အရက်သေစာ ရှောင်ကြဉ်ခြင်းကြောင့်နှလုံးခုန်နှုန်းကို ပိုမိုကောင်းမွန်စေနိုင်

အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်လေ၊ နှလုံးခုန်မှု မူမမှန်ဖြစ်တာကို လျှော့ချနိုင်လေလို့ လေ့လာမှုအသစ်တစ်ခုမှာ ဆိုထားပါတယ်။ အရက်သေစာကာလရှည်သောက်သုံးမှုနဲ့ အ ပေါ်ဘက်နှလုံးခန်းတွေလှုပ်ရှားမှုမူမမှန်မှု A-fib ဆက်စပ်မှုကို လေ့လာခဲ့ကြရာမှာ အရက်သေစာသောက်စားမှုရှောင်ကြဉ်တဲ့ အခါ သွေးပျစ်ခဲမှုကြောင့် လေဖြတ်တာနဲ့နှလုံးတိုက်ခိုက်ခံရတာမျိုးတွေဖြစ်စေတဲ့ A-fib အခြေအနေကို လျော့နည်းသွားစေ တယ်လို့သိရပါတယ်။ အမေရိကန်မှာ အသက် ၄၀ ကျော် လေး ဦးမှာ တစ်ဦးကA-fib အခြေအနေဖြစ်နေပြီး လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံတစ်ဝန်း A-fib အခြေအနေဖြစ်သူ ၆ သန်းခန့်ရှိလာနိုင်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဆယ်စုနှစ်တိုင်း အရက်သေစာ ရှောင်ကြဉ်သူ ၂၀ ရာခိုင်နှုန်းလျော့နည်းလာနေခဲ့ပြီး နှလုံးခုန်မှု မူမမှန်တဲ့A-fib အခြေအနေကို သက်သာလျော့ပါးစေဖို့ အရက်သေစာသောက်သုံးမှု လျှော့ချသင့်တယ်လို့ လေ့လာမှု ကိုဦးဆောင်သူ ဒေါက်တာဂရက်ဂိုရီမားကတ်စ်က ပြောကြားခဲ့ ပါတယ်။ ၂၅ နှစ် ကျော်ကာလအတွင်း အမေရိကန်နိုင်ငံသား ၁၅၀၀၀ နဲ့ လေ့လာဆန်းစစ်မှုအရ အရက်သေစာ သောက်သုံးမှုနဲ့ နှလုံးခုန်မူမမှန်ဖြစ်တဲ့အခြေအနေဆက်စပ်မှုရှိနေတာကို တွေ့ရှိ ခဲ့တယ်လို့ ဒေါက်တာဂရက်ဂိုရီက ပြောကြားခဲ့ပါတယ်။

(DM, 1.11.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *