ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင်

ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင် အချိန်ဘယ်လောက် လမ်းလျှောက်ရမလဲ ? #နှလုံးရောဂါဆိုသည်မှာ။ နှလုံးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အခြေအနေ မျိုးစုံကို နှလုံးရောဂါ လို့ခေါ်ပါတယ်။ နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုကို ဦးဆောင်နေတဲ့ ရောဂါ ဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်လွှားက လူပေါင်း ၁၇.၉ သန်းခန့်က ဒီရောဂါကြောင့် သေဆုံးနေကြတယ်လို့ WHO မှ ထုတ်ပြန်ချက်အရ သိရပါတယ်။ကျန်းမာရေးနဲ့ညီညွတ်မှု မရှိတဲ့ အစားအစာစားတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အကျွံ သောက်တာတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်တာကို ဖြစ်ပေါ်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အေဂျင်စီက ထုတ်ဖော်ထားပါတယ်။သတင်းကောင်းတစ်ခုက နှလုံးရောဂါအများစုကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ ရောဂါကို ကာကွယ်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုက လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့် […]