ငယ်ရွယ်စဉ်က အူအတက်ဖြတ်တောက်ထားသူများ ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေနည်းပါး

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ Van Andel Research Instituteန မှ သုတေသနမှာ အူအတက်ကို ဖြတ်ထုတ်ထားတာ ဆယ် စုနှစ်ပေါင်းများစွာကြာပြီဆိုရင် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။ ပါကင်ဆန်ရောဂါသည်တွေရဲ့ဦးနှောက်မှာတွေ့ရတဲ့ အ ဆိပ်အတောက်ဖြစ်စေတဲ့ဒြပ်ပေါင်းတစ်မျိုးကို အူအတက်မှာတွေ့ရှိခဲ့ရ တာကြောင့် မှတ်ချက်ပေးကြတာဖြစ်ပါတယ်။ ပါကင်ဆန်ရောဂါဟာ နာ့ဗ်ကြောတွေရဲ့အချက်ပေးလုပ်ငန်းမှာ အရေးပါတဲ့ပရိုတင်း တစ်မျိုးဖြစ်တဲ့ synuclein စုပုံမှုကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကတစ်ဆင့်ဖြစ်ပြီး အဲဒီရောဂါရှိသူတွေမှာ ခန္ဓာကိုယ် တောင့်တင်းနေပြီး လက်ချောင်းတွေ တုန်ခါနေတတ်ပါတယ်။ သုတေသီတွေက synuclein ကို အူအတက်မှာ စတင်တွေ့ရှိ ကြပြီ synuclein က တစ်နေရာတည်းမှာ စုပုံလာတဲ့အခါ မှာ နာ့ဗ်ကြောတွေထဲကို စတင်ရောက်ရှိလာပါတယ်။ သု တေသီတွေက ကြွက်တွေမှ synuclein ကို အူထဲထိုးထည့် ကြည့်တဲ့အခါ အဆိပ်အတောက်တွေက […]

တစ်နှစ်အောက်သာခြားပြီး ကလေးမွေးခြင်းသည် မိခင်နှင့်ကလေးအတွက် အန္တရာယ်ရှိစေနိုင်

တစ်နှစ်အောက်သာခြားပြီး ကလေး မွေးတာက မိခင်ရော၊ ကလေးအတွက်ပါ အန္တရာယ်များစေနိုင်တယ်လို့ ကနေဒါသု တေသနတစ်ရပ်မှာဖော်ပြထားပါတယ်။ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်နဲ့ဘော် စတွန်မြို့ကHarvard T.H. Chan School of Public Healthရဲ့ သုတေ သီတွေရဲ့သုတေသနမှာရရှိခဲ့တဲ့ရလဒ်က အသက် ၃၅ နှစ်အထက်အမျိုးသမီးတွေ မှာသာဖြစ်တယ်လို့ဆိုပေမယ့် အသက် ၂၀ ကနေ ၃၄ ကြားအမျိုးသမီးတွေက မွေးတဲ့ကလေးတွေမှာလည်း အလားတူ အန္တရာယ်မျိုးဖြစ်စေနိုင်ပါတယ်။ ကျွမ်း ကျင်ပညာရှင်တွေက အနည်းဆုံး ၁၂ က နေ ၁၈ လခြားပြီး ကလေးယူသင့်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင် ကာလခြားခြင်းနဲ့ပတ်သက်လို့ ပထမဆုံး လေ့လာတဲ့သုတေသနဖြစ်ပြီးတော့ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင် ၁၄၈၅၄၄ ဦးကို လေ့ လာခဲ့တာဖြစ်ပါတယ်။ အသက်ကြီးတဲ့အ […]

အရက်သေစာ ရှောင်ကြဉ်ခြင်းကြောင့်နှလုံးခုန်နှုန်းကို ပိုမိုကောင်းမွန်စေနိုင်

အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်လေ၊ နှလုံးခုန်မှု မူမမှန်ဖြစ်တာကို လျှော့ချနိုင်လေလို့ လေ့လာမှုအသစ်တစ်ခုမှာ ဆိုထားပါတယ်။ အရက်သေစာကာလရှည်သောက်သုံးမှုနဲ့ အ ပေါ်ဘက်နှလုံးခန်းတွေလှုပ်ရှားမှုမူမမှန်မှု A-fib ဆက်စပ်မှုကို လေ့လာခဲ့ကြရာမှာ အရက်သေစာသောက်စားမှုရှောင်ကြဉ်တဲ့ အခါ သွေးပျစ်ခဲမှုကြောင့် လေဖြတ်တာနဲ့နှလုံးတိုက်ခိုက်ခံရတာမျိုးတွေဖြစ်စေတဲ့ A-fib အခြေအနေကို လျော့နည်းသွားစေ တယ်လို့သိရပါတယ်။ အမေရိကန်မှာ အသက် ၄၀ ကျော် လေး ဦးမှာ တစ်ဦးကA-fib အခြေအနေဖြစ်နေပြီး လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံတစ်ဝန်း A-fib အခြေအနေဖြစ်သူ ၆ သန်းခန့်ရှိလာနိုင်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဆယ်စုနှစ်တိုင်း အရက်သေစာ ရှောင်ကြဉ်သူ ၂၀ ရာခိုင်နှုန်းလျော့နည်းလာနေခဲ့ပြီး နှလုံးခုန်မှု မူမမှန်တဲ့A-fib အခြေအနေကို သက်သာလျော့ပါးစေဖို့ အရက်သေစာသောက်သုံးမှု လျှော့ချသင့်တယ်လို့ လေ့လာမှု ကိုဦးဆောင်သူ ဒေါက်တာဂရက်ဂိုရီမားကတ်စ်က ပြောကြားခဲ့ […]

အိမ်ထောင်ရေးစိတ်ချမ်းသာမှုသည် သုံးနှစ်သာခံဟု ဆို

မင်းသားဟယ်ရီနဲ့ မဟေသီမီဂန်တို့ ဟာ လက်ရှိမှာ အပျော်ကြီးပျော်နေကြပြီး ဒါဟာ အိမ်ထောင်ရေးသက်တမ်းတစ် လျှောက်ပျော်စရာအကောင်းဆုံးအခိုက်အ တန့်ပါ။ ဟန်းနီးမွန်းထွက်နေရတဲ့အချိန် ဟာ အိမ်ထောက်သက်တမ်းတစ်လျှောက် စိတ်ချမ်းသာစရာအကောင်းဆုံးအချိန်လို့ သိပ်္ပံပညာရှင်တွေက ဆိုလိုက်လို့ပါပဲ။ အိမ် ထောင်ကျပြီးစ ပထမနှစ်ဟာ အပျော်ပီ တိ ဂွမ်းဆီထိတဲ့အချိန်ဖြစ်ပြီး အပျော် တွေဟာ အိမ်ထောင်သက်သုံးနှစ်နောက် ပိုင်းမှာတော့ တဖြည်းဖြည်းလျော့ပါးလာ မှာလို့ ထိုင်ဝမ်မှာရှိတဲ့ဆို ချော်တက္ကသိုလ် မှ သုတေသီတွေပြုစုတဲ့ သုတေသနက ဆိုပါတယ်။ အိမ်ထောင်သက်တမ်း ဘယ် လောက်ကြီးကြာကြာ အချစ်မပြယ်တဲ့ အိမ်ထောင်ရေးကမှတစ်ကိုယ်တည်းသ မားဘ၀ထက် စိတ်ချမ်းသာရတာပါလို့ အချက်အလက်တွေကို ဆယ်နှစ်ကျော် လေ့လာအပြီးမှာတော့ သုတေသီတွေက ပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်က အိမ် ထောင်ဖက်ကို မတွယ်တာလှဘူးဆိုရင် တော့ အိမ်ထောင်ရေးပြိုကွဲလို့ ရှင်ကွဲကွဲ သွားတာဖြစ်စေ၊ တစ်ယောက်ယောက် […]

ရွှေဖရုံသီးက ခုခံအားကောင်းစေပြီး ရောဂါများကို ကာကွယ်ဟန့်တားပေး

ရွှေဖရုံသီးစားပေးတာက ခုခံအားစနစ်ကို ပိုကောင်းလာ စေပြီး ရောဂါတွေမဖြစ်အောင် ကာကွယ်ဟန့်တားပေးတယ်လို့ သိရပါတယ်။ ဟောလိုးဝင်းပွဲတော်ရဲ့အထင်ကရဖြစ်တဲ့ ရွှေဖရုံ သီးမှာ ဘီတာ-ကာရိုတင်းတွေ ပေါများစွာ ပါရှိတာကြောင့် ခုခံ အားစနစ်ကိုကောင်းစေပြီး ကျန်းမာစေတယ်လို့ အာဟာရသု တေသီတွေက ဆိုပါတယ်။ ရွှေဖရုံသီးမှာပါတဲ့ အစာမျှင်တွေက လည်း အူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတာကြောင့် အစာ အိမ်နဲ့ အူလမ်းကြောင်းရောဂါတွေကိုလည်း ကာကွယ်ပေးတယ် လို့ ဆိုပါတယ်။ ဗီတာမင်အေပါရှိမှုကြောင့် ရွှေဖရုံသီးက မျက် လုံးကျန်းမာရေးအတွက်လည်း အကောင်းဆုံးအစာဖြစ်တယ်လို့ ကလိဗ်လန်းဆေးခန်းမှ အာဟာရကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ အမျှင်ပါဝင်မှုများပြီး ကယ်လိုရီနည်းပါးတာကြောင့် ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက်လည်း အာလူးစားမယ့် အစား ရွှေဖရုံသီးကို အစားထိုးစားသုံးပေးနိုင်တယ်လို့ အာဟာရ ပညာရှင်တွေကဆို ထားပါတယ်။ ရွှေဖရုံသီးကနေရတဲ့ ဖရုံစေ့ တွေမှာ မဂ္ဂနီဆီယမ်ဓာတ်ပါရှိတာကြောင့်လည်း ဖရုံစေ့စားပေး ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုတွေအတွက် […]

အလုပ်ကို နေ့စဉ်စက်ဘီးစီးသွားပေးခြင်းဖြင့် နှလုံးရောဂါနှင့်ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်

အလုပ်ကို စက်ဘီးစီးသွားပေးရုံနဲ့ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေတွေကို ၄၅ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်စွမ်းရှိ တယ်လို့ ဂလက်စဂိုးတက္ကသိုလ်ရဲ့ လေ့ လာချက်တွေအရသိရပါတယ်။ အလုပ် မှာ တစ်နေကုန်အညောင်းထိုင်နေရတဲ့ သူတွေ၊ လှုပ်ရှားသွားလာမှုနည်းသူတွေ အနေနဲ့ အလုပ်နဲ့အိမ်က အတော်အတန် အလှမ်းကွာနေခဲ့ရင်တောင် နံနက်ခင်း စောစောလေးကြိုထပြီး နေမမြင့်ခင် စက် ဘီးနဲ့ အချိန်ယူကာ သွားပေးတာက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအတွက် သီးသန့်အချိန်ပေးစရာမလိုဘဲ လုပ် ဆောင်ပြီးသားဖြစ်စေတာကြောင့် အ ကျိုးများစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ သွားတာ၊ အများပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်အသုံးပြုတာတွေထက် စက်ဘီးလေးစီးပြီးသွားတာက ပိုမိုလွတ် လပ်ပေါ့ပါးစေလို့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ချက် ပိုမိုခိုင်မာလာစေပါတယ်။ ဆုံး ဖြတ်ချက်တွေမှာ တိကျမှန်ကန်စေတာ ကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအ တွက်လည်း အကျိုးများစေတယ်လို့ လေ့ လာချက်မှာ ဖော်ပြထားခဲ့ပါတယ်။ […]

ကလေးမရနိုင်သည့် အမျိုးသားများ စောစောသေဆုံးနိုင်ခြေ များနိုင်

ကလေးမရနိုင်တဲ့အမျိုးသားတချို့ စောစောသေဆုံးနိုင်ခြေ များနိုင်တယ်လို့ လေ့လာချက်အသစ်က ဆိုလိုက်ပါတယ်။ သုက် ထဲမှာ သုက်ကောင်မရှိလို့ ကလေးမရတဲ့အမျိုးသားတွေဟာ ပျမ်းမျှအသက် ၄၈ ဒသမ ၈ နှစ်မှာ သေဆုံးနိုင်ခြေရှိနေတယ်လို့ ဒိန်းမတ်အမျိုးသားပေါင်း ၅၀၀၀၀ ကျော်ကို ၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ လေ့လာထားတဲ့လေ့လာချက်က ဆိုပါတယ်။ အမျိုးသားတွေ မျိုးမအောင်တာကို လွန်ခဲ့တဲ့သုံးလေးနှစ် လောက်ကတော့ တစ်အုပ်စုတည်း သတ်မှတ်ပေမယ့် နောက်ပိုင်း မှာတော့ မျိုးမအောင်တာကို အုပ်စုသုံးစုခွဲသတ်မှတ်လိုက်ပါ တယ်။ သုက်ထဲမှာ သုက်ပိုးမရှိလို့မျိုးမအောင်တဲ့ အုပ်စုက တ ခြားအုပ်စုက အမျိုးသားတွေထက် စောစောသေဆုံးနိုင်ခြေ များတာပါ။ ဘာကြောင့် အသေစောနိုင်တယ်ဆိုတာကို မသိရပေ မယ့် မျိုးဗီဇအခံရှိလို့ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဂလာဇာက ခန့် မှန်းပါတယ်။ ◘ (DM, 11.10.18) […]

ကလေးထိန်းကျောင်းတွင် ကြီးပြင်းသည့်ကလေးများက ပိုမိုထက်မြက်ဟုဆို

မိသားစုဝင်တွေရဲ့လက်ထဲမှာ ကြီးပြင်းတာထက် နေ့က လေးထိန်းကျောင်းမှာကြီးပြင်းတဲ့ကလေးတွေက လူမှုဆက်ဆံ ရေးပိုမိုကောင်းမွန်ပြီး ပိုလည်းလိမ္မာတယ်လို့ သုတေသနတစ်ရပ် မှာ ဖော်ပြထားပါတယ်။ ကလေးတွေကို ထိန်းကျောင်းတဲ့နေရာ မှာကျွမ်းကျင်တဲ့သူတွေလက်ထဲမှာထားတာက ဒီကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံးဖြစ် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ တချို့မိဘတွေက ကိုယ် ရဲ့ရင်သွေးငယ်တွေကို လူစိမ်းတွေလက်ထဲအပ်ခဲ့ပြီး အလုပ်သွား လုပ်ရမှာကို စိတ်မဖြောင့်နိုင်ဖြစ်နေကြပေမယ့် ဒီလိုနေ့ကလေး ထိန်းကျောင်းမှာကြီးပြင်းရတဲ့ကလေးတွေဟာ ဘာသာစကား ပိုင်းနဲ့အတွေးအခေါ်စွမ်းရည်ပိုင်းမှာ သူများတွေထက်ပိုပြီးထက် မြက်နေတာကို မြင်တွေ့ရပါတယ်။ ပြင်သစ်တက္ကသိုလ်တစ် ခုကသုတေသီတွေဟာ မွေးကင်းစကနေ အသက်ရှစ်နှစ်ကြား ကလေးငယ် ၁၄၂၈ ဦးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေ ကိုစောင့်ကြည့်လေ့လာခဲ့ကြတာဖြစ်ပါတယ်။ နေ့ကလေးထိန်း ကျောင်းမပို့ဘဲ မိသားစုလက်ထဲမှာကြီးပြင်းလာရတဲ့ကလေးတွေရဲ့ ၁၆ ရာခိုင်နှုန်းက ဆိုးသွမ်းလေ့ရှိပြီး ၁၅ ရာခိုင်နှုန်းက မလိုအပ် ဘဲ အလွန်အကျွံစိတ်အားထက်သန်တတ်ကာ ၁၆ ရာခိုင်နှုန်း ကတော့ […]

သွေးမဆုံးမီ သားအိမ်ထုတ်လိုက်ရသူများတွင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေများ

သွေးမဆုံးခင်မှာ သားအိမ်ထုတ်ပစ် လိုက်ရတဲ့အမျိုးသမီးတွေဟာ ကျောက် ကပ်ရောဂါဖြစ်နိုင်ခြေများတယ်လို့ သု တေသနသစ်တစ်ရပ်မှာ ဖော်ပြထားပါ တယ်။ အကြောင်းရင်းကတော့ သားအိမ် ထုတ်ပြီးနောက်မှာ အီစထရိုဂျင်ပမာဏ လျော့ကျခြင်းကြောင့်လို့ သုတေသီတွေ က ယုံကြည်နေပါတယ်။ အတိအကျ သက်သေမပြနိုင်သေးပေမယ့် သားအိမ် ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ မရှိဘဲ သားအိမ်ထုတ်ဖို့စဉ်းစားနေတဲ့ အမျိုးသမီးတွေအနေနဲ့တော့ ဒီအချက် ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သွေးကို စစ်ထုတ် မပေးနိုင်တော့တဲ့အခါမှာ ကျောက်ကပ် ရောဂါဖြစ်ပေါ်တတ်ပါတယ်။ ကျောက် ကပ်ပျက်စီးရင် ကျောက်ကပ်ဆေးတာ၊ ကျောက်ကပ်အစားထိုးတာတို့ လုပ်ဆောင် ရမှာပါ။ အမျိုးသမီးတွေမှာ အီစထရိုဂျင် ဟော်မုန်းဟာ ကျောက်ကပ်ကို အကာအ ကွယ်ပေးနိုင်ပါတယ်။ မင်နီဆိုးတားပြည် နယ်မှာ သွေးဆုံးချိန်မတိုင်မီ သားအိမ် ထုတ်ခဲ့ရတဲ့အမျိုးသမီး ၁၆၀၀ ကျော်ကို ၁၄ နှစ်ကြာအောင် […]

နောက်ဆုံးပေါ်မျက်နှာအလှပြုပြင်နည်းကြောင့် HIV ကူးစက်သွားနိုင်ခြေရှိသဖြင့် စစ်ဆေးမှုခံယူကြရန် တိုက်တွန်းထား

အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်မှာ သွေးနဲ့အဓိက လုပ် ဆောင်ရတဲ့ နောက်ဆုံးပေါ်မျက်နှာအလှပြုပြင်နည်းဖြစ်တဲ့ Vampire facials နည်းနဲ့ အလှပြုပြင်ခဲ့ကြသူတွေမှာ HIV နဲ့ အသည်းရောင် ရောဂါပိုးဘီနဲ့ စီတွေလိုမျိုး သွေးက တစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ကူး စက်ခံထားရနိုင်ဖွယ်ရှိနေတဲ့အတွက် ကျန်းမာရေးစစ်ဆေးကုသမှုတွေ ပြုလုပ်ကြဖို့ ကြေညာထုတ်ပြန်ထားပါတယ်။ နယူးမက္ကဆီကိုပြည်နယ်၊ အယ်ဘူကွာကွေ မြို့က VIP Spa ဆိုတဲ့ အလှပြင်ဆိုင်မှာ သွေးနဲ့မျက်နှာ အလှပြုပြင်တဲ့နည်းနဲ့ ၀န်ဆောင်မှုပေးနေခဲ့တာဖြစ်ပါတယ်။ ဒီနည်းက မျက်နှာမှာဖြစ်ပေါ်နေတဲ့ အရေးကြောင်းတွေ၊ မည်းညစ်နေတာတွေနဲ့ ၀က်ခြံအမာရွတ်တွေကို သက်သာစေပြီး ပိုမိုနုပျိုလှပစေတယ်လို့ VIP Spa က ကြော်ငြာထားခဲ့တာဖြစ်ပါတယ်။ မော်ဒယ်ကင်ကာဒါရှန်ကနေ စတင်မိတ်ဆက်ပေးခဲ့ရာကနေ ကျော်ကြားလာခဲ့တဲ့ မျက်နှာပေါင်းတင် နည်းတစ်မျိုးဖြစ်ပြီး အလှပြင်လိုသူရဲ့လက်မောင်းကနေ အပ်နဲ့ဖောက် ယူတဲ့သွေးကို မိုက်ခရိုအပ်လေးတွေနဲ့ မျက်နှာမှာပြန်ထိုးထည့်တဲ့ ထူး […]