ပျိုတိုင်းကြိုက်တဲ့ကိုလာဂျင်

ကိုလာဂျင်မှ ကိုလာဂျင်ဆိုပြီး ဒီနေ့ချိန်ထိ နာမည်ကြီးနေတဲ့ ကိုလာဂျင်၊ ရောင်းအား ကောင်းတဲ့ ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ် နိုင်တဲ့ ကိုလာဂျင်၊ ပျိုမေတို့ကြား ပေါ်ပြူလာ အရမ်းဖြစ်နေတဲ့ ကိုလာဂျင်၊ စာရေးသူဆီကို လည်း သူငယ်ချင်းတွေက ဘယ်တံဆိပ်သောက် ရမလဲ၊ ကိုလာဂျင်ထိုးရမလား၊ စိတ်ချရလား စသဖြင့် ခဏခဏ လာမေးနေလို့ ဒီတစ်ပတ်မှာ ကိုလာဂျင်အကြောင်း ဆောင်းပါးလေး ရေးဖို့ ဖြစ်လာပါတယ်။

ကိုလာဂျင်ဆိုတာ . . .
အရင်ဆုံးပြောချင်တာကတော့ ကိုလာ ဂျင်ကဘာလဲပေါ့။ ခန္ဓာကိုယ်ကြီးကို ကြည့် လိုက်မယ်ဆိုရင် အရိုး၊ ကြွက်သား၊ အဆီဓာတ်၊ ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ တွယ်ဆက်တစ်သျှူးတွေရဲ့ အဓိက ပရိုတင်းက ကိုလာဂျင်ဖြစ်ပြီး ကိုလာ ဂျင်ပရိုတင်းကို အမိုင်နိုအက်စစ်တွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာ ကိုယ်တွင်း ကိုလာဂျင်ပရိုတင်းတွေထုတ်လုပ်မှု ကျလာပါတယ်။ ဒီတော့ ဆုံးရှုံးသွားတဲ့ ကိုလာ ဂျင်ပရိုတင်းတွေရဲ့နေရာကို အစားပြန်ထိုးနိုင် စွမ်းကျလာတယ်ပေါ့။ ဒီအခါ အရေပြား လျော့ ရိလျော့ရဲဖြစ်တာ၊ အရေးကြောင်းဖြစ်တာတွေ ဖြစ်လာစေတာပါ။

သုတေသနတွေက ဘာပြောလဲ . . .
၂၀၁၈ ကလုပ်ခဲ့တဲ့ သုတေသန အဖြေ တွေအရ ကိုလာဂျင်က အရေပြားအတွက် ကောင်းကျိုးပေးနိုင်တယ်၊ အရိုးအဆစ် ကျန်း မာရေးအတွက် ကောင်းစေတယ်၊ အနာကျက် မြန်မယ်၊ ကြွက်သားဆုံးရှုံးမှုကာကွယ်နိုင်တယ် ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ ကိုလာဂျင်နဲ့ ပတ် သက်ပြီး သုတေသနတွေက ဆက်လုပ်နေတာ တွေလည်းရှိပါတယ်။ လက်ရှိရှိနေတဲ့ သုတေ သနတွေရဲ့ အဖြေကတော့ကိုလာဂျင်ရဲ့ကောင်း ကျိုးကို အတည်ပြုနိုင်ဆဲဖြစ်ပါတယ်။

ဘယ်လိုရွေးချယ်ရမလဲ . . .
ကိုလာဂျင်ရဲ့ ကောင်းကျိုးတွေကို အ တည်ပြုနိုင်တဲ့ သုတေသနတွေရှိပေမယ့် ဒီကို လာဂျင်ကိုထုတ်လုပ်တဲ့ ကုမ္ပဏီက အရည်အ သွေးပြည့်ဝတဲ့ ကိုလာဂျင်ဖြစ်ဖို့လိုပါတယ်။ ကို လာဂျင်နာမည်သာတပ်ထားပြီး အရည်အသွေး မပြည့်ဝရင် အာနိသင်ကောင်းကျိုးရမှာမဟုတ်ပါဘူး။

ကိုလာဂျင်သောက်ဆေး
ကိုလာဂျင် သောက်ဆေးကို အမှုန့်ပုံစံ၊ ဆေးတောင့် ပုံစံ၊ အရည်ပုံစံ စသဖြင့် အမျိုးမျိုး ထုတ်လုပ်ပါတယ်။ ဖြည့်စွက်ဆေးအဖြစ်ထုတ် လုပ်ထားတဲ့ ကိုလာဂျင် သောက်ဆေးတွေရဲ့ ဆေးပမာဏက ဘယ်လောက်ပါဝင်တာလဲ၊ ဘယ်လိုသောက်ရမလဲ၊ ဘာတွေနဲ့ မတည့်ဘူး လဲ၊ ဘယ်လောက်ကြာကြာစွဲသောက်ရမလဲ၊ ဘာတွေရှောင်ရမလဲ စသဖြင့် သေချာသိ အောင်လုပ်ပါ။

ကိုလာဂျင်ထိုးဆေး
ကိုလာဂျင်ထိုးဆေးဆိုရင်တော့ ပိုပြီး သ တိထားဖို့လိုပါတယ်။ အဓိကကတော့ ဘယ်က ဝယ်တာလဲ၊ ဘယ်က အာမခံချက်ပေးတာလဲ၊ FDA အသိအမှတ်ပြုထားတာရှိရဲ့လား၊ ပစ္စည်း အစစ်ဖြစ်ရဲ့လားဆိုတာတွေကို အရင်ဆုံးစစ် ဆေးရပါမယ်။ နောက်ပြီး ဒီထိုးဆေးကို ထိုး ပေးသူက ဆရာဝန်ဖြစ်ဖို့လိုပြီး သူရဲ့ကျွမ်းကျင် မှုကလည်း အဓိကကျပါတယ်။ ထိုးဆေးဖြစ် တိုင်း ဒီတိုင်းထိုးထည့်လို့မရပါဘူး။ ဒီကိုလာ ဂျင်ဆေးနဲ့ သင်နဲ့အလာဂျီရှိ မရှိ Collagen Skin Test အရင်စစ်ဖို့လည်း လိုပါတယ်။
ကိုလာဂျင်ထိုးဆေးကို မျက်နှာပေါ်က Smile Lines တွေ၊ အရေးကြောင်းတွေ၊ ဝက် ခြံအမာရွတ်တွေ ပျောက်ကင်းဖို့ ထိုးနိုင်ပါ တယ်။ အရေပြားရဲ့အဆီဓာတ်ပြန်လည်ဖြည့် တင်းဖို့၊ နှုတ်ခမ်းပြည့်ဖူးဖို့၊ လက်ဖမိုးအရေပြား ပြည့်တင်းဖို့လည်း ထိုးနိုင်ပါတယ်။

ကိုလာဂျင်လိမ်းဆေး
ကိုလာဂျင်ကိုခရင်မ်တွေ၊ လိုးရှင်းတွေထဲ မှာလည်း ထည့်သွင်းထုတ်လုပ်တာရှိပါတယ်။ ဒါပေမဲ့ ကိုလာဂျင်မော်လီကျူးတွေက အရေ ပြားထဲကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် ကိုလာဂျင်ပရိုတင်းရဲ့ အာနိသင်ကို အပြည့် အဝမရရှိနိုင်ပါဘူး။

ဘယ်လောက်ကြာကြာ အသုံးပြုရမလဲ …
ဒါက သင်အသုံးပြုမယ့် ကိုလာဂျင်ရဲ့ အရည်အသွေးပေါ်မူတည်ပါတယ်။ ကိုလာဂျင် ထိုးဆေးဆိုရင်လည်း တစ်ခါထိုးရုံနဲ့ အရေး ကြောင်းတွေ ချက်ချင်း ပျောက်သွားမှာမဟုတ် ပါဘူး။ သင်လိုချင်တဲ့ ရလဒ်ရပြီဆိုရင်လည်း ဒီရလဒ်အတိုင်း တည်မြဲနေဖို့ဆိုရင် ဆက်ပြီး Treatment ခံယူဖို့လိုပါတယ်။ သင်ဘယ် နှကြိမ်ထိုးဖို့ လိုအပ်လဲဆိုတာ သင်ရဲ့အရေပြား ပေါ်လည်းမူတည်ပါတယ်။ ကိုလာဂျင်သောက် ဆေးတွေရဲ့ အာနိသင်ကို အပြည့်အဝရဖို့ဆို ရင်အစာစားပြီး ၂-၃နာရီကြာမှ ကိုလာဂျင် သောက်ဆေးကို သောက်ပါ၊ ကိုလာဂျင်က အစာအိမ်ကတစ်ဆင့် အူတွေထဲကိုသွားတဲ့ လမ်းတစ်လျှောက်မှာ အစာခြေရည် အက်စစ် တွေရဲ့ချေဖျက်တာကို မခံရအောင်ပါ။ နောက် တစ်ချိန်က အိပ်ရာဝင်ခါနီး သောက်ပါ၊ ဒါဆို ခန္ဓာကိုယ်က ကိုလာဂျင်ဆေးကိုစုပ်ယူဖို့ အချိန်ရသွားပြီး အိပ်နေစဉ်မှာ အသားအရေ ပြုပြင်ထိန်းသိမ်းတဲ့ တာဝန်ကိုထမ်းဆောင်ပေး ပါလိမ့်မယ်။ ဗိုက်ထဲ အစာမရှိချိန်မှာ သောက် နိုင်ရင်အကောင်းဆုံးပါ။ နောက်ပြီး ကိုလာဂျင် သောက်ဆေးတွေကို အနည်းဆုံး နှစ်လကနေ လေးလအထိသောက်မှ သူရဲ့အာနိသင်ကို အပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်။

ကိုလာဂျင်ရဖို့ ဘာတွေ စားမလဲ . . .
ဖြည့်စွက်ဆေး၊ သောက်ဆေး၊ ထိုးဆေး တွေအပြင်ကိုယ်တိုင်ကလည်း ကိုလာဂျင်ပါ ဝင်တဲ့ စားစရာတွေစားပေးမယ်ဆိုရင် အာနိ သင်ပိုထိရောက်မှာပါ။ ဒီအတွက် ကီဝီ၊ ထော ပတ်သီး၊ ဘယ်ရီသီး၊ လိမ္မော်သီး၊ မုန်လာဥ၊ ပန်း မုန်လာ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ငရုတ်ကောင်း၊ သခွားမွှေး၊ ကြက်သွန်၊ ဖရုံစေ့၊ အယ်လ်မွန်စေ့၊ ခရမ်းချဉ်သီး၊ ငါး၊ ချိစ်၊ နို့၊ ဥအမျိုးမျိုး၊ လိုင်စင်းနဲ့ ပရို တင်းဓာတ်ပါဝင်တဲ့အသား၊ ပဲသီးတောင့်၊ ကြက်ဥအကာ၊ ဂျုံစပါး စတာ တွေစားပေးပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published.