မှတ်ဉာဏ်ဆိုတာဘာလဲ။ မှတ်ဉာဏ်ကောင်းအောင် ဘာလုပ်ရမလဲ

“က”ကနေ “အ”အထိ အလွယ်တကူ ရွတ်ဆိုပြနိုင်ပါသလား။ ကိုယ့်နာမည် ကိုယ် အလွယ်တကူ ချရေးနိုင်ပါသလား။ တူရိယာပစ္စည်းတွေကို ဂီတသင်္ကေတ အတိုင်း တီးခတ်နိုင်ပါသလား။ ဒါတွေအားလုံး ဘယ်လိုမှတ်မိနေတယ်၊ အာဂုံဆောင်ထားနိုင်တယ်လို့ သင် ပြန်ဖြေကောင်း ပြန်ဖြေပါလိမ့်မယ်။ ဒါပေမဲ့ ဒီအရာတွေကို သင် သင်ယူခဲ့လို့သာ သိ နေတာပါ။ ပြီးတော့ သင်ယူတယ်ဆိုရာမှာလည်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ် ရင်း သင်ယူခဲ့ရတာပါ။ စာမတတ်ခင်တုန်းက “က”ကနေ “အ”အထိ ရွတ်ရမှာ ခက်နေပေမယ့်၊ တူရိယာပစ္စည်းတွေကို မတီးတတ်ခင်တုန်းက ဂီတသင်္ကေတဖတ်ရ မှာ ခက်နေပေမယ့် အကျင့်လုပ်ပြီး မကြာခဏ ရွတ်ဆိုတီးခတ်တဲ့အခါ နောက်ပိုင်း မှာလွယ်ကူလာပြီး အလီဆိုရင်လည်း အာဂုံဆောင်နိုင်လာတာ၊ တူရိယာဆိုရင်လည်း အလိုလို တီးတတ်လာတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ဆိုတာ အကျင့်လုပ်ခြင်းအားဖြင့် သင်ယူရာမှ […]

ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ?

ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ? မနက်အိပ်ရာထခါစမှာ မျက်နှာအမ်းနေတာ ဒါမှမဟုတ် တစ်နေကုန် လမ်းလျှောက်အပြီး ခြေထောက်အမ်းနေတာက ပုံမှန် အခြေအနေ ဖြစ်ပေမဲ့ ဖောရောင်နေတာက ပြန်လျော့ကျ မသွားပဲ တစ်ချိန်လုံး ဖြစ်နေရင်တော့ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ #ဖောရောင်သည်ဆိုသည်မှာ။ ခန္ဓာကိုယ်တစ်သျူးအတွင်း အရည်တွေ စုဆောင်းမှု များလာတာကို ဖောရောင်တယ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်နဲ့ ခြေသလုံးနေရာတွေမှာ ဖောနေတတ်ပါတယ်။ မျက်နှာ၊ လက်နဲ့ ဝမ်းဗိုက် အပါအဝင် ခန္ဓာကိုယ်ရဲ့ တစ်ခြားနေရာတွေမှာလည်း ဖောရောင် နိုင်ပါတယ်။ #သင့်မှာဖောရောင်ခြင်းရှိနေနိုင်သောလက္ခဏာများ။ – ဖောရောင်တဲ့နေရာက အရွယ်အစား ကြီးမားလာခြင်း – ဖောရောင်တဲ့ […]

WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း

WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါကို ကမ္ဘာ့တစ်လွှားက တိုက်ထုတ်နေစဉ်မှာပဲ ကမ္ဘာ့နိုင်ငံအများအပြားကို ပျံ့နှံ့နေပြီ ဖြစ်တဲ့ မျောက်ကျောက်ရောဂါကို WHO က ယခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေလို့ သတ်မှတ်ပေးလိုက်ပါတယ်။ မျောက်ကျောက်ရောဂါက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် ဖြစ်ပြီး ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ Smallpox နဲ့ ဆင်တူပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးရဲ့ ဗဟိုဌာနရဲ့ အဆိုအရ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်ပြီလို့ သိရပါတယ်။ #မျောက်ကျောက်ရောဂါရဲ့လက္ခဏာ။ မျောက်ကျောက်ရောဂါက အဖြစ်များလာတာမို့ ရောဂါရဲ့လက္ခဏာတွေကို သိရှိရင် ရောဂါ မပျံ့ပွားအောင်ကာကွယ်နိုင်ပြီး အချိန်မီကုသနိုင်ပါလိမ့်တယ်။ ဒါပေမဲ့ ပြဿနာက ဒီရောဂါရဲ့ […]

ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင်

ကိုဗစ်ရောဂါ ဖြစ်ထားခဲ့ဘူးသူတွေ နှလုံးရောဂါ မဖြစ်အောင် အချိန်ဘယ်လောက် လမ်းလျှောက်ရမလဲ ? #နှလုံးရောဂါဆိုသည်မှာ။ နှလုံးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အခြေအနေ မျိုးစုံကို နှလုံးရောဂါ လို့ခေါ်ပါတယ်။ နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုကို ဦးဆောင်နေတဲ့ ရောဂါ ဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်လွှားက လူပေါင်း ၁၇.၉ သန်းခန့်က ဒီရောဂါကြောင့် သေဆုံးနေကြတယ်လို့ WHO မှ ထုတ်ပြန်ချက်အရ သိရပါတယ်။ကျန်းမာရေးနဲ့ညီညွတ်မှု မရှိတဲ့ အစားအစာစားတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အကျွံ သောက်တာတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်တာကို ဖြစ်ပေါ်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အေဂျင်စီက ထုတ်ဖော်ထားပါတယ်။သတင်းကောင်းတစ်ခုက နှလုံးရောဂါအများစုကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ ရောဂါကို ကာကွယ်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုက လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့် […]

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သူတွေ စားသင့်သော အစားအစာများ

ညအိပ်ရာဝင်စဉ်မှာ တော်ရုံနဲ့ အိပ်မပျော်လို့ မယ်လတိုနင် ဒါမှမဟုတ် အိပ်ဆေးသောက်အိပ်နေရပါသလား။ ကြက်အိပ်ကြက်နိုးလို ဖြစ်နေလို့ အိပ်ရေးမဝ ဖြစ်နေပါသလား။ ကိုဗစ်ကူးစက်နှုန်းများနေစဉ်မှာ မိမိရဲ့ ကိုယ်ခံအား ကောင်းမွန်နေဖို့ အိပ်ရေးဝအောင် အိပ်ရဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ဆေးမသောက်ပဲ အိပ်ရာပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်နိုင်ဖို့၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ အတွက် ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ် ပါဝင်တဲ့ အောက် ဖော်ပြပါ အစားအစာတွေကို စားသုံးရပါမယ်။ ဒီသတ္တုဓာတ်တွေက အိပ်စက်မှုကို ကောင်းမွန်စေတဲ့ ကိုယ်တွင်းမယ်လတိုနင်ထုတ်လုပ်မှုကို ကူညီနိုင်လို့ပါ။ ငှက်ပျောသီး သူ့မှာများစွာပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေက ကြွက်သားတင်းမာမှုနဲ့ အာရုံကြောကို ဖြေလျော့ပေးနိုင်တာကြောင့် အညောင်းပြေပြီး စိတ်တည်ငြိမ် အေးချမ်းမှုကို ရရှိ နိုင်ပါတယ်။သူ့မှာပါဝင်တဲ့ ဗီတာမင် B6 က Tryptophan ကို ဆီရိုတိုနင် […]

သိုင်းရွိုက်ရောဂါအတွက် တစ်မိနစ်အတွင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်သော နည်းလမ်း

သိုင်းရွိုက်ဂလင်းဆိုတာက သင့်လည်ပင်းရှေ့မှာရှိနေတဲ့ လိပ်ပြာပုံ သဏ္ဌာန် အကျိတ်ပါ။ သူက ခန္ဓာကိုယ်အတွက် အလွန်အရေးပါပြီး သိုင်းရွိုက် ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ဇီဝရုပ် ဖြစ်စဉ်၊ ကြီးထွားဖွံဖြိုးမှုနဲ့ ကိုယ်အပူချိန်ကို ညီညွတ်မျှတမှုရှိအောင် ထိန်းချုပ် ပေးပါတယ်။ ဒါ့အပြင် နှလုံးနဲ့အစာခြေစနစ်၊ ကြွက်သားသန်မာထွားကျိုင်းမှု၊ ဦး နှောက်ဖွံဖြိုးမှုနဲ့အရိုးသန်မာဖို့အတွက်ပါ ကူညီပေးပါတယ်။ သိုင်းရွိုက်ဂလင်းက အလုပ်လုပ်တာများလွန်းတာ ဒါမှမဟုတ် အလုပ် မလုပ်နိုင်တော့တာလိုမျိုး သိုင်းရွိုက်ရောဂါတွေကြောင့် အထက်ဖော်ပြပါ လုပ်ငန်း စဉ်တွေ ကမောက်ကမဖြစ်သွားနိုင်ပါတယ်။ သိုင်းရွိုက်ရောဂါထဲမှာ သိုင်းရွိုက်ကင်ဆာကလည်း အဖြစ်များတဲ့ပြဿနာ တစ်ခုဖြစ်နေတာကြောင့် ကင်ဆာ ရှိ မရှိ ကို မိမိဘာသာ အလွယ်တကူ စစ်ဆေး နိုင်တဲ့နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ရောဂါရှိမှန်းစောစောသိရင် ကုသလို့ ပျောက်ကင်းနိုင်တဲ့အတွက် ဖော်ပြပါရောဂါဖြစ်နိုင်ခြေများသူတွေက အိမ်မှာနေ ရင်း စစ်ဆေးကြည့်ကြပါလို့ […]

ဗိုင်းရပ်စ်ပိုးတွေက မျက်ကြည်နာ ဖြစ်နိုင်လား

မျက်ကြည်နာဖြစ်တယ်ဆိုတာ ဘယ်လိုအခြေအနေ တွေကို ခေါ်တာပါလဲ ဆရာ။ မျက်ကြည်နာဆိုတာ ဘာလဲဆိုတာ ကို ချုံ့ပြောရမယ်ဆိုရင် မျက်ကြည်လွှာ ပေါ်က Epithelium အလွှာလေးက ပွန်းပဲ့သွားပြီး နောက်ဆက်တွဲအနေနဲ့ ရောဂါပိုးတွေက ဝင်ရောက်လာကာ ပြည် တည်နာဖြစ်လာတာကိုမျက်ကြည် လွှာ (Cornea) မှာ ဖြစ်တဲ့အနာ (Ulcer) ဖြစ်လို့ မျက်ကြည်နာလို့ မြန်မာမှုပြု လိုက်ကြပါတယ်။ မျက်ကြည်နာ ဘာကြောင့်ဖြစ်ရတာလဲ ဆရာ။ မျက်ကြည်နာဖြစ်ဖို့ဆိုရင် အရင်ဆုံး ထိခိုက်ဒဏ်ရာ (Trauma) ရရမယ်။ ထိ ခိုက်ဒဏ်ရာရမှသာ Epithelium Defect ဖြစ်မှာပါ။ ပြီးရင် ပိုးဝင်ရမယ်။ ဒီအခြေအနေနှစ်ရပ်ဆုံသွားပြီဆိုတာနဲ့ မျက်ကြည်နာဖြစ်တတ်ပါတယ်။ မျက်ကြည်နာဖြစ်စေတဲ့ မျက်စိထိခိုက်မှုက ဘယ်လို အကြောင်းတွေကြောင့်ပါလဲ ဆရာ။ မျက်ကြည်လွှာက Injury ရရင် ထိခိုက်ဒဏ်ရာရတတ်တယ်။ Injury […]

မူလနေရာကနေ နောက်တစ်နေရာကို ကင်ဆာ ထပ်မပျံ့အောင် ဘယ်လိုဂရုစိုက်ရမလဲ

ကင်ဆာရောဂါဖြစ်မှာ လူတိုင်း ကြောက် ကြပါတယ်။ ရောဂါရှိတာကို စောစောစီး စီး သိလို့ ကုသမှု ခံယူထားသူဆိုရင်လည်း နောက်တစ်နေရာကို ထပ်ပျံ့သွားမှာ အ လွန်ပဲ ကြောက်ကြပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ဖို့ လိုအပ်ပါသလဲ ဆရာ။ ကင်ဆာဖြစ်တဲ့ မူလနေရာကနေ တခြားနေရာကို ကင်ဆာဆဲလ်တွေ မပျံ့ နှံ့အောင် ကင်ဆာအကျိတ်ကို ခွဲစိတ် ပြီးရင် ဓာတ်ရောင်ခြည်ပေးပါတယ်။ ရင် သားကင်ဆာမှာ ခွဲစိတ်ပြီးရင် ဓာတ်ရောင် ခြည်ပေးပါတယ်။ အဆုတ်ကင်ဆာမှာ လည်း ပေးဖို့ လိုအပ်ရင် ပေးပါတယ်။ အခုနောက်ပိုင်း အစာအိမ်ကင်ဆာ၊ စအို ကင်ဆာတွေပါ လိုအပ်ရင် ဓာတ်ရောင် ခြည်ပေးနိုင်နေပါပြီ။ >ခင်းချက်အနေနဲ့ အူမကြီးကင်ဆာမှာတော့ ဓာတ်ရောင် ခြည်ပေးဖို့ အဆင်မပြေတာကြောင့် မပေး ပါဘူး။ နောက်ပြီး ကီမိုဆေးသွင်းကု […]

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရာဂါကုသရေးအတွက် နေရာလုံလုံလောက်လောက် ပြင်ဆင်ထားပါသလား

၁၆-၉-၂၀၂၀ ရက်နေ့က ရန်ကုန် တိုင်း ဒေသကြီးအတွင်း Covid-19 ကာ ကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်း စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းတင်ပြ မှုများကို ပြန်လည်ရေးသားထားခြင်း ဖြစ်သည်။ ကုသမှုတွေမှာ ရန်ကုန်တိုင်းရဲ့အနေ အထားတွေကို ကူညီဖို့ဆိုပြီးတော့ သက် ဆိုင်ရာတိုင်းနဲ့ပြည်နယ်အသီးသီးက လည်း ရောက်ရှိနေပါတယ်။ မန္တလေး တိုင်းက အယောက်၂၀၊ မကွေးတိုင်းက ၂၀၊ ကယားပြည်နယ်က ၂၀၊ ဧရာဝတီက၂၀ ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ရန် ကုန်မှာရှိနေတဲ့ဆရာဝန်၊ ဆရာဝန်မတွေ ကို အင်အားဖြည့်ဖို့ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးကို ကျေးဇူးတင်ပါတယ်။ ဘာ လို့လဲဆိုတော့ ၁၀ ရက်နောက်ပိုင်း တောက်လျှောက်တက်လာတာကနေ ဒီ နေ့ နည်းနည်းလေးတန်းလာတာကို တွေ့ရပါတယ်။ […]

သတိထားစရာ ခံတွင်းကင်ဆာ

ခံတွင်းကင်ဆာဆိုတာ ဘယ်လိုအခြေအနေ မျိုးကို ခေါ်ပါသလဲ ဆရာ။ ခံတွင်းကင်ဆာဆိုတာ ပါးစပ်နဲ့ လည်မျိုတစ်လျှောက်မှာရှိနေတဲ့ တစ် သျှူးတွေမှာ ဖြစ်ပွားတဲ့ကင်ဆာရောဂါ အမျိုးအစားအားလုံးကိုခြုံငုံပြီး ခေါ်ဆို တာဖြစ်ပါတယ်။ များသောအားဖြင့် လျှာ၊ ပါးစပ်၊ နှုတ်ခမ်းတစ်သျှူးတို့က စတင်ဖြစ် ပွားလေ့ရှိပါတယ်။ ခံတွင်းကင်ဆာဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ခံတွင်းကင်ဆာက ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက် တာ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တာ စတဲ့အကြောင်းအရာတွေကြောင့် ဖြစ် စေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကွမ်းစားသူအရေ အတွက် အတော်များပါတယ်။ ကွမ်း စားတာက ခံတွင်းထဲက အစိတ်အပိုင်း တွေမှာရှိတဲ့ ဆဲလ်တွေတစ်သျှူးတွေ ကိုပျက်စီးစေပြီး ပါးစောင်ကင်ဆာ၊ လျှာ ကင်ဆာစတဲ့ ခံတွင်းကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဆေး လိပ်ငွေ့မှာပါဝင်တဲ့ အဆိပ်ဓာတ်တွေက အဆုတ်ကိုသာမက တခြားကိုယ်အင်္ဂါ […]