ပခုံးကပ်ခြင်းအတွက် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

ပခုံးအဆစ်ထိခိုက်ဒဏ်ရာ ရရှိထားတာ ဒါမှမဟုတ် ပခုံးအဆစ်ထဲက အရွတ်၊ အရည်အိတ် ရောင်ရမ်းတာကြောင့် ပခုံးအဆစ်ကတောင့်နေပြီး နာကျင် ကာ ပခုံးဆစ်ရွေ့လျားရခက်ခဲတာကို ပခုံးကပ်တယ်လို့ ခေါ်ပြီး လူတွေအားလုံးရဲ့ ၂-၅ % မှာ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ၁-၃ နှစ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။ အဖြစ်အများဆုံးက အသက် ၅၆ နှစ် အရွယ်မှာပါ။ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အဖြေကခုထိ တိတိကျကျ မသိရသေးပါ။ ဆီးချိုရောဂါရှိသူတွေ ပခုံးကပ်နိုင်ခြေက ၁၀-၂၀% ရှိပါတယ်။ ပခုံးကပ်တာကို အဆင့် ၃ ဆင့်ခွဲထားပါတယ်။ အဆင့် (၁) – Freezing နားနေစဉ်မှာ ပခုံးနာနေတာပါ။ ပခုံးကို အလွန်အမင်း ရွေ့လျားမှုလုပ်ရင် စူးရှစွာ နာကျင်ပါ တယ်။ များသောအားဖြင့် ၂-၉ လခန့်ကြာတတ်ပါတယ်။ အဆင့် […]

အဆီလောင်ကျွမ်းစေရန် အိမ်တွင် ပြုလုပ်နိုင်သော ယောဂ (ဆွဲဆန့် ) လေ့ကျင့်ခန်းများ

•• ဝိတ်ချနိုင်ဖို့အတွက် အေရိုးဗစ်လိုမျိုး နှလုံးခုန်နှုန်းမြန်လာမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်မှသာ ထိရောက်မှုရှိနိုင်တယ်လို့ အများစုက ထင်မှတ်ထားကြပါတယ်။ ခန္ဓာကိုယ်ကို ပျော့ပျောင်းမှုရှိစေတဲ့ လေ့ကျင့်ခန်းတွေကလည်း ဇီဝရုပ်ဖြစ်စဉ် ကောင်းမွန်တာ၊ သွေးလှည့် ပတ်မှုကောင်းမွန်တာနဲ့ ကြွက်သားတည်ဆောက်မှု ကောင်းမွန်တာတွေ ဖြစ်စေပြီး ဝိတ်ကျဖို့ ကူညီနိုင်ပါတယ်။ •• ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ တချို့ယောဂကျင့်စဉ်တွေကို ပုံမှန်ပြုလုပ်ပေးရင် အဆီလောင်ကျွမ်းနိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။ •• ဝိတ်ကျဖို့ ဘာကြောင့် ဒီလေ့ကျင့်ခန်းတွေက ထိရောက်မှု ရှိပါသလဲ •• ♦ ကယ်လိုရီ လောင်ကျွမ်းနိုင်လို့ပါ အေရိုးဗစ်လေ့ကျင့်ခန်းကို ပြုလုပ်သလောက် ကယ်လိုရီလောင်ကျွမ်းမှု မများနိုင်ပေမယ့် ဒီအ တိုင်း ထိုင်နေတာထက်စာရင် ကယ်လိုရီ အများကြီး ပိုလောင်ကျွမ်းနိုင်ပါတယ်။ ♦ ဇီဝရုပ်ဖြစ်စဉ် ကောင်းမွန်နိုင်လို့ပါ ယောဂ pose အများစုက အစာခြေစနစ် ညီ […]

သင့်လက်နှင့် လက်ချောင်းများအတွက် လေ့ကျင့်ခန်းများ

♦ အသက်ကြီးလာတဲ့အခါမှာ လက်ရဲ့ သန်မာအားတွေလျော့ကျလာပါတယ်။ အဆစ်ရောင်ရောဂါရှိသူတွေမှာလည်း လက်ဆစ်တွေက နာကျင်နေတတ်တာကြောင့် လက်ရဲ့ ရွေ့လျားနိုင်မှုနဲ့ လက်သန်မာမှုတွေလျော့ကျသွားတတ်ပါတယ်။ ဒါ့အပြင် အခုလိုခေတ်အခြေအနေအရ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာနဲ့ ဖုန်းတစ်ချိန်လုံး အသုံးပြုတာတွေကြောင့် သင့်လက်နာတာ၊ လက်ချောင်းလေးတွေကိုက်ခဲတာ၊ ထုံကျဉ်တာတွေကို မလွဲမသွေ ခံစားရကြပါလိမ့်မယ်။ ဒီပြဿနာတွေအတွက် – ♦ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေက လက်နဲ့ လက်ချောင်းတွေကို အားဖြည့်သန်မာနိုင်စေတာမို့ နာကျင်မှုသက်သာနိုင်ပါတယ်။ လက်သီးဆု်ပလေ့ကျင့်ခန်း ♦ လက်နဲ့လက်ချောင်းတွေကို သန်မာစေပြီး ရွေ့လျားမှုပိုမိုကောင်းမွန်စေကာ နာကျင်တာတွေ သက်သာသွားနိုင်ပါတယ်။ လက်သီးဆုပ်ပါ။ လက်ထဲမှာ တင်းကျပ်သလိုဖြစ်တဲ့အထိ ပြုလုပ်ရပါမယ်။ #ပြုလုပ်နည်း ♦ ပုံမှာပြထားတဲ့အတိုင်း လက်သီးဆုပ်ပါ။ သင့်လက်မက ကျန်လက်ချောင်းတွေကို ဖိထားရပါမယ်။ ♦ စက္ကန့် ၃၀-၆၀ ခန့်ထားပြီး လက်သီးဖြည်ကာ လက်ချောင်းတွေကို ကားဆန့်လိုက်ပါ။ […]

ဇက်ကြောတက်တတ်သူများအတွက် သက်သာနိုင်မည့် နည်းလမ်းများ

♥ တင်းနစ်ဘောလုံးဖြင့် နှိပ်နည်း ♦ ပြုလုပ်နည်း ☺ လက်တစ်ဖက်နဲ့ တင်းနစ်ဘောလုံးကို ဆုပ်ကိုင်ပြီး အောက်ခြေဇက်ကြောနေရာမှ စတင်ကာ အပေါ်အောက်၊ ဘေးတစ်ဖက်တစ်ချက် သို့ ပုံမှာပြထားတဲ့အတိုင်း နှိပ်ပေးပါ။ ☺ တင်းနေတဲ့နေရာတွေမှာ စက္ကန့် ၂၀-၃၀ ခန့် ဖိအား ပိုပေးထားပါ။ ပြီးမှ ဖိအားပြန်လျှော့ပြီး ဘောလုံးကို ဆက်လှိမ့်ပေးပါ။ ♦ အကျိုးကျေးဇူး တင်းနစ်ဘောလုံးဟာ ဇက်ကကြွက်သားကို ဖိအားပေးနိုင်တာကြောင့် သင့်ဇက်တင်းမာပြီး တောင့်တင်းနေတာတွေ သက်သာသွားကာ အရင်လိုမျိုး ဇက်လှုပ်ရှားမှု ပြန်လည်ရရှိနိုင်ပါတယ်။ ♥ ခန္ဓာကိုယ်ကို လေးပုံစံကွေးခြင်း ♦ ပြုလုပ်နည်း ☺ မှောက်လျက်အိပ်ပြီး လက်နှစ်ဖက်ကို ဘေး မှာကပ်ထားပါ။ ☺ သင့်ခြေဖနောင့်က တင်ပါးနားရောက်အောင် ဒူးခေါင်းကိုကွေးပါ။ ☺ သင့်လက်နှစ်ဖက်နဲ့ ခြေချင်းဝတ်တွေကို […]

Six Packsရဖို့ ဘာတွေစားမလဲ

ဗိုက်မှာ အဆီတွေမရှိဘဲ ချပ်ရပ်နေတာကို လူ တိုင်း သဘောကျကြလေ့ရှိပါတယ်။ ဗိုက်ကချပ် ရပ်နေတဲ့အပြင် Six Packs လို့ လူတွေခေါ်ကြတဲ့ ဝမ်းဗိုက်ကြွက်သားတွေပါ ပေါ်နေရင်တော့ အတိုင်း ထက်အလွန် သဘောကျမှာ အမှန်ပါ။ ဒါပေမဲ့ ဒီလို ဝမ်းဗိုက်ကြွက်သားတွေပေါ်ဖို့ကတော့ မလွယ်ကူပါ ဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အဆီတွေချဖို့လိုအပ် သလို ကြွက်သားတက်ဖို့လည်း ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့် Six Packsထွက်ချင်သူတွေအတွက် အစားအစာပိုင်းကိုအဓိကထား ရေးပေးလိုက်ပါတယ်။ အစားအသောက်ရွေးချယ်မှု ဝမ်းဗိုက်ကြွက်သားတွေပေါ်လွင်ဖို့ အဓိက က တော့ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာရွေးချယ် မှုပဲဖြစ်ပါတယ်။ ဒါက လိုက်နာနိုင်ဖို့ အခက်ခဲဆုံး အချက်ဖြစ်သလို မလိုက်နာနိုင်သေးသရွေ့လည်း Sငထ ဏခေုs နဲ့ ဝေးနေအုံးမှာပါ။ ကိုယ်လက်လှုပ်ရှား အားကစားနဲ့ အစားအသောက်နဲ့ယှဉ်ရင် အစား […]

နေ့စဉ် ထိုင် ထ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ

ကျန်းမာရေးကောင်းမွန်နေပြီး အ ရွယ်တင်နုပျိုနေဖို့အတွက် ခန္ဓာကိုယ် ကြံ့ခိုင်သန်မာပြီး စိတ်ဓာတ်ကြည်လင် သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ထိုင်ထ လေ့ကျင့်ခန်းပြုလုပ်တာက ဒီလိုအခြေ အနေတွေဖြစ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ ထိုင်ထလေ့ကျင့်ခန်းကို ဘယ်လိုပြုလုပ်ကြမလဲ? သင့်ခြေထောက်နှစ်ခုကို ပခုံးအ ကွာအဝေးအနေအထားလောက်ကား ထားပြီး မတ်မတ်ရပ်ပါ။ ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ချတဲ့ပုံစံ လိုမျိုး ဒူးခေါင်းကို ၉၀ ဒီဂရီကွေးပြီး ဆောင့်ကြောင့်ထိုင်ပါ။ ဒူးခေါင်းပဲ ကွေးရမှာဖြစ်ပြီး ခါး၊ လည်ပင်းနဲ့ မျက်နှာ တွေက မတ်မတ်အနေအထားမှာ ရှိနေရ ပါမယ်။ သင့်လက်တွေကို မြေကြီးနဲ့အပြိုင် ဆန့်ဆန့်ထားပါ။ မတ်မတ်ရပ်အနေအထားအတိုင်း ပြန်နေပါ။ လုပ်ခါစမှာ တစ်ကြိမ်ကို အခါ ၂၀ နှုန်းနဲ့ တစ်နေ့ နှစ်ကြိမ် ပြုလုပ်သွားပြီး တဖြည်းဖြည်း လုပ်ရမယ့်အရေအတွက် ကို တိုးသွားပါ။ ထိုင်ထလေ့ကျင့်ခန်းပြုလုပ်တာကြောင့် […]

အားကစားလုပ်ဖို့ မပျင်းပါနဲ့

ကိုယ်လက်လှုပ်ရှား အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြု တယ်ဆိုတာကို လူတိုင်း လက်ခံကြပါ တယ်။ ဒါပေမဲ့ အချိန်မပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်ကလည်း အားကစား မလုပ်ဖြစ်တဲ့ အဓိကအကြောင်းရင်းတစ် ခု ဖြစ်နေပါတယ်။ တချို့အားကစားလုပ် တဲ့သူတွေမှာကိုပဲ အကြောင်းအမျိုးမျိုး ကြောင့် ပျက်ကွက်တာတွေလည်း ရှိပါ တယ်။ ကျန်းမာရေးအတွက် အဓိက ထားပြီး အားကစားလုပ်မယ်လို့ ဆုံးဖြတ် ထားပြီးရင် အဓိကကတော့ ပုံမှန်ကစား ဖြစ်ဖို့ပါပဲ။ ဒီတစ်ပတ်မှာတော့ အားကစား ပုံမှန်လုပ်ဖြစ်စေဖို့ အထောက်အကူပြု မယ့်အချက်တွေကို ရေးပေးလိုက်ပါတယ်။ (၁) စိတ်ပျော်ရွှင်စေဖို့ အဓိကပါ အားကစားလုပ်တာက စိတ်ကျန်းမာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်စေဖို့ပါ။ အား ကစားလုပ်ရတာကို စိတ်ဖိစီးမှုတစ်ခုလို့ မသတ်မှတ်ထားပါနဲ့။ သင့်ခန္ဓာကိုယ်အ တွက် သက်သောင့်သက်သာနဲ့ ပုံမှန်ပြု လုပ်နိုင်မယ့် ကစားနည်းတွေကို […]

“Lifestyle၊ Mindset၊ ခံယူချက် ဒီသုံးချက်ကို လိုက်နာမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ လွယ်တယ်” ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ကာယ အလှမယ် မအေးအေးစိုး

“Lifestyle၊ Mindset၊ ခံယူချက် ဒီသုံးချက်ကို လိုက်နာမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ လွယ်တယ်” ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ကာယ အလှမယ် မအေးအေးစိုး  Read more about “Lifestyle၊ Mindset၊ ခံယူချက် ဒီသုံးချက်ကို လိုက်နာမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ လွယ်တယ်” ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ကာယ အလှမယ် မအေးအေးစိုး

ကျန်းမာသက်ရှည်ရန် ပြုလုပ်သင့်သော လေ့ကျင့်ခန်း

ကျန်းမာရေးကောင်းမွန်တယ်ဆို တာက ကျွန်မတို့အတွက် ဖော်ပြလို့ မရ နိုင်လောက်တဲ့ လက်ဆောင်မွန်ပါ။ ကျွန် မတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားတာ၊ လုံလုံလောက်လောက်အနားယူ တာ၊ လေ့ကျင့်ခန်းပြုလုပ်တာလိုမျိုး ဘ၀ နေထိုင်မှုပုံစံတွေအပြင် အရိုးနဲ့ ကြွက် သားတွေ ကျန်းမာသန်စွမ်းပြီး ပျော့ ပျောင်းနေပါမှ ကျန်းမာရေးကောင်းမွန် တဲ့ လက်ဆောင်ကို ရရှိနိုင်မှာပါ။ လေ့ကျင့်ခန်းပြုလုပ်တာက ခန္ဓာ ကိုယ်အတွက် အလွန်အသုံးဝင်ပြီး တချို့ လေ့ကျင့်ခန်းတွေက အရွယ်တင်နုပျိုမှု ကိုပါ ရရှိစေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့် ခန်းပြုလုပ်တာကြောင့် ကျွန်မတို့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေက သန်မာ လာပြီး သွေးလှည့်ပတ်မှုတွေ ကောင်း မွန်လာကာ နှလုံးရောဂါ ဒါမှမဟုတ် ဆီး ချိုရောဂါဖြစ်နိုင်ခြေကလည်း သိသိသာ သာ ကျဆင်းသွားပါတယ်။ ခန္ဓာကိုယ် အနှံ့က […]

နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ရန် ပြုလုပ်သင့်သော နေ့စဉ် အမူအကျင့်များ

သင်ခေါင်းကိုက်နေတာအတွက် အကိုက်အခဲပျောက်ဆေးသောက်ဖို့ စဉ်း စားနေပါသလား။ ဒါမှမဟုတ် ဇက်ကြော တက်တာအတွက် လိမ်းဆေးအသုံးပြုနေ ပြီလား။ ဒီအကိုက်အခဲပျောက်ဆေး၊ လိမ်းဆေးတွေဟာ နာကျင်မှုဝေဒနာကို သက်သာနိုင်ပေမဲ့ သူတို့ကို စွဲပြီးသောက် မိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင် ပါတယ်။ လိမ်းဆေးကလည်း အနံ့မခံ နိုင်တာ၊ အ၀တ်အထည်ကို စွန်းတာတွေ ဖြစ်နိုင်တဲ့အတွက် အောက်ဖော်ပြပါအမူ အကျင့်တွေကို ပြောင်းလဲနိုင်ရင် သင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့အကိုက်အခဲ ဝေဒနာအားလုံး သက်သာသွားနိုင်ပါတယ်။ ခေါင်းကိုက်တတ်လျှင် ♦ ကွန်ပျူတာ စခရင်မ်ကို အကြာကြီး စိုက်ကြည့်တာကနေ ရှောင်ကြဉ်ပါ ကွန်ပျူတာ စခရင်မ်ကို စိုက်ကြည့် တာက မျက်စိကို ပင်ပန်းမှုရစေပြီး ခေါင်း ကိုက်နိုင်ပါတယ်။ ကွန်ပျူတာအသုံးပြု သူတိုင်း ၂၀း၂၀း၂၀ ဥပဒေကို လိုက်နာ ရပါမယ်။ ဆိုလိုတာက […]