်တွေ က ခန်္ဓာကိုယ်တွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ကူညီနိုင်တာကြောင့်လို့ ဆို ပါတယ်။
ဩ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *