ဗိုင်းရပ်စ်ပိုးတွေက မျက်ကြည်နာ ဖြစ်နိုင်လား

မျက်ကြည်နာဖြစ်တယ်ဆိုတာ ဘယ်လိုအခြေအနေ တွေကို ခေါ်တာပါလဲ ဆရာ။ မျက်ကြည်နာဆိုတာ ဘာလဲဆိုတာ ကို ချုံ့ပြောရမယ်ဆိုရင် မျက်ကြည်လွှာ ပေါ်က Epithelium အလွှာလေးက ပွန်းပဲ့သွားပြီး နောက်ဆက်တွဲအနေနဲ့ ရောဂါပိုးတွေက ဝင်ရောက်လာကာ ပြည် တည်နာဖြစ်လာတာကိုမျက်ကြည် လွှာ (Cornea) မှာ ဖြစ်တဲ့အနာ (Ulcer) ဖြစ်လို့ မျက်ကြည်နာလို့ မြန်မာမှုပြု လိုက်ကြပါတယ်။ မျက်ကြည်နာ ဘာကြောင့်ဖြစ်ရတာလဲ ဆရာ။ မျက်ကြည်နာဖြစ်ဖို့ဆိုရင် အရင်ဆုံး ထိခိုက်ဒဏ်ရာ (Trauma) ရရမယ်။ ထိ ခိုက်ဒဏ်ရာရမှသာ Epithelium Defect ဖြစ်မှာပါ။ ပြီးရင် ပိုးဝင်ရမယ်။ ဒီအခြေအနေနှစ်ရပ်ဆုံသွားပြီဆိုတာနဲ့ မျက်ကြည်နာဖြစ်တတ်ပါတယ်။ မျက်ကြည်နာဖြစ်စေတဲ့ မျက်စိထိခိုက်မှုက ဘယ်လို အကြောင်းတွေကြောင့်ပါလဲ ဆရာ။ မျက်ကြည်လွှာက Injury ရရင် ထိခိုက်ဒဏ်ရာရတတ်တယ်။ Injury […]

မူလနေရာကနေ နောက်တစ်နေရာကို ကင်ဆာ ထပ်မပျံ့အောင် ဘယ်လိုဂရုစိုက်ရမလဲ

ကင်ဆာရောဂါဖြစ်မှာ လူတိုင်း ကြောက် ကြပါတယ်။ ရောဂါရှိတာကို စောစောစီး စီး သိလို့ ကုသမှု ခံယူထားသူဆိုရင်လည်း နောက်တစ်နေရာကို ထပ်ပျံ့သွားမှာ အ လွန်ပဲ ကြောက်ကြပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ဖို့ လိုအပ်ပါသလဲ ဆရာ။ ကင်ဆာဖြစ်တဲ့ မူလနေရာကနေ တခြားနေရာကို ကင်ဆာဆဲလ်တွေ မပျံ့ နှံ့အောင် ကင်ဆာအကျိတ်ကို ခွဲစိတ် ပြီးရင် ဓာတ်ရောင်ခြည်ပေးပါတယ်။ ရင် သားကင်ဆာမှာ ခွဲစိတ်ပြီးရင် ဓာတ်ရောင် ခြည်ပေးပါတယ်။ အဆုတ်ကင်ဆာမှာ လည်း ပေးဖို့ လိုအပ်ရင် ပေးပါတယ်။ အခုနောက်ပိုင်း အစာအိမ်ကင်ဆာ၊ စအို ကင်ဆာတွေပါ လိုအပ်ရင် ဓာတ်ရောင် ခြည်ပေးနိုင်နေပါပြီ။ >ခင်းချက်အနေနဲ့ အူမကြီးကင်ဆာမှာတော့ ဓာတ်ရောင် ခြည်ပေးဖို့ အဆင်မပြေတာကြောင့် မပေး ပါဘူး။ နောက်ပြီး ကီမိုဆေးသွင်းကု […]

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရာဂါကုသရေးအတွက် နေရာလုံလုံလောက်လောက် ပြင်ဆင်ထားပါသလား

၁၆-၉-၂၀၂၀ ရက်နေ့က ရန်ကုန် တိုင်း ဒေသကြီးအတွင်း Covid-19 ကာ ကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်း စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းတင်ပြ မှုများကို ပြန်လည်ရေးသားထားခြင်း ဖြစ်သည်။ ကုသမှုတွေမှာ ရန်ကုန်တိုင်းရဲ့အနေ အထားတွေကို ကူညီဖို့ဆိုပြီးတော့ သက် ဆိုင်ရာတိုင်းနဲ့ပြည်နယ်အသီးသီးက လည်း ရောက်ရှိနေပါတယ်။ မန္တလေး တိုင်းက အယောက်၂၀၊ မကွေးတိုင်းက ၂၀၊ ကယားပြည်နယ်က ၂၀၊ ဧရာဝတီက၂၀ ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ရန် ကုန်မှာရှိနေတဲ့ဆရာဝန်၊ ဆရာဝန်မတွေ ကို အင်အားဖြည့်ဖို့ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးကို ကျေးဇူးတင်ပါတယ်။ ဘာ လို့လဲဆိုတော့ ၁၀ ရက်နောက်ပိုင်း တောက်လျှောက်တက်လာတာကနေ ဒီ နေ့ နည်းနည်းလေးတန်းလာတာကို တွေ့ရပါတယ်။ […]

သတိထားစရာ ခံတွင်းကင်ဆာ

ခံတွင်းကင်ဆာဆိုတာ ဘယ်လိုအခြေအနေ မျိုးကို ခေါ်ပါသလဲ ဆရာ။ ခံတွင်းကင်ဆာဆိုတာ ပါးစပ်နဲ့ လည်မျိုတစ်လျှောက်မှာရှိနေတဲ့ တစ် သျှူးတွေမှာ ဖြစ်ပွားတဲ့ကင်ဆာရောဂါ အမျိုးအစားအားလုံးကိုခြုံငုံပြီး ခေါ်ဆို တာဖြစ်ပါတယ်။ များသောအားဖြင့် လျှာ၊ ပါးစပ်၊ နှုတ်ခမ်းတစ်သျှူးတို့က စတင်ဖြစ် ပွားလေ့ရှိပါတယ်။ ခံတွင်းကင်ဆာဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ခံတွင်းကင်ဆာက ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက် တာ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တာ စတဲ့အကြောင်းအရာတွေကြောင့် ဖြစ် စေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကွမ်းစားသူအရေ အတွက် အတော်များပါတယ်။ ကွမ်း စားတာက ခံတွင်းထဲက အစိတ်အပိုင်း တွေမှာရှိတဲ့ ဆဲလ်တွေတစ်သျှူးတွေ ကိုပျက်စီးစေပြီး ပါးစောင်ကင်ဆာ၊ လျှာ ကင်ဆာစတဲ့ ခံတွင်းကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဆေး လိပ်ငွေ့မှာပါဝင်တဲ့ အဆိပ်ဓာတ်တွေက အဆုတ်ကိုသာမက တခြားကိုယ်အင်္ဂါ […]

ဆေးကြောင့် ဓာတ်မတည့်ဖြစ်တဲ့အခါ အရေပြားမှာ ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်လဲ

သောက်သုံးလိုက်တဲ့ ဆေးဝါးတွေနဲ့ ဓာတ်မ တည့်မှုတွေဖြစ်တဲ့အခါ အရေပြားမှာ ဘယ် လိုလက္ခဏာမျိုးတွေ ဖြစ်ပွားတတ်ပါသလဲ ဆရာ။ ဆေးနဲ့ဓာတ်မတည့်တဲ့အခါမျိုးမှာ အရေပြားမှာ ဦးစွာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ကြတာ များပါတယ်။ မျိုးစုံပါပဲ။ အရေပြားမှာ ဘာအကွက်၊ ဘာအဖု၊ ဘာအပြင်မှ မပေါ်ဘဲနဲ့လည်း ယားချင် ယားလာတာမျိုးပါ။ များသောအားဖြင့် တော့ မိတ်လိုလို၊ ဝက်သက်ပေါက်တဲ့ အခါ ထွက်လာတဲ့အဖုအပြင်လိုလို ယားဖုတွေ ထွက်လာတတ်တာပါပဲ။ ဆေး ပညာမှာတော့ Morbilliform Rashes လို့ ခေါ်ပါတယ်။ ဝက်သက်နဲ့ ဆင်တူတဲ့ အဖုအပြင်တွေပေါ့။ အလွန်ယားပါတယ်။ တချို့ကျတော့ အင်ပျဉ်အကွက် တွေ အစုလိုက် အဝေးလိုက်ပေါ့။ သိပ် ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးမှာတော့ အရေပြားဟာ အတော်ကို ထိခိုက်ခံရပါ တယ်။ အပေါ်ယံ အရေခွံတွေ […]

တညင်းသီးနှင့် ကျန်းမာရေး

ဇီဝကတို့လို ပြည်သူလူထုတွေနဲ့ ရှေ့ဆုံးက ထိတွေ့နေရတဲ့ အထွေထွေရောဂါကု ဆရာဝန်တွေအတွက် ကွာရန် တင်းဝင်ရမယ့် သတ်မှတ်ချက်က ရေရေ ရာရာမသိတဲ့အတွက် ဇီဝကတစ်ယောက် လည်း တော်ရုံ လူနာသစ်တွေမကြည့်ဖြစ် တော့ဘဲ လူနာဟောင်းတွေအတွက် Tele-consultation နဲ့ ကုသမှုပေးဖို့ ဗီဒီယို call ခေါ်နိုင်တဲ့ ဆေးခန်းဖုန်းနံပါတ်တွေပေး ထားပြီး ကုသနေတာတောင် ရက်သတ္တ ပတ် အတော်ကြာခဲ့ပြီ။ တစ်နေ့ ဆီးချိုသွေး ချိုလူနာတစ်ယောက်အိမ်မှ ဖုန်းခေါ်လာ တယ်။ ဒေါ်ပြုံးသန်း ။ ။ ဆရာရေ ဒီနေ့ ရက် ချိန်းမို့ ခေါ်လိုက်တာပါ။ ဇီဝက ။ ။ ဆီးချိုဖောက်ထားတာ ကောင်းရဲ့လား ဒေါ်ပြုံးသန်း။ ဒေါ်ပြုံးသန်း ။ ။ ကောင်းပါတယ်ဆ ရာ။ မစားခင် မနက်စောစော […]

ပြန်လည်ကျန်းမာလာသော Covid-19 လူနာများ ဆေးရုံဆင်းခွင့်ရပြီးသည့်နောက် ရောဂါပိုးကူးစက်မှု ဖြစ်နိုင်သေးလား

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန က Covid-19 ဓာတ်ခွဲအတည်ပြု လူနာတွေကို ဆေးရုံဆင်းခွင့်သတ်မှတ်ချက် အနေနဲ့ ရောဂါလက္ခဏာစပြီး ပြတဲ့ရက် က ၁၀ ရက်နဲ့ ရောဂါလက္ခဏာ ပျောက် ကင်းပြီးနောက် ၄ ရက်အကြာမှာ ဖျား နာတာတွေနဲ့တခြားရောဂါလက္ခဏာ မရှိရင် သာမန် ဒါမှမဟုတ် အသင့်အတင့် ရောဂါ လက္ခဏာရှိသူတွေကို အတွင်း လူနာအဖြစ် အနည်းဆုံး ၁၄ ရက်ကြာ ထားရှိမှာဖြစ်ပြီး ပြင်းထန်တဲ့ ရောဂါ လက္ခဏာရှိတဲ့လူနာ ဒါမှမဟုတ် အသည်း အသန်လူနာတွေ ဒါမှမဟုတ် ကိုယ်ခံ အားကျဆင်းနေတဲ့ လူနာတွေကို အတွင်းလူနာအဖြစ် အနည်းဆုံး ၂၁ ရက် ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံကဆင်းခွင့်ပြုတဲ့အခါမှာလည်း နေအိမ် မှာ ၇ ရက် အသွားအလာ ကန့်သတ်နေထိုင်ရမှာ […]

Covid-19 ရောဂါပိုးရှိသူတွေနဲ့ ဆက်စပ်မိသူတွေကို ဆက်သွယ်တဲ့အခါ လိုလိုလားလား ပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလား

စက်တင်ဘာလ ၂ ရက်နေ့က Covid-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေဖော် ထုတ်ခြင်း၊ ကာကွယ်ထိန်းချုပ်ရေးစီမံ ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်း စုကြည်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တောင်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်စုမွန်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ယင်းဆွေးနွေး ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်ထားသည့် အချက်များနှင့် ပတ်သက်ပြီး ဒေါက်တာ သက်စုမွန်၏ ဆွေးနွေးချက်များကို ပြန် လည်ကောက်နုတ်ရေးသားထားခြင်း ဖြစ်ပါသည်။ Q : Covid-19 ရောဂါပိုးရှိသူတွေနဲ့ဆက်စပ် မိတဲ့သူတွေကို ရှာဖွေတဲ့အခါ ဘယ်လို ဆောင်ရွက်ရပါသလဲ။ A : Covid-19 ရောဂါက […]

နှာခေါင်းကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ

နှာခေါင်းကင်ဆာရောဂါက အဖြစ်များတဲ့ ရောဂါတစ်ခုပါလား ဆရာ။ နှာခေါင်းကင်ဆာရောဂါက အဖြစ် နည်းပါတယ်။ အဖြစ်နည်းတာကြောင့် အတွေ့အကြုံနည်းတဲ့ ဆရာဝန်တွေဆို လွတ်သွားနိုင်ပါတယ်။ နှာခေါင်းကင်ဆာ ရောဂါရဲ့ လက္ခဏာတွေက ရိုးရိုးနှာခေါင်း ရောဂါတွေမှာဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတတ်တာကြောင့်လည်း ရောဂါရှာ ဖွေဖော်ထုတ်ရာမှာ လွတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရိုးရိုးနှာခေါင်းရောဂါ တွေမှာဖြစ်တဲ့ နှာစေး၊ နှာပိတ်တာက အ ဖြစ်များတယ်။ နှာစေး၊ နှာပိတ်၊ နှာရည် ကျတာတွေက မဖြစ်ဖူးတဲ့သူ မရှိသလောက် ပါပဲ။ ဒါပေမဲ့ နှာခေါင်းကင်ဆာမှာ ထူး ခြားတဲ့ အချက်လေးတွေတော့ ရှိပါတယ်။ အဲဒါတွေကိုသတိမထားမိရင် လွတ်သွား တတ်ပါတယ်။ နှာခေါင်းကင်ဆာရောဂါ ဖြစ်နေတာကို ဘယ် လိုသိရှိနိုင်ပါသလဲဆရာ။ နှာခေါင်းပိတ်တာ ဆက်တိုက်ဖြစ် နေတယ်၊ ဆေးသောက်ပေမယ့် မသက် သာဘူး၊ နှာခေါင်းထဲက […]

အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ

လူတွေသတိမထားမိကြတဲ့ အိမ်တွင်း လေထုညစ်ညမ်းမှုတွေကြောင့် ရောဂါဝေ ဒနာတွေခံစားနိုင်ရတဲ့အတွက် အိမ်တွင်း သန့်ရှင်းရေးကလည်း ကျန်းမာရေးကောင်း မွန်စေဖို့ အဓိကကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုကိုဖြစ် စေတဲ့အကြောင်းရင်းကို သိပါရစေ။ အိမ်တွင်းလေဝင်လေထွက်စနစ် အားနည်းတာကြောင့် အိမ်တွင်းမှာ ခို အောင်းနေတဲ့ ၊ ကျန်းမာရေးနဲ့မညီညွတ် တဲ့လေကို ရှူမိရာကနေ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာတာဖြစ် ပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းရင်း တွေက ထင်း^မီးသွေးမီးဖိုတွေကို အသုံး ပြုပြီး အစားအသောက်ချက်ပြုတ်တာ၊ ဖယောင်းတိုင် အမွှေးတိုင် ခြင်ဆေးခွေ ထွန်းတာ၊ အိမ်တွင်းမှာ ဆေးလိပ်သောက် တာ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးအ မှင်တွေ၊ အညစ်အကြေးတွေနဲ့ ပတ်ဝန်း ကျင်က အမှိုက်တွေကို မီးရှို့တဲ့အခါထွက် လာတဲ့ မီးခိုးငွေ့တွေကြောင့် အိမ်တွင်း လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင် ထ မင်း၊ ဟင်းချက်ပြုတ်ဖို့ […]