“ကာလတိုအတွင်း ဝိတ်တွေ အများကြီးလျှော့လိုက်ရင် ဘာတွေဖြစ်လာမလဲ – ဒေါက်တာညီညီကျော်”

ဒီရက်ပိုင်း ဝိတ်ချချင်တဲ့ သူတွေ များလာတာအမျှ social media တွေမှာလည်း အပြိုင်အဆိုင် ဝိတ်ချလာတာတွေ ခေတ်စားလာပါတယ်။ အဆိုးဆုံးကတော့ တလ အတွင်း ၁၅ ပေါင်၊ ပေါင် ၂၀ ချတာတွေပါ။ တကယ်အဲ့လောက်ကျနိုင်သလားဆိုတော့ ဘာမှ မစားပဲ ချမယ်ဆိုရင်တော့ ကျနိုင်ပါတယ်။ မနိုင်ဝန်ထမ်းပြီး ကိုယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းထက် အဆမတန် ပိုလုပ်မယ်၊ အာပာာရ လည်း သင့်တင့်လျောက်ပတ်အောင် မစားဘူးဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက်တော့ လုံးဝ မကောင်း လာနိုင်ပါဘူး။   ဒါဆိုရင် အချိန်ခဏလေး အတွင်းမှာ ဝိတ်အများကြီးလျှော့လိုက်ရင် ဘာတွေ ဖြစ်လာမလဲ???   ရေဓါတ်ခမ်းခြောက်လာခြင်း – လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက ရေဓါတ်နှင့် ဖွဲ့စည်းထားတာ ဖြစ်တဲ့ […]

“ညစာနောက်ကျတာဟာ ဝိတ်တက်စေသလား – ဒေါက်တာစိမ့်”

အလုပ်အကိုင်တွေ၊ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ စားသောက်ချိန်တွေလည်း ပြောင်းလဲလာပါတယ်။ အထူးသဖြင့် တစ်ခုထက်ပိုတဲ့ အလုပ်တွေလုပ်ရင်း၊ သွားလာလှုပ်ရှားရင်း အချိန်တွေကြန့်ကြာလာတာတွေကြောင့် ညစာစားချိန်တွေနောက်ကျလာကြပါတယ်။ ညစာစားတာဟာ ဝစေတယ်၊ ဗိုက်ပူခါးတုတ်စေတယ်ဆိုတဲ့ အယူအဆတွေရှိနေတော့ တကယ်ပဲ ညစာစားတာဟာ အဆီတက်စေပါသလား။ တကယ်ကတော့ ဘယ်အချိန်ပဲစားစား ကယ်လိုရီက ကယ်လိုရီပါပဲ။ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ အဆီသို လှောင်မှုပုံစံတွေက စားသောက်တဲ့အချိန်နဲ့ သက်ဆိုင်မှုမရှိပါဘူး။ အရင်တုန်းက လေ့လာမှုတွေလုပ်တဲ့အခါ ညစာနောက်ကျမှစားတဲ့သူတွေဟာ စောစောစီးစီးစားတဲ့သူတွေထက် ဝိတ်တက်နိုင်ခြေပိုများတာကို တွေ့ရပါ တယ်။ ပြီးတော့ BMI လည်းပိုများနေပါတယ်။ အထူးသဖြင့် ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်းစားတဲ့သူ တွေမှာ ပိုတွေ့ရပါတယ်။ အမှန်က ဝိတ်တက်တယ်ဆိုတာ ကိုယ်သုံးနိုင်တာထက်ပိုစားမိလို့ပဲဖြစ်ပါတယ်။ အာဟာရဆိုင်ရာပညာရှင်တွေနဲ့ သုတေသီတွေပြောကြားချက်အရဆိုရင် ညစာနောက်ကျတာနဲ့ ဝိတ်တက်တာ ဆက်စပ်မှုရှိတယ်ဆိုပေမယ့် အဓိကအကြောင်းရင်းလို့တော့ […]

Whey ပရိုတင်း

Whey ပရိုတင်းဆိုတာဘာလဲ Whey ပရိုတင်းဆိုတာ ချိစ်၊ နို့ခဲ၊ ဒိန်ခဲ ထုတ်လုပ်တဲ့အခါ ထွက်လာတဲ့ အရည်ကနေ အမှုန့်အဖြစ် ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Whey ပရိုတင်းက ဆွိုင်းပရိုတင်းနဲ့ မတူတဲ့အချက်က ခန္ဓာကိုယ်တွင်း Estrogen ဟော်မုန်း (‘မ’ ဟော်မုန်း) ကို မမြင့်တက်လာစေပါဘူး။ Whey ပရိုတင်းကို နွားနို့၊ ဒိန်ချဉ်၊ ချိစ်တွေ စတဲ့ နို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။ Whey ပရိုတင်း ဘယ်နှမျိုးရှိလဲ Whey ပရိုတင်းမှာ Whey Protein Concentrate (WPC), Whey Protein Isolate (WPI), Hydrolyzed Whey Protein ဆိုပြီး သုံးမျိုးရှိပါတယ်။ WPC WPC မှာ ပါဝင်တဲ့ ပရိုတင်း […]

မှန်ကန်သော Diet Plan ရွေးခြယ်ခြင်း

Diet လို့ပြောလိုက်တာနဲ့ တော်တော်များများက ဝိတ်ကျအောင်စားတာ၊ ပိန်အောင်စားတာလို့ပဲထင် နေကြပါတယ်။ တကယ်တော့ Diet ဆိုတာ အဲဒီထက်အများကြီးပိုပါတယ်။ Dietting can make you thinner or fatter ဆိုပါသတဲ့။ ဒါကြောင့် Diet လုပ်တာဟာ ဝတဲ့သူကိုလည်း ကိုယ်ရည်စစ်စေပြီး ပိန်တဲ့သူကိုလည်း ပြည့်ဖြိုးစေပါတယ်။ Diet ထက်စာရင် Balanced Diet လို့သုံးတာက ပိုပြည့်စုံမယ်ထင်ပါတယ်။ Diet ရဲ့အဓိက ရည်ရွယ်ချက်က ကိုယ်အလေးချိန်ကိုထိန်းပြီး (Maintaining Body Weight) ကျန်းမာတဲ့ဘဝကို ရစေဖို့ (Healthy Life) ပဲဖြစ်ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ၊ အစိတ်အပိုင်းအင်္ဂါတွေဟာ အလုပ်လုပ် ဖို့အတွက် စွမ်းအင်လိုပါတယ်။ မပျက်စီးမထိခိုက်ဖို့အတွက် ရောဂါတွေကနေ ကာကွယ်ထားဖို့လိုပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ်တွေလိုပါတယ်။ အဲဒီလိုအပ်တဲ့ […]

ကိုယ်အလေးချိန်လျော့ချနေသူများအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် တစ်ပတ်ကို ပေါင်ဘယ်လောက်ထိ လျော့ချသင့်သလဲ???

1-3 ပေါင် 2. 4-9 ပေါင် 3. 10-15 ပေါင် 4. 15 ပေါင် နှင့် အထက် အဖြေ- ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တစ်ပါတ်ကို ၁ပေါင် ကနေ ၃ပေါင် အထိချတာ ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။ ဒီထက်ပိုပြီး မြန်မြန်ကျအောင် ဆိုပြီး – 1. ဆေးဝါးအကူအညီ တွေ နှင့် ဝိတ်ချတာ 2. အဆီကျ ကော်ဖီ နှင့် ဝိတ်ချတာ 3. တစ်နေကုန် ဘာမှ မစားပဲ နေတာ စသဖြင့် နည်းလမ်းမျိုးစုံ သုံးလာကြပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဝမ်းသွားများတာ၊ ဆီးသွားများတာ တွေဖြစ်ပြီး အစမှ တော့ ဝိတ်ကျသွားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ […]

7 day weight loss

တစ်ပတ်အတွင်း ဝိတ်ကျချင်လား

ဝိတ်ချနည်းအမျိုးမျိုးအနက် တစ်ပတ်အတွင်း အစားအသောက်နဲ့ ဝိတ်ချနည်းကို ဆက်လက်ဖော်ပြပါမယ်။ ဒီနည်းက အစားအသောက်တွေကို အဓိကထားပြုပြင်ရတာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း စားသောက်ပုံတွေကို လုံးဝပြောင်းလဲလိုက်ရမှာလည်း ဖြစ်တယ်။ Read more about တစ်ပတ်အတွင်း ဝိတ်ကျချင်လား

ဝိတ်ချနေသူတို့ ကြိုက်နှစ်သက်သလောက် စားနိုင်သည့် အစားအစာများ

အောက်ပါအစားအစာတို့မှာ ကယ်လိုရီအလွန်နည်းပါးစွာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်တဲ့အတွက် သင့်ကို အချိန်အကြာကြီး ၀မ်းဗိုက်ပြည့်တင်းမှု ရရှိစေတာကြောင့် သင် ဘယ်လောက်စားစား ၀ိတ်တက်လာမှာ မဟုတ်ပါဘူး။ Read more about ၀ိတ်ချနေသူတို့ ကြိုက်နှစ်သက်သလောက် စားနိုင်သည့် အစားအစာများ

ကိုယ်တွေ့ဝိတ်ချနည်း

ဝိတ်ချရတာ မလွယ်ပါဘူး။ ဒါကို ဝိတ်ချဖူးသူတိုင်း သိကြတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဝိတ်ချဖူးသူဖြစ်တော့ ဘယ်လောက်ခက်ခဲလဲ ပိုသိတယ်။ လွန် ခဲ့တဲ့ တစ်နှစ်လောက်က ဝိတ်ချဖူးတယ်။ Read more about ကိုယ်တွေ့ဝိတ်ချနည်း

ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် Do & Don’t နေ့လယ်စာ

မနက်စာကို ရှင်ဘုရင်လို စားပြီး ညစာကို သူဖုန်းစားလိုစားဆိုတဲ့ အသိပညာဟာ ကိုယ်အလေးချိန်လျှော့ချသူတွေအကြား သိရှိမှုများနေတဲ့စကားပါ။ ၀ိတ်ချသူတွေအတွက် မနက်စာနဲ့ ညစာကို အတိုင်းအတာနဲ့စားဖို့ အရေးကြီးသလို နေ့လယ်စာဟာလည်း အရေးကြီးလှပါတယ်။ နေ့လယ်စာ စားသုံးတဲ့အခါမှာ

ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Read more about ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် Do & Don’t နေ့လယ်စာ