ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင်

ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင် အချိန်ဘယ်လောက် လမ်းလျှောက်ရမလဲ ? #နှလုံးရောဂါဆိုသည်မှာ။ နှလုံးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အခြေအနေ မျိုးစုံကို နှလုံးရောဂါ လို့ခေါ်ပါတယ်။ နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုကို ဦးဆောင်နေတဲ့ ရောဂါ ဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်လွှားက လူပေါင်း ၁၇.၉ သန်းခန့်က ဒီရောဂါကြောင့် သေဆုံးနေကြတယ်လို့ WHO မှ ထုတ်ပြန်ချက်အရ သိရပါတယ်။ကျန်းမာရေးနဲ့ညီညွတ်မှု မရှိတဲ့ အစားအစာစားတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အကျွံ သောက်တာတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်တာကို ဖြစ်ပေါ်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အေဂျင်စီက ထုတ်ဖော်ထားပါတယ်။သတင်းကောင်းတစ်ခုက နှလုံးရောဂါအများစုကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ ရောဂါကို ကာကွယ်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုက လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့် […]

တစ်ပတ်အတွင်း အိုမီခရွန်သတင်းများ

♦ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပါက အိုမီခရွန်ကြောင့် ဆေးရုံတက် သို့မဟုတ် သေဆုံးနိုင်ခြေ ၈၄ ရာခိုင်နှုန်းအထိ လျော့ကျနိုင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုး ထားပါက အိုမီခရွန်ကြောင့် သေဆုံးနိုင် ခြေ ၈၄ ရာခိုင်နှုန်း လျော့ကျနိုင်တယ်ဆို ပေမယ့် တတိယအကြိမ် ထိုးတာက ရောဂါမဖြစ်အောင် ယခင်ကထက် နှစ်ဆ ပိုမိုကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ pfizer အမျိုးအစားကာကွယ် ဆေးကို နှစ်ကြိမ်ထိုးထားသူတွေက ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေ ၈၃.၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး Covishield (Astra Zeneca) ကို နှစ်ကြိမ်ထိုးတာက အိုမီခရွန်ကြောင့် သေဆုံးနိုင်ခြေ ၇၇.၁ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ လေ့လာသူတွေက ထုတ် ဖော်လိုက်ပါတယ်။ ဒီကာကွယ်ဆေးနှစ် မျိုးစလုံးက ဆေးထိုးအပြီး သုံးလမှ ခြောက်လအတွင်း […]

ကိုဗစ် ၁၉ နှင့်ပတ်သက်သည့် သတင်းများ

♦ ကိုဗစ်ကာကွယ်ဆေးကို အရေပြား ကပ်ခွာအဖြစ် အသုံးပြုမည်။ ===== အရေပြားကပ်ခွာအဖြစ် အသုံးပြုမည့် ကိုဗစ်ကာကွယ်ဆေးအသစ်ကို Oxford မှ သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်အတွက် ရေရှည်ကာကွယ်မှု ရရှိနိုင်မှာဖြစ်ပြီး နှစ်စဉ် Booster Dose ထိုးရမယ့်အနေအထား ပြီးဆုံး တော့မည်ဟု ယုံကြည်ကြပါတယ်။ အရေပြားကပ်ခွာကိုဗစ်ကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုးကို အဓိကတိုက်ထုတ်မယ့် T cell တွေကို လှုံ့ဆော်မှုပေးတာကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့မှ မရှိအောင် ကာကွယ်နိုင်ပါတယ်။ အခုအခါမှာ အဆင့် ၁ အနေ အထားကို ရောက်ရှိနေကာ ဆွစ်ဇာလန် နိုင်ငံမှ လူပေါင်း ၂၆ ယောက်ကို စမ်းသပ်ကာ ထိုးပြီးသွားပြီဖြစ်ပါတယ်။ အကယ်၍ အောင်မြင်ခဲ့ရင် ၂၀၂၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။ အရေပြားကပ်ခွာ ကိုဗစ်ကာ […]

ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် အိုမီခရွန်နှင့်ပတ်သက်၍ ယနေ့အထိ သိထားသောအချက်များ

ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာ WHO က ကိုရိုနာမျိုးစိတ် B.1.1.529 ကို သတိထားရမယ့်မျိုးစိတ်လို့ ထုတ်ပြန် လိုက်ပြီး အိုမီခရွန်လို့ နာမည်ပေးလိုက်ပါ တယ်။ ဒီဗိုင်းရပ်စ်က တောင်အာဖရိက နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ဘော့စ်ဝါးနား၊ အီတလီ၊ ဟောင်ကောင်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဂျာမ နီ၊ ကနေဒါနဲ့ အစ္စရေးအပါအဝင် တိုက် ကြီးခြောက်တိုက်အတွင်းက လက်ရှိ နိုင်ငံပေါင်း ၂၆ ခုကျော်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အိုမီခရွန်ဆိုတာက အယ်လ်ဖာ၊ ဘီတာ၊ ဂါမာနဲ့ ဒယ်လ်တာအပြီးမှာ WHO က အလေးအနက် သတိထားနေ ရတဲ့ ကိုဗစ်-၁၉ ဖြစ်စေတဲ့ ကိုရိုနာဗိုင်း ရပ်စ် နောက်ဆုံးမျိုးစိတ်သစ်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ […]

ကိုဗစ်ဖြစ်ပြီး ပျောက်ကင်းသူများတွင် ကျန်ရှိသည့် ရောဂါလက္ခဏာများနှင့် ဖြေရှင်းနည်း

၂၀၁၉ ဒီဇင်ဘာလဆန်းကတည်း က ကမ္ဘာ့ကပ်ရောဂါဖြစ်လာခဲ့တဲ့ COVID-19 ရောဂါနဲ့ ပြန်လည် ကောင်းမွန်သူပေါင်း သန်း ၂၀၀ ကျော် ခန့်ရှိတယ်လို့ သိရပါတယ်။ ဒီထဲက ထက်ဝက်ကျော်လောက်မှာ ကိုဗစ်ရဲ့ လက္ခဏာတွေက ခြောက်လကျော်တဲ့အ ထိ ကျန်ရှိနေတယ်လို့ လေ့လာမှုကြီးတစ်ခုအရ သိရပါတယ်။ ဒါကို Long COVID Symptom လို့ ခေါ်ပြီး မောပန်းတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ် အောင့်တာ၊ အဆစ်အမျက်ကိုက်ခဲတာနဲ့ အနံ့အရသာပျောက်ကင်းတာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလေ့လာမှုကို အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၁ မတ်လအတွင်းက ကာကွယ်ဆေးမထိုးထားတဲ့ ကိုဗစ်လူနာပေါင်း၂၅၀၃၅၁ ယောက်ပါဝင်တယ်လို့ သိရပါတယ်။ လေ့လာမှုအရ လူကြီးရော၊ ကလေးငယ်တွေမှာပါ ကိုဗစ်ရောဂါဖြစ်ပြီး […]

နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်းတို့ကြောင့် ကလေးများတွင် တုပ်ကွေးကူးစက်မှု ၉၉ ရာခိုင်နှုန်း လျှော့ချနိုင်

COVID-19 ကူးစက်မှုကိုထိန်း ချုပ်ဟန့်တားနိုင်စေရေးအတွက် နှာခေါင်းစည်းတပ်တာတွေ၊ လူစုလူဝေးရှောင်ကြဉ်တာတွေကို ကျယ်ကျယ်ပြန့် ပြန့်လိုက်နာလာခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်ကြား ဆောင်းရာသီကာလအတွင်း ကလေးတွေမှာ တုပ်ကွေးကူးစက်မှုကို ၉၉ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့  အမေရိကန် ကလေးအထူးကုအမျိုးသားညီလာခံက ဆိုပါတယ်။ လက်တွေကိုသန့်ရှင်းရေး မကြာခဏလုပ်တဲ့အလေ့အကျင့်လည်း ပိုလုပ်လာကြပြီး ကပ်ရောဂါစိုးရိမ်မှုကြောင့် သီးခြားနေထိုင်ခဲ့ကြတာတွေကလည်း တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုပါ ထိရောက်စွာထိန်းချုပ်နိုင်စေခဲ့တယ်လို့ သုတေသီတွေကဆိုပါတယ်။ ကပ်ရောဂါမတိုင်မီက ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်ကြား တုပ်ကွေးရာသီဖြစ်တဲ့ ဖေဖော်ဝါရီလတုန်းက အေကရွန်ကလေး ဆေးရုံနဲ့ အနီးတစ်ဝိုက်က ကလေးတွေမှာ တုပ်ကွေးကူးစက်မှုတွေ ပိုများခဲ့တယ်လို့ အေကရွန်ကလေးဆေးရုံရဲ့ ကလေးအထူးကုဒေါက်တာအိုဆာမာအယ်လ်အက်ဆယ်က ဆိုပါတယ်။ (UPI, 14.10.2021) #TL #GoodHealthJournal_850 #COVID_SPECIAL_ARTICLEs

ကိုဗစ်ကြောင့် ဆရာဝန်နဲ့ ပြသဖို့ မနှောင့်နှေးသင့်ပါ

ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ ရောဂါကူးစက်ခံရမှာကိုစိုးရိမ်တာကြောင့် တော်ရုံတန်ရုံ ဝေဒနာတွေခံစားရရင် ဆရာဝန်နဲ့ ပြဖို့ ဝန်လေးနေပါသလား။ နာတာရှည်ရောဂါရှိသူတွေကလည်း ဆေးခန်းရက်ချိန်းအတိုင်း သွားမပြကြသလိုဖြစ်နေပါသလား။ အောက်ပါပြဿနာတွေရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ မနှောင့်နှေးသင့်ပါဘူး။ ♦ နှလုံးပြဿနာ — ရင်ဘတ်နေရာမှာ ဖိထားသလို၊ ဆုပ်ဆွဲညှစ်ထားသလို နာကျင်တဲ့ဝေဒနာခံစားရရင် Heart Attack ဖြစ်တဲ့လက္ခဏာမို့ ဘယ်လိုကာလမျိုးမှာမဆို အရေးပေါ်ဌာနကို အမြန်ဆုံးသွားရောက်ပြသရပါမယ်။ အောက်ပါရောဂါလက္ခဏာတွေ ရှိနေရင်လည်း အရေးပေါ်ဌာနကို သွားရပါမယ်။ • အသက်ရှူမဝခြင်း • ပျို့ခြင်း • ချွေးစေးထွက်ခြင်း • ရုတ်တရက် ထုံကျဉ်သွားခြင်း • အားနည်းသွားခြင်း • စိတ်ရှုပ်ထွေးခြင်း • အမြင်အာရုံဆုံးရှုံးခြင်း ဒီလက္ခဏာတွေအားလုံးဟာ လေဖြတ်တဲ့လက္ခဏာဖြစ်တာမို့ အရေးပေါ်ဌာနကို ချက်ချင်းသွားရောက်ဖို့ လိုအပ်ပါတယ်။ ♦ အရေးပေါ်အခြေအနေ — ကိုဗစ်ကြောက်လို့ […]

ကိုဗစ်ကြောင့် ဦးနှောက်ဇဝေဇဝါဖြစ်နေပြီလား

ကိုဗစ်ကပ်ရောဂါအသွင်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်ကစပြီး ကျွန်မတို့ အများစုဟာ ဦးနှောက်ဇဝေဇဝါဖြစ်တဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ရပြီးဖြစ်ပါတယ်။ ဒါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရတာရဲ့ စောစောစီးစီးလက္ခဏာဖြစ်ပြီး ရောဂါပျောက်ပြီး ရက် လ အတော်ကြာတဲ့အထိ ကျန်ရှိနေတတ်ကြပါတယ်။ ဦးနှောက်ဇဝေဇဝါဖြစ်တာက ကျန်းမာရေးအခြေအနေတစ်မျိုးမဟုတ်ပါ ဘူး။ သူက မှတ်ဉာဏ်လျော့သွားတာ၊ အာရုံစူးစိုက်လို့ မရတာ၊ သတင်းအချက် အလက်တွေကို မစဉ်းစားနိုင်တာနဲ့ စိတ်ပြန့်လွင့်တာလိုမျိုး ရောဂါလက္ခဏာအုပ် စုဖြစ်ပါတယ်။ ကိုဗစ်အပြင် စိတ်ဖိစီး မှုများတာနဲ့ စိုးရိမ်စိတ်များတာကြောင့် ဦးနှောက်က ဇဝေဇဝါဖြစ်နိုင်ပြီး ဒီလို ကြောင့်ဖြစ်ရင်တော့ သိပ်မကြာခင်မှာပဲ ပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်။ သိုင်းရွိုက်ရောင်ရောဂါ၊ နာတာရှည် မောပန်းဝေဒနာ၊ စိတ်ကျရောဂါ၊ အော်တစ်ဇင်ရောဂါ၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တွေကြောင့် ဦးနှောက်ဇဝေဇဝါဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါပြီ။ အောက်ပါတို့ဟာ ဦးနှောက်ဇဝေဇဝါဖြစ်တာနဲ့ပတ်သက် လာရင် […]

ကာကွယ်ဆေးထိုးနှံပြီးသည့် ကိုယ်ဝန်ဆောင်မိခင်ထံမှ ကိုဗစ်နှိမ်နင်းသည့် ပဋိပစ္စည်းများ ကလေးဆီ လက်ဆင့်ကမ်းရောက်ရှိကြောင်းတွေ့ရှိ

Covid-19  ကာကွယ်ဆေးထိုးနှံ ပြီးစီးထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဗိုက်ထဲမှာရှိတဲ့၎င်းင်းတို့ရဲ့က လေးတွေဆီ ဗိုင်းရပ်စ်နှိမ်နင်းပေးနိုင်တဲ့ပဋိပစ္စည်းတွေ လက်ဆင့်ကမ်းပေးနိုင် တာကို လေ့လာတွေ့ရှိရတယ်လို့ သု တေသနလေ့လာမှုတစ်ခုက ဆိုပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ မိခင်တွေဆီ ကနေမှ မွေးဖွားလာတဲ့ ကလေး ၃၆ ဦးနဲ့ လေ့လာမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ New York University မှ သိပ္ပံပညာ ရှင်တွေကဆိုပါတယ်။ ကလေးတွေဆီမှာ ရှိထားတဲ့ Covid-19 ခုခံအားက ကူး စက်မှုကနေလား၊ မိခင်တွေထိုးထားတဲ့ ကာကွယ်ဆေးတွေဆီကနေလားဆိုတာ ကိုခွဲခြားသိရှိစေဖို့ ပထမဦးဆုံးလေ့လာမှု လည်းဖြစ်ပါတယ်။ ကလေးတွေရဲ့ချက် ကြိုးသွေးကနေ သွေးနမူနာရယူကာ ပဋိ ပစ္စည်းပမာဏကို တိုင်းတာစစ်ဆေး ခဲ့ကြတာဖြစ်ပြီး ဒီကလေးတွေထဲက ၃၁ ဦးမှာ မိခင်တွေဆီကနေတစ်ဆင့် Covid-19 ကာကွယ်နှိမ်နင်းနိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေ ရရှိထားပြီးနှင့်တာကို တွေ့ရှိခဲ့ကြတာလို့ […]

Pfizer ကာကွယ်ဆေးက ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများအတွက် ဘေးကင်းစိတ်ချရပြီး အာနိသင်ထိရောက်ဟု ဆို

အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် နိုင်စေဖို့ လေ့လာခဲ့ကြရာမှာ ၎င်းင်းတို့ရဲ့ COVID-19 ကာကွယ်ဆေးက ဘေး ကင်းစိတ်ချရပြီး အာနိသင်ထိရောက်မှုရှိတာကိုတွေ့ရတယ်လို့ Pfizer and BioNTech က ဆိုပါတယ်။ ကလေး ၂၀၀၀ ဦးကျော်ပါဝင်ခဲ့တဲ့ လေ့လာမှုအရ ဏ်ငဖနမ ကာကွယ်ဆေးက ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေအတွက် ဘေးကင်းစိတ်ချစွာသုံးနိုင်တဲ့အပြင် ကာကွယ် ဆေးထိုးထားတဲ့ကလေးတွေမှာ ဗိုင်း ရပ်စ်ကိုချေမူှုန်းတဲ့ ပဋိပစ္စည်းတုံ့ပြန်မှု အားကောင်းတာကိုလည်း တွေ့ရတယ် လို့ ဏ်ငဖနမ ကဆိုပါတယ်။ Pfizer ကာ ကွယ်ဆေးက အမေရိကန်နိုင်ငံရဲ့ အ ရွယ်ရောက်ပြီးသူတွေမှာ ထိုးနှံသုံးစွဲခွင့် ပြုတဲ့ ပထမဦးဆုံးကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးဖြစ်ပါတယ်။ နှစ်လုံးထိုးရတဲ့ ၎င်းတို့ရဲ့ကာကွယ်ဆေးနဲ့ပတ်သက် လို့ လေ့လာမှုတွေထပ်လုပ်ပြီးတဲ့နောက် […]