မှတ်ဉာဏ်ဆိုတာဘာလဲ။ မှတ်ဉာဏ်ကောင်းအောင် ဘာလုပ်ရမလဲ

“က”ကနေ “အ”အထိ အလွယ်တကူ ရွတ်ဆိုပြနိုင်ပါသလား။ ကိုယ့်နာမည် ကိုယ် အလွယ်တကူ ချရေးနိုင်ပါသလား။ တူရိယာပစ္စည်းတွေကို ဂီတသင်္ကေတ အတိုင်း တီးခတ်နိုင်ပါသလား။ ဒါတွေအားလုံး ဘယ်လိုမှတ်မိနေတယ်၊ အာဂုံဆောင်ထားနိုင်တယ်လို့ သင် ပြန်ဖြေကောင်း ပြန်ဖြေပါလိမ့်မယ်။ ဒါပေမဲ့ ဒီအရာတွေကို သင် သင်ယူခဲ့လို့သာ သိ နေတာပါ။ ပြီးတော့ သင်ယူတယ်ဆိုရာမှာလည်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ် ရင်း သင်ယူခဲ့ရတာပါ။ စာမတတ်ခင်တုန်းက “က”ကနေ “အ”အထိ ရွတ်ရမှာ ခက်နေပေမယ့်၊ တူရိယာပစ္စည်းတွေကို မတီးတတ်ခင်တုန်းက ဂီတသင်္ကေတဖတ်ရ မှာ ခက်နေပေမယ့် အကျင့်လုပ်ပြီး မကြာခဏ ရွတ်ဆိုတီးခတ်တဲ့အခါ နောက်ပိုင်း မှာလွယ်ကူလာပြီး အလီဆိုရင်လည်း အာဂုံဆောင်နိုင်လာတာ၊ တူရိယာဆိုရင်လည်း အလိုလို တီးတတ်လာတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ဆိုတာ အကျင့်လုပ်ခြင်းအားဖြင့် သင်ယူရာမှ […]

သောကစိတ်ကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုကမောက်ကမတွေ ဖြစ်စေလဲ

လူတိုင်း စိုးရိမ်ပူပန်တာ၊ စိုးရိမ်သောကရောက်တာမျိုးတွေ တစ်နေ့မဟုတ်တစ်နေ့ တစ်ချိန်မဟုတ်တစ်ချိန်တော့ ခံစားဖူးကြပါတယ်။ တချို့လည်း စိုးရိမ်စိတ်ရှိပေမယ့် နိစ္စဓူဝအလုပ်တွေကို ပုံမှန်လုပ်ကိုင်နိုင်ကြပြီး တချို့မှာ မရပ်တည်နိုင် လောက်အောင် ဆောက်တည်ရာမရ ဖြစ် တာမျိုးလည်း ရှိပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ စိုးရိမ်စိတ်ဖြစ်ပေါ်လဲ၊ အချိန်ကာလ ဘယ်လောက်အထိ ကြာလဲ ဆိုတာကတော့ တစ်ယောက်နဲ့ တစ် ယောက် တူချင်မှ တူပါလိမ့်မယ်။ အာရုံကြောစနစ် အာရုံကြောစနစ်မှာ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီး၊ အာရုံကြောနဲ့ အာရုံကြောဆဲလ်တွေ ပါဝင်ပါတယ်။ စိုးရိမ်စိတ်တွေ လွန်ကဲတဲ့အခါ စိတ်ဖိစီးမှု ဟော်မုန်းထွက်လာပြီး နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာတွေဖြစ်ပြီး သွေးတွင်း သကြားဓာတ်လည်း မြင့်တက်လာပါ တယ်။ အဲဒီလိုအချိန်မှာ ခန္ဓာကိုယ်ရဲ့ သွေးတွေက ခြေထောက်နဲ့ လက်တွေဆီ ကို ပိုမိုစီးဆင်းတတ်ပါတယ်။ အချိန်ကြာ ကြာ […]

ဦးနှောက်ပျက်စီးစေနိုင်သော အမူအကျင့်ဆိုးများ

သင်နေ့စဉ် အမှတ်မထင်ပြုလုပ်နေကျအရာတွေထဲမှာ အောက်ဖော်ပြပါ ဦးနှောက်ပျက်စီးနိုင်တဲ့ အမူအကျင့်တွေရှိနေရင် အခုကစတင်ပြီး ပြုပြင်လိုက်ပါ။ အစာကြူးခြင်း အစာကို အလွန်အမင်း စားသုံးတာကြောင့် အဝလွန်နိုင်ပြီး ဦးနှောက်ပျက်စီးနိုင်ကာ အာရုံစူးစိုက်နိုင်မှု လျော့နည်းသွားနိုင်ပါတယ်။ နံနက်စာ မစားခြင်း နံနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး လိုအပ်တဲ့အစာဖြစ်ပြီး သူ့ကို မစားဘဲ ရှောင်နေရင် သွေးတွင်းသကြားဓာတ်အတက်အကျများပြီး မတည်မငြိမ် ဖြစ်တတ်ပါတယ်။ တစ်ညလုံးအစာမစားဘဲ အိပ်နေရတာကြောင့် မနက်အိပ်ရာထခါစ မှာ အစာစားဖို့ လိုအပ်ပါတယ်။ အစာမစားရင် ဦးနှောက်က အာဟာရမရရှိတာကြောင့် ပျက်စီးလွယ်နိုင်ပါတယ်။ အိပ်စက်အနားမယူခြင်း မအိပ်ရတဲ့ ရက်တွေ များပြားလာရင် ဦးနှောက်ထဲက ကျန်းမာတဲ့ ဆဲလ်ကောင်းတွေ လျော့နည်းသွားနိုင်ပါတယ်။ အိပ်စက်နေစဉ်မှာ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ ဆဲလ်တိုင်းကို ပြုပြင်ပေးပြီး ဆဲလ်အသစ်တွေ ထုတ်လုပ်ပေးနေတာပါ။ အချိုစာ အစားများခြင်း ကျွန်မတို့စားလိုက်တဲ့အစာတိုင်းနဲ့ […]

စိတ်ဖိစီးမှုလျှော့ချပေးတဲ့ အစားအစာတွေ စားသုံးရအောင်

ရုန်းကန်လှုပ်ရှားနေရတဲ့ လူသား တိုင်း ဖိစီးမှုတွေကို ကြုံတွေ့နေကြရမှာ ပါ။ ဖိစီးမှုကို လျော့နည်းအောင် လုပ်နိုင် တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုပြောပြမယ့်နည်းလမ်းကတော့ အစာ စားပြီး ဖိစီးမှုလျှော့ချရမှာဆိုတော့ လိုက် နာဆောင်ရွက်ဖို့ လွယ်ကူမယ်လို့ ယူဆ မိပါတယ်။ ဗာဒံစေ့ ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာ ကိုယ်မှာ အက်ဒရီနလင် f(Adrenaline) ဟော်မုန်း အထွက်များလာပါတယ်။ ဒီ ဟော်မုန်းက သွေးပေါင်ကို တိုးစေပါ တယ်။ အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံ အားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင် အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် ဘီအုပ်စုတွေကိုပါ ရရှိနိုင်ပါ တယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှု တွေကို မရှောင်ရှားနိုင်ဘူးဆိုရင်တော့ တစ်နေ့ကို ခွက်တစ်ခွက်ရဲ့ […]

အာရုံစူးစိုက်မှုကောင်းအောင် ဘာတွေလုပ်ကြမလဲ

တစ်ခါတစ်ရံမှာ အာရုံစူးစိုက်မရ တာ၊ စိတ်ပျံ့လွင့်နေတာမျိုး သင်လည်း ဖြစ်ဖူးမှာပါ။ ဒီလိုအချိန်မှာ အာရုံစူးစိုက်မှု အားကောင်းအောင် ဘာတွေလုပ်နိုင်မလဲ လေ့လာကြည့်ရအောင် . . . မနက်စာက ဦးနှောက်အတွက်အား ဖြည့် လောင်စာပါ အလုပ်ချိန်နီးတာကြောင့် မနက်စာ မစားဘဲ သွားခဲ့တဲ့နေ့တွေ များနေပါပြီ လား။ လေ့လာမှုအရ မနက်စာစားပါက ဦးနှောက်Óဏ်ရည်နဲ့ စူးစိုက်မှတ်Óဏ် ကို ခဏအတွင်းရရှိစေပါတယ်။ မနက်စာ ကို ပြည့်ပြည့်ဝ၀ စားသူတွေဟာ လုံးဝ မစားသူတွေထက် သိသိသာသာလုပ် ဆောင်မှုကောင်းတာ တွေ့ရပါတယ်။ အမျှင်ဓာတ်များတဲ့ ကောက်နှံတစ်ခုလုံး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ သစ်သီးတွေကို မနက်စာအဖြစ် စားသုံးပေးပါက ဦး နှောက်အတွက် အားအင်ဖြစ်စေပါတယ်။ ဒါပေမဲ့ မနက်စာအဖြစ် ကယ်လိုရီများ တာတွေကို အလွန်ပြည့်အင့်အောင် စားပါ […]

ကိုယ့်ဘဝကိုယ် နေပျော်အောင် ဘယ်လိုနေထိုင်ကြမလဲ

ဘဝက သာယာလှပပြီး နေပျော်စေ ဖို့ အောက်ပါဘဝနေနည်း ၂၁ နည်းကို လိုက်နာကျင့်သုံးသင့်ပါတယ်။ ၁။ တစ်နေ့ကို ၁၀-၃၀ မိနစ် လမ်း လျှောက်ပါ။ လမ်းလျှောက်တဲ့အခါ သင့် မျက်နှာကို အလှဆုံးပြုံးထားပါ။ ၂။ နေ့စဉ် ၁၀ မိနစ်လောက် တိတ် ဆိတ်ငြိမ်သက်စွာ ထိုင်ပါ။ ၃။ မနက်ခင်း မိုးလင်းတဲ့အခါ ကိုး ကွယ်ရာ ဘာသာတရားကို သက်ဝင်ယုံ ကြည်စွာနဲ့ ဆောင်ရွက်ပါ။ ၄။ လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်း သီးဟင်းရွက်တွေ ပိုစားပါ။ ၅။ လက်ဖက်စိမ်းရည်သောက်ပါ။ ရေ များများသောက်ပါ။ ဘလူးဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဗာဒံစေ့တွေ စားပါ။ ၆။ တစ်နေ့ကို အနည်းဆုံး လူသုံး ယောက်ကို ရယ်ပြပါ။ ၇။ […]

စိတ်ဖိစီးမှု လျှော့ချပေးတဲ့ အစားအစာတွေ စားသုံးရအောင်

ရုန်းကန်လှုပ်ရှားနေရတဲ့ လူသား တိုင်း ဖိစီးမှုတွေကို ကြုံတွေ့နေကြရမှာ ပါ။ ဖိစီးမှုကို လျော့နည်းအောင် လုပ်နိုင် တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုပြောပြမယ့်နည်းလမ်းကတော့ အစာ စားပြီး ဖိစီးမှုလျှော့ချရမှာဆိုတော့ လိုက် နာဆောင်ရွက်ဖို့ လွယ်ကူမယ်လို့ ယူဆ မိပါတယ်။ ဗာဒံစေ့ ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာ ကိုယ်မှာ အက်ဒရီနလင် (Adrenaline) ဟော်မုန်း အထွက်များလာပါတယ်။ ဒီ ဟော်မုန်းက သွေးပေါင်ကို တိုးစေပါ တယ်။ အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံ အားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင် အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် ဘီအုပ်စုတွေကိုပါ ရရှိနိုင်ပါ တယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှု တွေကို မရှောင်ရှားနိုင်ဘူးဆိုရင်တော့ တစ်နေ့ကို ခွက်တစ်ခွက်ရဲ့ […]

ကိုဗစ်၊စိုးရိမ်စိတ်များခြင်းနှင့် အစာတစွတ်စွတ် စားခြင်း

ကိုယ်နေတဲ့ အိမ်နားက ကိုဗစ်ပိုးတွေ့လူနာရှိနေတာ၊ ကိုယ့်ရပ်ကွက်ထဲ ဆေးရုံကားဝင်လာတဲ့အချိန်၊ ကိုဗစ်ပိုးတွေ့လူနာဦးရေ နဲ့ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ စာရင်းထုတ်ပြန်တဲ့ ည၈ နာရီ အချိန် နဲ့ တစ်နေ့တာအတွင်း တိုင်းနဲ့ ပြည်နယ်အလိုက် ပိုးတွေ့လူနာနဲ့ သေဆုံးသူစာရင်း ထုတ်ပြန်တဲ့ ညနေ ၅ နာရီ အချိန်တွေမှာ သတင်းတွေကို တွေ့မြင်ရတဲ့အခါမှာ စိုးရိမ်သောကဖြစ်လာကာ အအေးသောက်လိုက်၊ မုန့်တွေကို တစွတ်စွတ်စားလိုက် တာမျိုး ဖြစ်နေပါသလား။ ဒီလိုစားသုံးတာကြောင့် စိုးရိမ်စိတ်က မပျောက်ကင်းတဲ့အပြင် ကိုယ့်အတွက် ကယ်လိုရီအပိုတွေ ရရှိပြီး ဝိတ်တက် လာနိုင်ပါတယ်။ စိုးရိမ်စိတ်ကြောင့် ဗိုက်ဆာသလို ဖြစ်နေရင် အောက်ပါတို့ကို ပြုလုပ်ပါ။ #ပီကေဝါးပါ။ ပီကေဝါးတာက ဖိစီးမှုကို ထိထိရောက် ရောက် လျော့ကျစေပါတယ်။ သကြားမပါဝင်တဲ့ ပီကေကို ဝါးနေတာက နေ့စဉ်စားသုံးတဲ့ […]

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတွေမှာ တွေ့ရတဲ့ စိတ်ဓာတ် အရည်အ သွေး (၇) ချက်

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ဆိုတာ ကြွက်သားတွေသန်မာစေဖို့ လေ့ကျင့်ရသလိုပါပဲ၊ လေ့ကျင့်ယူရပါတယ်။ အချိန်လည်း ပေးဆပ်ရမယ်၊ လုံ့လ၊ ဝီရိယတွေလည်း ပေးဆပ်ရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ ခိုင်စေဖို့ မွေးမြူသင့်တဲ့ စိတ်ဓာတ် အရည်အသွေးတွေကတော့ – (၁) ရှေ့ဆက်လျှောက်လှမ်းပါ အဆင်မပြေနိုင်တဲ့အရာတွေအ တွက် စိတ်ဆင်းရဲခံပြီး အချိန်ကုန် မခံပါ နဲ့၊ Move On လုပ်ပါ။ စိတ်ဓာတ် ကြံ့ခိုင် သူတွေက ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ အရာတွေအတွက် အချိန်ကုန်မခံပါဘူး။ Plan A နဲ့ အဆင်မပြေရင် Plan B ရှိပါတယ်၊ Plan B လည်း အဆင်မပြေသေး ဘူးလား၊ သူတို့မှာ Plan က A အသ Z ထိ ရှိပါတယ်။ (၂) […]

စိတ်ရှည်သည်းခံနိုင်မှ ဘဝမှာ အမှားနည်းမည်

စိတ်ရှည်သည်းခံဖို့ဆိုတာ လွယ်ကူ တဲ့ အရာတော့ မဟုတ်ပါဘူး။ စိတ်တို ဒေါသမထွက်အောင် ထိန်းနေရင်း စိတ် မထိန်းနိုင်ဖြစ်သွားတာတွေလည်း လူ သားတိုင်း ကြုံဖူးပါတယ်။ တကယ်တော့ စိတ်ကို ထိန်းနိုင်တာဟာ စိတ်မထိန်း လိုက်နိုင်လို့ ဖြစ်လာမယ့် နောင်တရစရာ ကိစ္စတွေမဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။ စိတ်ရှည်သည်းခံတတ်ဖို့ ဘယ်လိုကြိုးစားမလဲ စိတ်ရှည်သည်းခံတတ်ဖို့ ကြိုးစား တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်ဟာ ဘယ်အရာတွေကြောင့် စိတ်တိုတတ်လဲ ဆိုတာကို အရင်သုံးသပ်ကြည့်ပါ။ အ ကြောင်းရင်းတွေကတော့ အများကြီးရှိနိုင် ပါတယ်။ လူတွေကြောင့်ဖြစ်နိုင်သလို၊ အ ခြေအနေအချိန်အခါကြောင့် အခန့်မ သင့်ရင်လည်း စိတ်တိုတာ ဖြစ်တတ်ပါ တယ်။ ဒီအကြောင်းအရာတွေကို ချရေး ကြည့်ပါ။ ပြီးရင် ဒီအတွက် အဖြေရှာပါ။ ဥပမာ – ဗိုက်ဆာလာရင် […]